အော် ဖုန်းလေးကိုင်ကာ စိတ်မပါတစ်ပါနဲ့
လျှပ်စစ်မီးရောင်အောက်မှာ ငေးကာတွေးကာ
ဘာတွေများရေးရမှာပါလိမ့် ။
တွေးမိတာကလည်း စိတ်မကောင်းစရာတွေမို့
လူလည်းပျော်မြူး မနေပါဘူးကွယ် ။
ကလောင်လက်ဟာ သွေးမှထက်ပြီး
အတွေးသွက်သွက်လည်း တွေးမှထွက်သတဲ့
ကိုယ့်ဖုန်း လက်လက်မှာတော့ အက်ရာလေးတွေနဲ့
ပျက်ခါတောင် နီးနေပြီလား ။
အတွေးကြောင်ကြောင်တွေနဲ့
ကီးဘုတ်လဲ အဆံချောင်ခဲ့ပြီ ။
စိတ်ကူးအဟုန်ကြာင့် ဘောပင်မင်ကုန်တွေလည်း
ထောင့်မှာပုံလို့။
အကြံတို့လဲ မဟန်တဲ့အဆုံးတော့
အိပ်ယာထဲဘဲ ဝင်ပုန်းတော့မယ်ကွယ် ။
MSC . 9
Photos credit; Google Image
@domelay (အတွေးမျှင်လေးများ)