အခြား အခြားသော အကြောင်းအရာများကို နား၍ ကျွှန်တော်နှင့် steemit တွေ့ခဲ့ပုံ အကြောင်းလေးကို တင်ဆက်ချင်ပါသေးသည် ။ ထိုအကြောင်းကို ဆွလိုက်သူမှာ ဒေါ်စုလှိုင် ဖြစ်ချေသည် ။ သူပြလိုက်တဲ့ Screen Shot လေးကနေ ရေးချင်စိတ်ပေါက်သွားတာပါ ။ နောက်တစ်ခုကတော့ စလုပ်စလေးမှာ vote နည်း comment နည်းလို့ဆိုပြီး အားငယ်သူတွေလဲ ရှိကြမှာပါ ။ ကိုယ်တိုင်ကလည်း ရေးစရာတွေ အများကြီး မတွေးတောတတ်ဖူးလေ ။ steemit ကို အစဆုံး သိခဲ့ရတဲ့ post ကတော့ ကိုဟင်နရီရဲ့ post ပေါ့ဗျာ ပြန် share ပေးတဲ့ ဆရာကတော့ nainglinnhtun ပါ ။ ဒီလိုနဲ့ 6/24/2017 မှာ steemit ကို စသိခဲ့ပါသည် ။ steemit ထဲတွင် ရောက်နှင့်ကြသူများကလည်း သိသလောက်ပြောပြပေးကြပါတယ် ။ အရင်ရောက်တယ်ဆိုတာကလည်း သိပ်မကွာကြသော ရက်ပိုင်းခန့်သာ ရှိကြပြီး ကိုဟင်နရီသာ ဝါရင့်သူ ရှိခဲ့သည် ။ အဲ့ဒီအချိန်က steemit ဆိုတာ ဘာရယ်လို့သေချာ မသိကြသေးတဲ့အချိန်ကို ။ ဒီတော့ အခက်အခဲများနှင့်ပေါ့ဗျာ ။ password အတွက်တော့ ကံကောင်းတယ် ပြောရမယ် လျှောက်ပြီး သိပ်မကြာခင် မိနစ်ပိုင်းအတွင်းမှာဘဲ ရလာခဲ့ပါသည် ။
Intro လေးရေးပါဆိုတော့ ရေးတော့ရေးလိုက်ပါတယ် ဒါပေမဲ့ကိုယ့်ဖာကိုယ်တောင် ဘာမန်းသေချာမသိခဲ့ပါ ။ မြန်မာလူမျိုးတွေကလည်း အရမ်းနည်းသေးသည် ။ ထို့ကြောင့် အင်္ဂလိပ်လို intro လေး မမှုတ်တတ်ပဲ မှုတ်လိုက်တယ် နှစ်ကြောင်းနဲ့ အပြီး ။
အဲ့သလို အစပိုင်းမှာ tag က ဘာတွဲရမန်းမသိ tag မပါဘဲလဲ post က တင်မရပါ ။ လူကလည်း အတဲ့နေရာ နှစ်ယောက်မရှိလေတော့ tag ကို domelay ဆိုပြီး တင်လိုက်တယ် ။ ပြီးတော့ မစုလှိုင်ပြခဲ့တဲ့ Screen Shot လေးထဲက အတိုင်းပါဘဲ ။
နောက်တော့ ကိုသက်ကိုဇော်တို့ ကိုဟင်တို့ရဲ့ chat group ထဲကိုရောက်လာတယ် ။ အဲ့ဒီအချိန်က sbd ဈေးကလဲ အရမ်းနည်းသေးတယ် ဒီလိုအရနည်းနေတဲ့အချိန် ခု လူတွေများမြင်ရင် ချင်ချင်းလှည့်ပြန်သွားလောက်ပါတယ် ။ အဲ့ဒီအချိန်က လှည့်ပြန်သွားသူတွေလည်း အများအပြား ရှိခဲ့ဖူးပါသည် ။ နောက်တော့ ထို chat group ထဲမှ တိတ်တိတ်လေး ထွက်ပြေးလာပါသည် ။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်စာတွေရေးရတဲ့နေရာမှာ ကျွှန်တော်ရေးလိုက်သော စာများသည် မကောင်းပါ ။ ထိုမကောင်းတာကို vote တစ်ခုထဲနဲ့ 1$ လောက်ရအောင် ကိုဟင်နရီ vote နိုင်ခဲ့ပါသည် ။ အခြားသူများလဲ ဝိုင်းဝန်း vote ကြပါသည် ။ ထို့ကြောင့် ပြန်ထွက်လာပါသည် ။ ကိုယ့်ဖာသာရေးမယ် တစ်ပြားမှမရရင် တစ်ပြားမှ မယူပါ ဆိုတဲ့အတွေးနဲ့ပါ ။ ရေးထားတာ မကောင်းတဲ့ post တစ်ခုနဲ့ သူများ ဖတ်ပြီး မကြိုက်ပဲ ပေးတဲ့ vote တစ်ခုကို မလိုချင်ခဲ့ပါ ။ အဲ့ဒီတုန်းက ပါနော် ( ခု မကြိုက်ပဲ vote လဲ စိတ်မဆိုးဘူးရယ်) ။ ဒါပေမဲ့ ကိုဟင်နရီဆိုသူ တစ်ခါတစ်လေ ကျွှန်တော့ steemit blog လေးကို မျက်စိလည် ရောက်လာတတ်ပါသေးသည် ။ တမင်သက်သက် tag ထဲကတွေ့ပြီးလာတာလဲ ဖြစ်မှာပါလေ ။
ပထမဆုံး 1$ကျော်ကျော်လေး ရတဲ့ post မှာ အတော် ပျော်ခဲ့ဖူးပါသည် ။ အဲ့ဒီ အချိန်က sbd 1$ ကို 1 usd ပင် မပြည့်ဘူး ထင်ပါတယ် ။ သိပ်အကွာကြီးတော့ မဟုတ်ပါဘူး ။ ယခုကဲ့သို့ promotion ဆိုတာ မကြားဖူးခဲ့တဲ့ အဲ့ဒီအချိန်က စိတ်တွက်နှင့်ပင် steem power 100 ရဖို့ တစ်နှစ်ခန့်ပင် လုတ်ရမည်ဟု ထင်
မြင်မိတဲ့ အချိန်ခါလေးပေါ့ဗျာ ။
နောက်တစ်ပိုင်း ဆက်ပါဦးမယ်နော် ။
MSC . 9
Photos credit; Google Image
@domelay (အတွေးမျှင်လေးများ)