Steemit သည် တစိမ်းများအားဆုံတွေ့စေခဲ့သည်တဲ့ ။ ထိုအတိုင်းဘဲ ထင်မိပါသည် ။ English လို ရေးထားတဲ့ post လေးဖြစ်တာကြောင့်ရယ် ကိုယ်လဲ English လို မတတ်တာကြောင့်ရယ် သိပ်တော့ မဖတ်ဖြစ်လိုက်ပါဘူး ။ သူတို့က india ကထင်ပါတယ် ။ သူတို့ Steemit က အဖွဲ့တွေတွေ့ကြတာပါ ။ ပျော်တော့ပျော်စရာပါဘဲ ဖတ်တတ်ရင် တော်တော် အဆင်ပြေမှာ ဘာလို့လဲဆိုတော့ အဲ့တာလေးဖတ်ပြီး တွေးမိတွေးရာ တွေးတာပေါ့ ။ ပြန်ဖတ်ဖို့ကျလဲ ရှာလို့မတွေ့နိုင်တော့ဘူးလေ ။ မတွေ့နိုင်တော့ ထားပါလေ ပြောချင်တာက သူတို့အကြောင်းမှ မဟုတ်တာ ။ ကိုယ်တွေးမိတာ ပြောမှာကို နော့ ။
Steemit သည် သူစိမ်းများအား ရင်းနီးစေခဲ့ပါတယ် ။ ကျွန်တော်တို့ အရင်က သိတောင်မသိ မကြားဖူးခဲ့သူများ ၊ စာပေ၀ါသနာရှင်များ ၊ စာပေပညာရှင်များ ၊ Online မှ ပညာရှင်များ အစရှိသဖြင့် မိတ်ဆွေပေါင်းများစွာ တိုးပွားလာပါသည် ။ အသစ်ရခဲ့သော မိတ်ဆွေများ အများအပြား ရှိသလို တစ်ဦးနှင့်တစ်ဦးလည်း ဖေးမကြသည် ။ မိတ်ဆွေကောင်းများ များစွာ ရရှိခဲ့ပါသည် ။ အခြားသူများလည်း ထိုကဲ့သို့ ရရှိကြလိမ့်မည် ထင်ပါသည် ။ Facebook သုံးခဲ့သည် သို့သော် facebook တွင် ထိုသို့ အသိမိတ်ဆွေများ မရရှိခဲ့သလောက်ပါ ။
ထို့ပြင် Steemit တွင် အတူရှိနေခဲ့သည်မှာ Chat box နှင့် Blog ထဲတွင်သာများပါသည် ။ ထို့ကြောင့် myanmar Steemit အနေဖြင့် ဆုံတွေ့နိုင်စေရန် အကိုဒုန်တို့ စီစဉ်မည်ကို ကြားသိရသောအခါ ၀မ်းမြောက်မိပါသည် ။ ထိုသို့တွေ့ဆုံနိုင်ရန် ကျွန်တော်တို့လဲ ပါဝင်ကုညီပါဦးမည် ။ ကျွန်တော်တို့ တစ်နေရာရာသို့ သွားရင်း ထိုနေရာတွင်ရှိသော Steemit မိတ်ဆွေများနှင့် တွေ့ဆုံဖြစ်ခဲ့ပါသေးသည် ။ ပထမ ဆရာတင်နှင့် တွေ့ဆုံခဲ့ပြီး နောက် ကိုအတာ ကိုသက်နှင့် ပြည့်စုံခင်ခင်တို့နှင့် တွေ့ဖူးခဲ့ပါသည် ။ ကိုသက်ဆိုသူကတော့ အတော်များများနှင့်တွေ့ဖူးပါလိမ့်မည် ။
MSC တို့ တွေ့ဆုံကြမည့် အချိန်အားမျော်လင့်ရင်း
MSC . 9
Photos credit; Google Image
@domelay (အတွေးမျှင်လေးများ)