Steemit မှာ ကျွန်တော်တို့ အသုံးများတာက Steemconnect ကို အသုံးများကြပါတယ် ။ ယခု နောက်ထပ်တစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ ။ မိတ်ဆက်ပါရစေဟု ဆိုသော်လည်း အစိမ်းသက်သက် ကြီးများတော့ မဟုတ်လောက်ပါ ။ Steem keychain ဟု ဆိုလျှင် နေရာ အတော်များများတွင် မြင်တွေ့နေကျ ဖြစ်သဖြင့် မစိမ်းလောက်ကြပါ ။ Steemconnect နှင့် အသားကျနေသည့် အတွက်တော့ Steemconnect ကို ပိုသုံးဖြစ်ကြပါလိမ့်မည် ။
နောက်ပိုင်းတွင်တော့ Steem keychain အသုံးပိုများလာလိမ့်မည်ဟု ထင်ပါသည် ။ Steem keychain တွင်လည်း အားသာချက်များ ရှိလေသည် ။ Steem keychain သုံးမည်ဆိုပါက extension ထည့်ဖို့လိုပါလိမ့်မည် ။ https://chrome.google.com/webstore/detail/steem-keychain/lkcjlnjfpbikmcmbachjpdbijejflpcm?hl=en သို့သွားရောက် ပြီး ရယူနိုင်ပါသည် ။ ထို့နောက် posting key များ active key များဖြင့် login ဝင်၍ သုံးနိုင်ပါပြီ ။ ပထမဆုံး keychain password ပြုလုပ်ပြီး log in ဝင်သုံးနိုင်ပါပြီ ။
အကယ်၍ steem များ လွဲခြင်း အစရှိသည်တို့ကို keychain မှ ဆောင်ရွှက်လိုပါက active key ဖြင့် ဝင်ရောက်ထားရန် လိုအပ်ပါသည် ။ keychain တွင် မိမိ steemit acc အား ကြည့်ရှု စီမံနိုင်သကဲ့သို့ steem-engine တွင် ရှိသော tokin များကိုလည်း အခြားတစ်ယောက်ထံပို့ခြင်း အစရှိသဖြင့် ပြုလုပ်နိုင်ပါသေးသည် ။
လောလောဆယ်ဆယ်တော့ ဒါလေးက ကျွန်တော်သိသလောက်လေး ဖြစ်ပါတယ် ခင်ဗျာ ။
MSC - 9
@domelay (အတွေးမျှင်လေးများ)