ယမန်နေ့က USD$ 0.90 ဝန်းကျင်တွင်ရှိနေခဲ့သော steem ဈေးမှာ Bittrex ဈေးကွက် အတွင်း၌ ယနေ့နံနက် တွင် အမြင့်ဆုံး ဈေးအဖြစ် USD$ 1.02 အထိ တက်သွားခဲ့ပါသည်။ BTC နှင့် အမြင့် Coin များ ဖြစ်သော ETH , EOS တို့ အဝယ်လိုက်လာခြင်း နှင့်အတူ အခြားသော coin ငယ်များလည်း ဈေးတက်သွားခဲ့ပါသည်။
Steem ဈေးမှာ ၂၄ နာရီ ဝယ်ရောင်း ပမာဏ အများဆုံး အဖြစ် Bithumb တွင် ဒေါ်လာ ၁ သန်းကျော် ၊ Upbit တွင် ဒေါ်လာ ၇ သိန်းကျော် ၊ Binance တွင် ဒေါ်လာ ၅ သိန်းခန့်နှင့် Bittrex နှင့် Huobi တို့တွင် ဒေါ်လာ ၂ သိန်း ကျော် ဖြင့် အသီးသီး ရှိခဲ့ကြပါသည်။ နောက် ၂၄ နာရီ အတွက် ခန့်မှန်ချက် အနေဖြင့် steem မှာ USD $ 1 အထက်တွင်ရှိရန် ရုန်းကန်နေရအုံးမည် ဟု ခန့်မှန်းရပါသည်။
ဈေးကွက် အသီးသီးတွင် steem ဝယ်လိုအား မှာ ရောင်းလို အားထက် ၁/၃ ကွာဟလက်ရှိပါသည်။ steem အနေဖြင့် coin ဈေးကစားသူတို့ ၏ စိတ်ဝင်စားမှု တဖြေးဖြေး လျော့နည်းလာရကာ လက်ရှိ အချိန်တွင် coinmarketcap ၏ အဆင့် ၃၆ နေရာသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။
ယမန်နေ့က USD $1 ဈေးရှိခဲ့သော SBD မှာ ဌင်း၏ ဈေးကွက်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါသည်။ Bittrex ဈေးကွက်တွင် ၂၄ နာရီအတွင်း SBD ဝယ်ရောင်းပမာဏမှာ ဒေါ်လာ ၁ သိန်းကျော်ရှိခဲ့၍ ကိုးရီးယာ ဝမ်ဖြင့် ရောင်းဝယ်သော Upbit ဈေးကွက်တွင် ဒေါ်လာ ၇ သိန်းကျော် ဝန်းကျင်ရှိခဲ့ပါသည်။
နောက် ၂၄ နာရီ အတွက် SBD ဈေးခန့်မှန်းချက်မှာ USD $1 ဈေးအား ဆက်လက်ထိန်းထားနိုင်မည်ဟု ခန့်မှန်းရပါသည်။ Bittrex ဈေးကွက် အတွင်း SBD ဝယ်ရောင်း ပမာဏမှာ အများ ဆုံး SBD700 အထိသာရှိခဲ့၍ သာမန်အားဖြင့် SBD ဆယ်ဂဏန်း သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။
MSC-Exchange