Steem နှင့် SBD ဈေးမှာ ယမန်နေ့က ခန့်မှန်းခဲ့သည့် အတိုင်း USD $ 2.9 ခန့်သာ အမြင့် ဆုံး ရှိနေရာမှ ယနေ့ နံနက်တွင် Steem ဈေး မှာ USD $ 3.03 အထိ တက်သွားခဲ့ပါသည်။ Steem သည် ယမန်နေ့က အနိမ့်ဆုံး အနေဖြင့် USD $ 2.74 အထိသာ ကျဆင်းသွားခဲ့ပါသည်။
ဤသည်မှာ ဈေးကွက် တွင် ခိုင်မာလာသည့် သဘောဖြစ်၍ လက်ရှိ အချိန်တွင် Bittrex ဈေးကွက် အတွင်း ၌ Steem အား USD $3.03 ဖြင့် ရောင်းဝယ်နေကြပါသည်။ coinmarket တခုလုံး အနေဖြင့်လည်း အခြားသော coin များ ပြန်လည် ဦးမော့ လာပြီ ဖြစ်ရာ ယနေ့အတွက် Steem ဈေးမှာလည်း အတက် ဘက်တွင် ရှိမည်ဟု ခန့်မှန်းရပါသည်။
SBD ဈေးမှာလည်း Steem ၏ နောက်မှ ၁၀ ပြားခန့် ကွာ၍ ထပ်ကြပ်မကွာလိုက်ပါလျက်ရှိပါသည်။ SBD အနေဖြင့် ယမန်နေ့က အနိမ့်ဆုံး ဈေးအဖြစ် USD $2.62 တွင် ရှိနေခဲ့ ပြီး အမြင့်ဆုံး ဈေး အနေဖြင့် USD $ 2.98 အထိ ရောက်ရှိသွားခဲ့ပါသည်။ SBD သည် လွန်ခဲ့ သည့် ၂၄ နာရီ အတွင်း USD $3 အထိ မရောက်ရှိခဲ့သော်လည်း ယနေ့ ဈေးကွက် အနေအထား အရ USD $3 အထက်သို့ တက်လာနိုင်မည့် အနေအထားရှိနေပါသည်။လက်ရှိအချိန်တွက် SBD ဈေးအား Bittrex ဈေးကွက် အတွင်း ၌ USD $2.95 ဖြင့် ဝယ်ရောင်းလျက်ရှိပါသည်။
နောက် ၂၄ နာရီအတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ Steem အနေဖြင့် USD $ 2.9 အောက် ကျမသွား နိုင်ပါဟု ခန့်မှန်းရပါသည်။ Steem အနေဖြင့် USD $ 2.9 နှင့် $3.10 ကြားတွင် ဈေးကစား နေလိမ့်မည်ဟု ခန့်မှန်းရပါသည်။ SBD အနေဖြင့် နောက် ၂၄ နာရီအတွင်း USD $3 ခန့်တွင်သာ ရှိလိမ့်မည်ဟု ခန့်မှန်းရပါသည်။
Coinmarket တခုလုံးနှင့် ခြုံကြည့်လျင် Steem အနေဖြင့် ဈေးတက် လာနေပြီ ဖြစ်သော်လည်း ဈေးကွက် တွင် ဝယ်သူများစိတ်ဝင်စားမှု အဆင့် ၃၁ တွင်သာ ရှိနေပါသေးသည်။ အထူး သိထားရန် လိုသည်မှာ Steem & SBD မှာ ပုံ မှန် စည်းချက် အတိုင်း၎ ရက်တကြိမ်ခန့် ၃၀ % ခန့်ဖြင့် တဖြေးဖြေး ဈေးတက်လျက်ရှိပါသည်။