မင်္ဂလာပါ။ ကျွန်တော်တို့ ဧပြီလအစောပိုင်းမှ စတင်ခဲ့သော MSC Exchange သည် အကြောင်းအမျိုးမျိုး ကြောင့် ပိတ်သိမ်းလိုက်ရကြောင်း MSC members များအား အသိပေးလိုပါသည်။ MSC members တို့ အား Steem နှင့် SBD မြန်မာငွေကျပ်ဖြင့် ဝယ်ရောင်း မှုလွယ်ကူ စေရန်အတွက် Exchange site ဖွင့်ထားပေးခဲ့သော်လည်း လက်ရှိမြန်မာပြည် ၏ တည်ဆဲဥပဒေ အရ တရားဝင် ငွေကြေး လှဲလှယ် ခွင့် လိုင်စင် မရှိသောကြောင့် ဤ Exchange site အား ပိတ်သိမ်းလိုက်ရခြင်း ဖြစ်ပါသည်။ သို့ သော် @exchange.msc မှ နေစဉ် Steem & SBD ဈေးအတက်အကျများကိုတော့ ပုံမှန် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ထို့ အတူ coinmarket အတွင်းရှိ ကောင်းနိုးရာရာ coin များ၏ ဈေးကွက် အတက်အကျများအားလည်း ဖေါ်ပြပေးသွားပါမည်။
၁၇ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ
ယမန်နေ့က USD $1.65 တွင် ဈေးငြိမ်နေခဲ့သော Steem သည် Bittrex ဈေးကွက် အတွင်း၌ လွန်ခဲ့သော ၂၄ နာရီ အတွင်းဝယ်ရောင်း ပမာဏ ဒေါ်လာ ၁ သိန်းကျော်ခန့်သာရှိ၍ လက်ရှိအချိန်တွင် USD$1.65 ဝန်းကျင်ဖြင့် ဝယ်ရောင်း နေကြပြီ ဖြစ်ပါသည်။ လက်ရှိ Steem ဈေးကွက် အား USTD ဖြင့် ရောင်းဝယ်သော Huobi ဈေးကွက်မှ ၁၈ % ထိန်းချုပ်ထားပြီ Steem အနေဖြင့် coinmarket cap ၏ အဆင့် ၃၃ နေရာတွင် ရောက်ရှိနေပါသည်။
ယမန်နေ့က USD $ 1.25 အထိကျဆင်းသွားခဲ့သော SBD သည် Bittrex ဈေးကွက် အတွင်း၌ ယခုလ၏ အနိမ့်ဆုံး ဖြစ်သော ဝယ်ရောင်းပမာဏဒေါ်လာ ၂ သောင်း ကျော်သာရှိခဲ့ကာ လက်ရှိ အချိန်တွင် SBD မှာ USD $ 1.30 ဝန်းကျင်တွင် ဈေးငြိမ်လျက်ရှိနေပါသည်။ SBD ဈေးအနေဖြင့် HitBTC ဈေးကွက်တွင် USD $26 အထိ အတက်ပြနေပြီ ဖြစ်သော်လည်း Deposit သွင်းမရဟု သိရပါသည်။
နာက် ၂၄ နာရီ အတွက် Steem & SBD ဈေး ခန့်မှန်းချက်မှာ ဈေးများ တန့်နေနိုင်ပါသည်။ Steem အနေဖြင့် USD $ 1.60 ဝန်းကျင်နှင့် SBD အနေဖြင့် USD $ 1.30 ဝန်ကျင်တွင်သာ ရှိနေအုံးမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း သွားနိုင်ပါသည်။
MSC- Exchange