အခုကျွန်တော်ရေးမည့်အကြောင်းအရာက ပြီးခဲ့တဲ့အပတ်ကကျွန်တော် ရေးခဲ့တဲ့ အကြောင်းအရာရဲ့အဆက်လို့ပြောလည်းရပါတယ်။ ကျွန်တော်တို့ တွေဟာ အထူးသဖြင့် လူငယ် ၊ လူရွယ်ပိုင်းတွေပေါ့။ လူရယ်လို့ဖြစ်လာပြီ ဆိုတာနဲ့ ဘဝသက်တမ်းတလျှောက်ကို ကိုယ် ကိုယ်တိုင် လျှောက်ရမှာပါပဲ။ အဲ့ဒီအခါမှာ တခြားလူတွေကြားထဲမှာ ကိုယ်ဘဝ ရှင်သန်ဖို့ရာ ကိုယ့်ဘဝ ကိုယ် ဖန်တီးရမှာပါ။ ဘဝတစ်လျှောက် ကိုယ်ဘေးပတ်ဝန်းကျင်မှာ ရန်သူတွေလည်း အများကြီးပါ။ အဲ့ဒီရန်သူတွေနဲ့ကြုံတဲ့အခါမှာ တိုက်ခိုက်ဖို့ လက်နက် တစ်ခု သို့မဟုတ် တစ်ခုထက်မက ရှိမှဖြစ်မှာပါ။ အဲ့ဒီမှာပြောချင်တာက ကိုယ့်ရဲ့လက်နက် ဆိုတာ ဘယ်လိုမျိုးလဲဆိုတာပါပဲ။
စစ်ပွဲတစ်ပွဲမှာ လက်နက်တစ်ခုရှိတဲ့သူထက် လက်နက်နှစ်ခုရှိတဲ့သူက သာပါတယ်။ အဲ့ဒီလိုပဲ လက်နက်ပိုများတဲ့သူက ပိုသာလာမှာပါ။ ဒါက ကျွန်တော်တို့ လောကုတ္တရာရေးရာမှာပါ။ ကဲ ဘယ်လိုမျိုးပါလဲ။ " ပညာ" ဆိုတဲ့လက်နက်ပါ။
ကျွန်တော်တို့ရဲ့ ဂေါတမ ဘုရားရှင် ကိုယ်တိုင်ဟောထားပါတယ်။ "ပထမအရွယ်မှာ ပညာရှာ ၊ ဒုတိယ အရွယ်မှာ စီးပွားရှာ၊ တတိယအရွယ်မှာ တရားရှာ" တဲ့။
အဲ့ဒီတော့ ကျွန်တော်တို့တစ်တွေ စဉ်းစားကြည့်ရအောင်။ ရိုးရိုးရှင်းရှင်းလေး ပဲစဉ်းစားကြည့်ပါ။ ပထမအရွယ်မှာ ပညာ ရှာထားမှ ဒုတိယအရွယ် စီးပွားရှာတဲ့အခါမှာ အဲ့ဒီ ရှာထားတဲ့ ပညာက အထောက်အပံ့ဖြစ်မှာပါ။ အော် ...တတိယ အရွယ်လည်းရောက်ရော တရားရှာပြီ ဆိုရင် ဒုတိယအရွယ်မှာ ကိုယ်ရှာထားတဲ့ ဥစ္စာပစ္စည်းတွေရဲ့ အထောက်အပံနဲ့ မပူမပင် တရားရှာနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍များ ပထမအရွယ်မှာ ပညာမရှာခဲ့ဘူးဆိုရင် ဒုတိယအရွယ်မှာ ဥစ္စာပစ္စည်းရှာဖွေဖို့ရာ သိပ်ခက်ခဲရပါတယ်။ တတိယအရွယ် လည်းရောက်ရော ကိုယ့်မှာ စုမိဆောင်းမိတာမရှိတဲ့အတွက် စားဝတ်နေရေးအတွက်ပူပန်နေရတုန်းပဲမဟုတ်လားဗျာ။ အဲ့ဒီတော့ဘယ်လိုတရားရှာနိုင်တော့မှာလဲ။
ဒီတော့ ကျွန်တော်တို့တစ်တွေဟာ လူ့ဘောင်အတွင်း လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွင်း မှာ ပညာတတ်တဲ့သူတွေနဲ့ ပညာမတတ်တဲ့သူတွေ အများကြီးကွာခြားတာကိုလည်း အားလုံးသိကြမှာပါ။ ဥပမာ တစ်ခုပြောပါရစေ၊
ယနေ့ခေတ်မှာ ကျွန်တော်တို့တွေ သတင်းစာတွေ ၊ နောက် Social Media တွေဖြစ်တဲ့ Facebook တို့ Twitter တို့ LinkedIn တို့ တွေမှာ အလုပ်ခေါ်စာတွေ အမြဲတမ်းတွေ့ရပါတယ်။ အဲ့ဒီမှာ ဘာကိုသတိထားမိလဲဆိုတော့ တစ်ချို့အလုပ်ခေါ်စာတွေဟာ အရမ်းရိုးရိုးရှင်းရှင်းလေးတွေပါ။ ဒီတော့သူတို့ရဲ့ ပေးမည့် လစာကလည်း အရမ်းကို နည်းလွန်းပါတယ်။ တစ်ချို့အလုပ်ခေါ်စာတွေကျတော့ ဘာ Certificate ရှိရမယ်၊ ဘာတွေတက်ရမယ် ညာတွေတက်ရမယ် နဲ့ လစာ ကောင်းကောင်းပေးပြီးခေါ်ပါတယ်။ ဒီတော့ ကျွန်တော်အစောပိုင်းကပြောသလို ဘဝတက်လမ်းအတွက် အလုပ်လုပ်ကျတဲ့အခါမှာ ပညာတက်တဲ့သူနဲ့ ပညာမတက်တဲ့သူ အရမ်းကွာခြားပါတယ်။ ငယ်ရွယ်စဉ်မှာ ပညာရှာထားမှ စီးပွားရှာတဲ့အခါ အဆင်ပြေမှာပါ။
အဲ့ဒီပညာရှာတယ်ဆိုတဲ့အခါမှာလည်း ရောင့်ရဲတင်းတိမ်နေဖို့မလိုပါဘူး။
ဥပမာဆိုပါစို့၊ ဘွဲ့ရထားတဲ့သူတစ်ယောက်ဟာ ငါတော့ ဘွဲ့ရသွားပြီ ၊ လုံလောက်သွားပြီ ဆိုပြီး ရပ်နေလို့မရပါဘူး။ သူဟာ သူများထက်သာအောင် တခြားသင်တန်းတွေ တက်ပြီး ပညာထပ်ရှာဖို့လိုပါတယ်။ ဒါမှ စီးပွားရှာတဲ့အခါ အထောက်အပံ့ ကောင်းကောင်းရမှာပါ။ နောက်တစ်ခု ကျွန်တော်ဆိုလိုချင်တာက ပညာဆိုတာ လက်နက်တစ်ခု လို့ သတ်မှတ်ထားရင် အဲ့ဒီလက်နက်ကို အမြဲတမ်း သွေးနေသင့်ပါတယ်။ ဒါမှ အဲ့ဒီလက်နက်ဟာသံချေးမတက်မှာပါ။ ဒါအပြင် အဲ့ဒီလက်နက်ကို ပိုပြီးကောင်းအောင် Upgrade လုပ်ရမှာပါ။ ပညာဆိုတာလည်း အဲ့ဒီသဘောပါပဲ။ အမြဲတမ်း Upgrade လုပ်နေမှ သင့်တော်မှာပါ။ ဒီနေ့ခေတ်မှာဆို ပိုပြီးပြိုင်ဆိုင်မှုများတဲ့အတွက် ပညာနဲ့ပတ်သတ်ရင် ကိုယ်ကရှေ့က ရောက်နေမှ တက်ထားမှ တော်ကာကျမှာပါ။
နောက်တစ်ခုက ပညာဆိုတဲ့နေရာမှာ ဘွဲ့ရမှ မဟုတ်ပါဘူး။ ကိုယ့်မှာ လက်မှု့ ပညာဖြစ်ဖြစ် တစ်ခုခုမှာတက်ကျွမ်းရင် အဲ့ဒါဟာလည်း ပညာပါပဲ။ အကောင်းဆုံး ဥပမာ က ဘွဲ့ရမှ စီးပွားရှာလို့ရမယ် ဆိုရင် ကမ္ဘာကျော် ဘောလုံးသမားတွေဖြစ်တဲ့ David Beckham တို့ Christiano Ronaldo တို့ Leonal Messi တို့
ငတ်နေတာကြာပေါ့ဗျာ။
နိဂုံချုပ်အနေနဲ့ ဘဝကိုဆက်လျှောက်လှမ်းဖို့ရာ လက်နက်စုံပြီလား လို့ မေးရင်း နိဂုံးချုပ်အပ်ပါတယ်။
.....
.....
Photo Credit by Google Image
.....
MSC-238
@generalpyone