အပိုင်း - ၂
ဒီလိုမျိုး ကျန်စစ်သားရဲ့ အတွေးအာရုံကိုဖမ်းစားထားတဲ့ မင်းသမီး မဏိစန္ဒာဟာလည်း ကျန်စစ်သားကို ကြားဖူးတာကြာပြီဖြစ်ပေမည့် ဒီလို စစ်ရေးပြပွဲရောက်မှသာ မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ဒါကြောင့် မဏိစန္ဒာကလည်း မင်းသမီး တစ်ပါးဖြစ်တဲ့အတွက် ရာဇအိနြေ္ဒကိုထိန်းကာ မျက်လုံးကပဲ ကြည့်နေခဲ့ပါတယ်။ အဲ့လိုမျိုး ကြည့်နေတဲ့အချိန်မှာပဲ မျက်ဝန်းချင်းဆုံပြီး ကြိုက်ခဲ့ကြတယ် လို့ လည်းတစ်ချို့သော စာပေတွေမှာဖော်ပြခဲ့ကြပါတယ်။ ဒါကလည်းဖြစ်နိုင်ချေရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ထိုစဉ်အခါက ယောကျာ်းများဟာ သူရသတ္တိနဲ့ ပြည့်စုံကြတယ်လို့ ဖတ်ဖူးတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် စစ်သူကြီးဖြစ်တဲ့ ကျန်စစ်သား အနေနဲ့ ဒီလိုအချက်တွေနဲ့ပြည့်စုံတယ်ဆိုတာ အထွေအထူးမေးစရာ မလိုလောက်ဘူးလို့ယူဆပါတယ်။
သို့သော် ကျန်စစ်သား အနေနဲ့က ဥသာ ကိုလာရချင်း ရည်ရွယ်ချက်ကမဏိစန္နာမင်းသမီးကို ကြိုက်လို့လာရချင်းမဟုတ်ဘဲ တာဝန် အရ ဂျွမ်းစစ်သည်တွေကို တိုက်ထုတ်ဖို့ လာရခြင်း ဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားရတဲ့အတွက် အချစ်ရေးကို ဦးစားမပေးခဲ့ပါဘူး။ ဒီလိုနဲ့ ကျန်စစ်သားတို့ စစ်သူကြီး လေးယောက်ထဲ ကို ပုဂံစစ်တပ်က လွှတ်လိုက်တယ်ထင်ပြီး ဂျွမ်းစစ်သည်တွေဟာ ပိုအထင်သေးခဲ့ကြပါတယ်။ ကျန်စစ်သားရဲ့ ပရိရာယ်ကလည်း ဒီအချက်ကိုလိုချင်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ တိုက်ပွဲ စတဲ့အခါမှာတော့ ဂျွမ်းစစ်သည်တွေအတွက်မမျှော်လင့်တဲ့ အဖြစ်ကို ကြုံခဲ့ရပါတယ်။ ဒါကတော့ ကျန်စစ်သားရဲ့ ဥသာလာတဲ့လမ်းမှာ နောက်ချန်ထားခဲ့တဲ့ ပုဂံစစ်သားတွေရဲ့ တိုက်ခိုက်မှု့ပြဲဖစ်ပါတယ်။
တိုက်ပွဲပိုကြာလာတာနဲ့အမျှ ဂျွမ်းစစ်သည်တွေဟာ ဖရိုဖရဲနဲ့ အသက်လုထွက်ပြေးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပုဂံစစ်သည်တွေဟာ စစ်ရေးမှာ သူမတူအောင် လေ့ကျင့်ထားတဲ့အတွက် တိုက်ပွဲအတွေ့အကြုံမှာ ဂျွမ်းစစ်သည်တွေအတွက် သာတယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ ဂျွမ်းစစ်သည်တွေကို အောင်မြင်ပြီးတဲ့နောက်မှာတော့ ဥသာဘုရင်ဟာ ကျန်စစ်သားဦးဆောင်တဲ့ ပုဂံစစ်သည်တွေကို အစားအသောက်နဲ့တည်ခင်းဧည့်ခံပါတော့တယ်။ အဲ့ဒီပွဲမှာလည်း ကျန်စစ်သားရဲ့စိတ်ဟာ မင်းသမီး မဏိစန္ဒာ ရဲ့အပေါ်မှာပဲ တိမ်းညွှတ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ကျန်စစ်သားဦးဆောင်တဲ့ပုဂံစစ်တပ်ကြီးဟာ ဥသာကနေပုဂံကို ပြန်ရမည့်ရက်နီးလာပါရော။ အဲ့ဒီအခါမှာ ဥသာဘုရင်ဟာ ကျန်စစ်သားကိုရှေ့တော်ကိုခေါ်တော်မူပါတယ်။ အကြောင်းအရင်းကတော့ ဂျွမ်းစစ်သည်တွေကို အနိုင်တိုက်ထုတ်နိုင်ခဲ့တဲ့ စစ်ပွဲမှာ ပုဂံဘုရင် အနုရုဒ္ဓါ ရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်တဲ့အတွက် လက်ဆောင်ပဏ္ဏာတွေပေးအပ်ပါတယ်။ ကျန်စစ်သားကလည်း ဒီလိုပေးမယ်ဆိုတာကို သိထားပြီးသားဖြစ်တဲ့အတွက် ထူးဆန်းမှုအချင်းအရာကို မပြသခဲ့ပါဘူး။ အားလုံးပေးလို့ ပြီးလောက်ပြီထင်တဲ့အချိန်မှာတော့ ဥသာ ဘုရင်က အထူးအစီအစဉ်တစ်ခုကို ပြုလုပ်ထားတဲ့အကြောင်းကျန်စစ်သားကိုပြောပါတယ်။ ပုဂံပြည့်ရှင် အနုရုဒ္ဓါ ဘုရင် ရဲ့ကျေးဇူးကိုဆပ်သောအားဖြင့် သမီးတော် မင်းသမီး မဏိစန္ဒာနဲ့ လက်ဆက်ပေးဖို့အတွက် ပါပဲ။
ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာလေးက ကျန်စစ်သားဟာ အထူးအစီအစဉ်လို့ ကြားလိုက်ကတည်းက နည်းနည်းတော့တွေးပူမိမယ် ထင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထိုခေတ် ထိုအခါက စစ်ပွဲတစ်ပွဲမှာ မဟာမိတ်အဖြစ် သမီးတော် ၊ သားတော် တို့ကို လက်ဆက်တဲ့ဓလေ့ ရှိလို့ပါပဲ။ နောက်တစ်ခုကတော့ ဥသာဘုရင် အနေနဲ့ ပုဂံပြည် နှင့်သာ မဟာမိတ် ဖွဲ့ထားခဲ့လျှင် ပြည်ပရန်ကို စိုးရိန်စရာမလိုတော့ဘူးလို့ ယူဆခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း သမီးတော် မဏိစန္ဒာ ကို ပုဂံပြည့်ရှင် အနော်ရထာ နဲ့ လက်ဆက်ပေးဖို့ဆုံးဖြတ်ခဲ့တယ်လို့ ယူဆမိပါတယ်။
အဲ့ဒီလိုမျိုး သတင်းကြားပြီးတဲ့အခါမှာတော့ ကျန်စစ်သားဟာ အခြေအနေ အရပ်ရပ်ကို ရိပ်စားမိခဲ့ပါတယ်။ သူမပိုင်ဆိုင်ရတော့တဲ့ အရာတစ်ခုကို ပေးဆပ်ရတော့မယ် ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ယောကျာ်းတစ်ယောက်ရဲ့ မာနကို ရင်ထဲမှာပဲ မြိုသိပ်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း မေးခွန်းထုတ်နေမိမယ် ထင်ပါတယ်။ ဘယ်လောက်ထိ မြိုသိပ်နိုင်စွမ်းရှိမလဲ ဆိုတာကိုပေါ့။ဒါကြောင့်လည်း အချစ်ဆိုတာ ပေးဆပ်ခြင်း လို့ ဖြစ်ပေါ်လာတယ်ထင်ပါရဲ့။
...
...Photo credit by Google Image
...Reference book by ချစ်ဦးညို (အိုဘယ့်အနော်ရထာ)
...
...@generalpyone
MSC- 238
...
...အပိုင်း (၃) ကို ဆက်လက် စောင့်မျှော်ပေးကြပါဦး