တစ်သက်မှာတစ်ခါကြုံ တက္ကသိုလ် ကျောင်းသားဘဝ အဖုံဖုံ ...အပိုင်း (၁၈) ဇာတ်သိမ်းပိုင်းကို နောက်တစ်ခေါက်မှ ဆက်ရေးပါမယ်။
....
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အလုပ်ထဲမှ နိုင်ငံခြားသားနှစ်ယောက်က ပဲခူးကို လာလည်တော့ ဘုရားတွေဘာတွေလိုက်ပို့ရင်းနဲ့ ပဲခူးမြို့ရဲ့ ကမ္ဘောဇသာဒီနန်းတော်ကို ရောက်ဖြစ်တယ်။ အဲ့ဒီမှာ ထူးထူးခြားခြားဘာကိုတွေ့လဲဆိုတော့ ထိုင်းမင်းသမီးရဲ့ ရုပ်ထုကို တွေ့မိတော့ သွားလေ့လာမိတယ်။ မေးကြည့်တော့ အရင်ကတည်းကရှိတာ ထုတ်မပြတာပါတဲ့။ ခုနောက်ပိုင်း ထိုင်းလူမျိုးတွေက တွေ့ချင်ပါတယ်ဆိုလို့သာ ထုတ်ပြထားတာပါတဲ့။ ကျွန်တော်လည်းမရောက်ဖြစ်တာကြာတော့ မသိဘူးဗျ။ကြာဆို တော်တော်ကြပြီဗျ။ အဲ့ဒီလိုနဲ့ ဓာတ်ပုံရိုက်ခဲ့တယ်ပေါ့။ ထားပါတော့လေ။ ပြောချင်တာက တစ်ချို့တွေ သိကောင်းသိမှာပါ။ အဲ့ဒီအကြောင်းကိုလေ။ ကျွန်တော်လည်းသိသလောက် အကျဉ်းချုံးရေးပါရစေ။
အဲ့ဒီမင်းသမီးနာမည်က ဆုပန်ကလျာ တဲ့။
ဒုတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင် မင်းတရားကြီး (ဆင်ဖြူရှင်မင်းတရားကြီး) လက်ထက်မှာ ယိုးဒယားလို့ခေါ်တဲ့ ထိုင်း တွေဟာ မြန်မာနိုင်ငံကို ကျူးကျော်တယ်။ အဲ့ဒီအခါမှာ ဘုရင့်နောင် မင်းတရားကြီးဟာ ယိုးဒယားတွေကို တိုက်ထုတ်အောင်မြင်ခဲ့ပါတယ်။ နောက်ဆုံး ယိုးဒယားကိုပါ တက်သိမ်းခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ယိုးဒယားဘုရင် ဟာ သမီးတော် ဆုပန်ကလျာ ကို ဘုရင့်နောင် မင်းတရားကြီးဆီကို ဆက်သခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားကြီးဟာ ပြည်တော်ပြန်ရောက်တဲ့အခါ ဆုပန်ကလျာကို မိဖုရားမြှောက်ပြီး ယိုးဒယား လူမျိုးတွေရဲ့စိတ်ကို ဖြေသိမ့်ကာ ကျေနပ်စေတော်မူခဲ့ပါတယ်။ ဒီတော့ ယိုးဒယား လူမျိုးတွေဟာ ဘုရင့်နောင် မင်းတရားကြီးကို အမျက်မထွက်ဘဲ ချစ်ခင်ခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်နိုင်မင်းတပါးအနေနဲ့ သုံ့ပန်းလို့ ပြောလို့ရတဲ့ သူတို့ရဲ့ ယိုးဒယားမင်းသမီးကို အိမ်နိမ့်စံ အနေနဲ့ မထားဘဲ မိဖုရားမြှောက်ပြီး ချီးမြှောက်တော်မူတဲ့အတွက် အရမ်းကို ဝမ်းသာ အာရ ကျေနပ်ကျပါတယ်။ ဘုရင့်နောင် မင်းတရားကြီး အနေနဲ့လည်း ထို ယိုးဒယားမင်းသမီး ဆုပန်ကလျာ ကို ချစ်မြတ်နိုးတော်မူတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ဘုရင့်နောင် မင်းတရားကြီး ကွယ်လွန်တဲ့အခါမှာ မင်းတရားကြီးဟာ ထို ဆုပန်ကလျာ မင်းသမီး နဲ့တစ်ထပ်တည်း တူတဲ့ ထိုမင်းသမီးရဲ့ ကိုယ်အလေးချိန်နဲ့ တစ်ထပ်တည်းရှိတဲ့ ရွှေတွေနဲ့ မင်းသမီးရုပ်ထု ကို ထုလုပ်ပြီး သူနဲ့အတူ မြေမြှပ်ခဲ့တယ်လို့ စာပေတွေမှာတွေ့ရပါတယ်။ ဒီလောက်ပါပဲ။
ဘုရင့်နောင်မင်းတရားကြီးဟာ နန်းတော်ကို ဟံသာဝတီ လို့ခေါ်တဲ့ ပဲခူး မှာ ပြောင်းရွေ့ပြီး နန်းစံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီနန်းတော်ကိုပေါ်တူဂီ လူမျိုး ငဇင်ကာ ဟာ ရှိသမျှ ကျောက်မျက်ရတနာတွေယူပြီး မီးလောင်တိုက်သွင်းခဲ့တဲ့အတွက်ကြောင့် အခုဆိုရင် ပြန်လည်တည်ဆောက်ထားတဲ့နန်းတော်ကိုသာ တွေ့မြင်နိုင်တာပါ။
ကျွန်တော်တို့နိုင်ငံကို လာလည်ကျတဲ့ နိုင်ငံခြားသားတွေ ထဲမှာ ထိုင်းလူမျိုးတွေဟာ မ်ြမာပြည် ရောက်ရင် ပဲခူးက ကမ္ဘောဇသာဒီနန်းတော်ကို မဖြစ်မနေလာကြပါတယ်။ ပထမတော့ ကိုယ်လည်းမသိဘူး။ နောက်ပိုင်းမှာ သိရတာက အဲ့ဒီ မှာ သူတို့ရဲ့ မင်းသမီး ဆုပန်ကလျာ ရဲ့ ရုပ်အလောင်း နဲ့ ရွှေစင်ရုပ်တု ကို လာရှာကြတာ ရယ် လာပြီး ဂါရဝပြုကြတာရယ် ဖြစ်တယ်တဲ့။ ဒါကလည်း သူများတွေပြောပြလို့ သိရတာပါ။ မှန်မမှန်တော့မသိပါဘူး။
....
ပဲခူး ကို ဘုရင့်နောင် မင်းတရားကြီးလက်ထက်မှာ ဟံသာဝတီ
အနော်ရထာမင်းလက်ထက်မှာ ဥသာ လို့ခေါ်ပါတယ် ။ ပဲခူး ကတော့နောက်ပိုင်းမှဖြစ်တည်လာတာပါ။ နောက်ကြုံကြိုက်တဲ့အခါများမှာ ဥသာ အကြောင်းရေးပါဦးမယ်။ အားပေးကြပါဦး။
...
photo by My phone
....
.....MSC No-238
@generalpyone