Steemit မှာ ပိုစ့်အတင်ကြဲတာနဲ့ ပတ်သတ်လို့  မိမိဖတ်ဖူးသော အရာလေးတောင် သတိရမိသည်။ ဘာကြောင့်ပိုစ့်အတင်ကြဲသွားလ၊ဲ steem ဈေးများကျလို့ ၊ vote မရလို့  စာရေးပျင်းလို့  စသည့်အကြောင်းမျိုးစုံဖြင့် ပိုစ့်များ အတင်နည်းသွားကြသည် ။ထိုအထဲတွင် မိမိလည်း ပါပါသည် ။ ထို့ ကြောင့် တစ်ရက်ကို ပိုစ့်တစ်ခုတော့ ရေးဖြစ်အောင် ကြိုးစားမည်ဟု တွေးထားသည်။ ရုန်းရကန်ရမှ ဘဝလို့  ခေါ်သလို မိမိတို့ လည်း နေ့ စဉ်စာရေးဖို့  အားထုတ်နေမှသာ နောက်ဆို စာရေးဖြစ်မည်ထင်ပါသည် ။
ဂျပန်နိုင်ငံက ငါးဖမ်းလှေများသည် ငါးများဖမ်းပြီးရက်ကြာကြာရေခဲစိမ် ထားသောအခါ ငါများကတောင့်တင်းအေးစက်နေသောကြောင့် သိပ်ပြီးမလတ်ဆတ်ဟူ၍ မဝယ်ကျပေ ။ထိုအခါ ငါးများကို ရေစည်ပိုင်းနှင့် ထည့်လို့  ငါးများဖမ်းလာသော်လည်း ငါးများမှာ အသက်ရှင်နေပါလည်း ရေထဲမှာ မကူးမခတ်ဘဲ မလှုပ်မယှက်နေသောကြောင့် မလတ်ဆတ်ဟုဆိုကာ ဈေးသိပ်မရပြန်ပေ ။ဒီတော့ ငါးဖမ်းသမားများလည်း ရေစည်ပိုင်းထဲတွင် ငါးမန်းသေးလေးတွေ ထည့်ထားကြပြန်သည့် ငါးများမှာ အသက်ဘေးကြောင့် လှုပ်ရှားကူးခတ်နေကြရသည်။ ထိုအခါမှ ငါးများလတ်ဆတ်သည်ဟုဆိုကာ ဈေးကွက်ဝင်ကာ ရောင်းကောင်းလေသည် ။
ထို့ အတူပဲ မိမိတို့  ဘဝတွင်လည်း တော်ပါပြီ။ ဆိုသော စိတ်ဖြင့် ကြိုးစားရုန်းကန်မှုများ မရှိသောအခါ သိပ်ပြီးတော့ အရာမဝင်တော့ပေ။ စာရေးလည်း ဘာမှ မရတော့တာ ဈေးလည်းကျနေတာ pro ရက်မှ ရေးတော့မယ်ကွာ ဆိုပြီး ရပ်တန့် နေလျှင် လက်ရည်များကျနိုင်သည်။ နောက်ဆုံး စာရေးချင်စိတ်ပါပျောက်သွားနိုင်သည်။ ငါးမန်းကဲ့သို့ သော မိမိ၏ စိတ်ဆန္ဒကို ပြင်းထန်အောင် လေ့ကျင့်ထားသင့်သည်။ စာမရေးရလျှင် မဖြစ်ဘူး ။တစ်နေ့  တစ်ပုဒ်တော့ရေးမှဖြစ်မယ် ဆိုပြီး နေ့ စဉ်မပြတ်ရေးနေလျှင် အရေးအသားလည်း ထက်မြက်လာမည် ။ပရိတ်သတ်များလည်း များပြားလာမည် နောက်ဆုံးမိမိ၏ အရည်အချင်းကို အများက အသိအမှတ်ပြုလာလိမ့်မည်သာ ထို့ ကြောင့် ဘဝတစ်ခုရလာလျှင် ရုန်းရကန်ရမည်သာ ပျင်းရိနေပါက ဘဝဟုမခေါ်နိုင်ပေ ။ထို့ ကြောင့် စာများရေးကြပါ ရသည် မရသည်ထက် မိမိအတွေး မိမိအရေးများကို မိတ်ဆွေများအား မျှဝေပါဟု. . . . .