Photo by me
နေပြည်တော်ကို အလည်အပတ်ရောက်ခဲ့တုန်းကပေါ့.......
ဦးသိန်းစိန်တည်ထားတဲ့ ဘုရား ''မဟာသကျရံ ရုပ်ရှင်တော်မြတ်ကြီး'' ကို ဖူးမြော်ခွင့်ရခဲ့ပါတယ်။
ကျွန်မတို့ရောက်သွားတာက နေ့လယ် ဆယ့်တစ်နာရီလောက်
နေပူကျဲကျဲအချိန် မှာ ရောက်သွားတာပါ။
ထိုကဲ့သို့ နေ့လယ်ရောက်သွားတာပဲ ကံကောင်းတယ်ပြောရမလားပဲ။
ဘုရားဆွမ်းတော်ကပ်ချိန်နဲ့ ကြုံခဲ့ရလို့လေ။
တကယ့်သက်တော်ထင်ရှားဘုရားသခင်ကို ဆွမ်းကပ်သလိုမျိုး သေသေချာချာ ကျကျနန ဆွမ်းကပ်ကြတာကို တွေ့မြင်ရတော့ ပီတိဖြစ်မိပါတယ်။
ထမင်းစားပွဲပေါ်မှာ ထမင်းပူပူ ဟင်းပူပူလေးတွေကပ်ပြီး အမျိုးသမီးငါးဦးက ဘုရားဆွမ်းတော်ကပ်ဂါထာကိုရွတ်ဆိုပြီး ဆွမ်းကပ်ကြတာပါ။
အပြင်မှာ နေပူပေမယ့် အထဲမှာတော့ လေတဖြူးဖြူးတိုက်ပြီး အင်မတန်နေလို့ထိုင်လို့ကောင်းပါတယ်။
အဲ....အဲ့ဒီမှာ နောက်ထပ်ထူးဆန်းတာဆိုလို့ နှစ်ပေါင်း ရှစ်ဆယ်သက်တမ်းရှိတဲ့ ပညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။
(ထိုပညောင်ပင်ကြီးအကြောင်းကို သီးသန့်ရေးသားပြီး ဖြစ်ပါသည်။)
ခရီးသွားအတွေ့အကြုံများကို ဆက်လက်ဖော်ပြပေးပါမည်။
Thank you,
@honeysara
MSC-040