အလောင်းတော်ကဿပမှ အပြန်တွင် တောင်ပေါ်
ကားလမ်းမှာ အအေးပတ်၍ ကျွန်တော် အန်ရ
သေးသည်။ အေးလိုက်သည့် မဟာမြိုင်တော
ညအိပ်ရာမှာလည်းအေး၊ အပြန်မနက် ကားစီးရာမှာလည်းအေး အတော်ကိုအေးလှပါသည်။ ကျွန်တော်
ကအအေးကြောက်သူမို့ ပိုအေးခြင်းဖြစ်နေမလား
ပေါ့။ အခြားအဖော်များကလည်း အလွန်အေးသည်ဟု ပြောကြသည်။ တောင်ပေါ် လမ်းမှာ ကားအတွင်း
ဝင်လာသည့် လေအေးများက ပိုဆိုးသည်။ အပြန်
လမ်းတလျှောက် နှင်းပေါက် နှင်းစက်များက
တဖြောက်ဖြောက် မြင်မြင်ရာဝိုးတဝါး။
အလောင်းတော်ကဿပမှ မနက် ၇း၂၂ နာရီ
ထွက်ခွာချိန်ပင် နေရောင်က အတော်ကြာမှ
တွေ့ရသည်။ ကနီနယ် မြေသားဖုန်တောလမ်းမှ
ယင်းမာပင်နယ် မြေသားဖုန်လမ်းသို့ ဆက်လက်
ထွက်ခဲ့ကြသည်။ ကားဆရာက အလောင်းတော်ကဿပမှ ဖိုလ်ဝင်တောင်သို့ ဖြတ်လမ်းမှမောင်း
သည်။ သူ့ရဲ့ ဖြတ်လမ်းသည် ဖုန်လမ်းပင်ဖြစ်ပြီး
အလောင်းတော်ကဿပ သွားသည့်ဖုန်လမ်းထက်ပင်
ဆိုးပေ့ ဖုန်ပေါပေတော့သည်။ လမ်းတလျှောက်
ဖုန်အလုံးလိုက် လှိမ့်ဝင်ကြသည်။ ဖုန်ဒဏ်
မခံနိုင်၍ ကတ္တရာလမ်းသို့ မြန်မြန်ရောက်ပါ
တော့ဟု ဆုတောင်းမိတော့သည်။
အလောင်းတော်ကဿပ မှာအေးခဲ့သမျှ ဖိုလ်ဝင်
တောင်မှာ နွေးပါလေတော့သည်။ တောင်ခြေ၌
ကားရပ်ထား၍ တောင်ပေါ် သို့တက်ကြသည်။
တောင်တက်ရာလမ်းတွင် မျောက်စာရောင်းသူထံမှ
မျောက်စာဝယ်ယူကြသည်။ မျောက်စာမှာ
ခရမ်းချဉ်သီး၊ သခွားမွှေးသီးနှင့် ငှက်ပျောသီးများ
ဖြစ်သည်။ မျောက်တို့က ယနေ့တွင် အစာကျွေးသူ
များ၍လား မသိပါ အစာကျွေးရာတွင် သူတို့အား
ခေါ်ပြီးကျွေးရသည်။ အစာကို အိနြေ္ဒရစွာ
စားကြသည်။ ဖိုလ်ဝင်တောင်သို့တက်ရာတွင်
အသွားတစ်လမ်း၊ အပြန်တစ်လမ်းပြုလုပ်ပေး
ထားသည်။
ဖိုလ်ဝင်တောင်အား ဖိုးဝိုင်းတောင်၊ ဦးဖိုးဝင်း
တောင်ဟူ၍ အမျိုးမျိုးခေါ်ကြသည်။
မောင်ဖိုးဝိုင်းနှင့် မသင်းကြိုင် ဥစ္စာစောင့်လင်မယား
ကစောင့်၍ ဖိုးဝိုင်းတောင်ဟုလည်းခေါ်သည်။
ဖိုလ်ဝင်တောင်တွင် ကျောက်သားများကို
ထွင်းထုထါးသည့် လက်ရာများစွာကိုတွေ့မြင်
ရသည်။ ဘုရားရုပ်ပွားတော်များကို ကျောက်
ဂူများအတွင်း ထုထားသည်ကိုများစွာတွေ့ရှိရ
သည်။ တောင်ပေါ် တက်ရာလမ်းကြောင်း
တလျှောက်တွင် ကျောက်သားလှေခါးများကို
နင်း၍ တက်ရသည်။
ဖိုလ်ဝင်တောင်သည် မန္တလေးတောင်လောက်
မမြင့်ပေ။ ကျောက်လှေကားများကိုနင်းကာ
ပြေပြစ်စွာတက်ရသည်။ ဖိုလ်ဝင်တောင်သည်
ကျောက်သတ္တာကြီးမှောက်ထားသကဲ့သို့
ပုံသဏ္ဍာန်ရှိသည်ဟု ဖတ်ရှုမှတ်သားရသည်။
ဖိုလ်ဝင်တောင်တက်ရာ လမ်းတလျှောက်
ကျောက်ထွင်းထုထားသည့်လက်ရာများကို
တမေ့တမောငေးရင်း ဖူးရင်းဖြင့် တောင်တက်
ရသည်မှာ မောပန်းမှုမရှိပေ။
တောင်ပေါ် ဂူဘုရားများကိုနောက်ခံပြု၍ အပြိုင်
အဆိုင် ဖုန်းများဖြင့်ဓာတ်ပုံရိုက်ကြသည်။
ဟိုတစ်ယောက်ကရိုက်ပေးပါ ဒီတစ်ယောက်က
ရိုက်ပေးပါဖြင့် ဓာတ်ဖမ်းသမား ကျွန်တော်မှာ
လက်မလည်ပါ။ ဖိုလ်ဝင်တောင်သည် သမိုင်း
အထောက်အထားများ တွေ့ရှိမှုမရှိသေးဟုသိရ
သည်။ ကျောက်ဂူဘုရားများ၏ ကျောက်သား
များမှာ မဲတစ်ချို့  ဖြူတစ်ချို့ ဆန့်ကျင်ဖက်
အရောင်ဖြင့် ကြည့်ရသူကို စွဲဆောင်မှုတစ်ခု
ဖြစ်စေသည်။
ဖိုလ်ဝင်တောင်နှင့် မျက်နှာချင်းဆိုင် ရွှေဘတောင်ရှိသည်။ ရွှေဘတောင်အား အချိန်မရ၍ တက်ရောက်မှုမရှိခဲ့ပါ။ အိမ်ရောက်မှ အမေ့အားမေးကြည့်မိ
သည်။ အမေ ဖိုလ်ဝင်တောင်တက်ဖူးလား မေးရာ
တွင် တစ်ခါတက်ဖူးသည်။ အမေ့ညီမ မင်္ဂလာဆောင်အပြီး သွားရောက်တက်ကြခြင်းဖြစ်သည်။
ရွှေဘတောင်ရောတက်ခဲ့လားအမေ။ အမေက
စာမတတ်တော့ မသိဘူး ရွှေဘတောင်လို့လဲ
မကြားဖူးဘူး။ အခုမှ အမေ့ကြားဖူးတာ ဟု
အမေကပြောပြသည်။ ကျွန်တော်အမေ့က
အရာတော်နယ် ဝါးတန်းရွာသူဖြစ်သည်။
ကဲ...Steemit က မိတ်ဆွေများရော
အားလပ်ရက်များမှာ ဘယ်တွေသွားခဲ့ကြလဲ
ဘယ်လိုတွေ ဓာတ်ပုံမှတ်တမ်းများ
ရိုက်ခဲ့ကြသလဲဆိုတာ ပိုစ့်တင် ရေးသားဖို့
သတိပေးနှိုးဆော်လိုက်ပါသည် ခင်ဗျား....။