ဘယ်လောက်ပင် ချမ်းသာသာ ကံကြမ္မာတစ်ခါရိုက်စာပဲရှိပါတယ်။ဘယ်လောက်ပင်ဆင်းရဲဆင်းရဲ ကံကြမ္မာတစ်ခါရိုက်စရာပဲရှိပါတယ်။ဒါပေမဲ့ ဘဝမှာ ကံကြမ္မာ ဘယ်နှခါရိုက်မလဲ ဘယ်သူမှမသိနိုင်ဘူးလေ။ ဘယ်အချိန်မှာရိုက်မလဲ ဘယ်နှခါရိုက်မလဲ မသိတဲ့ကံကြမ္မာကို တောင်ခံနိုင်တဲ့ အတွက် ကိုယ့်ကိုကိုယ် ကြံခိုင်မှု စိတ်ဓါတ် ခွန်အားနဲ့ ဇွဲလုံ့လ ပဲကိုယ်အပ်ပါတယ်။လမ်းလျှောက်တတ်ခါကချော်လဲရင် မိဘတွေက ကိုယ့်ကိုယ်ကို ပြန်ထနိုင်အောင် သင်ပေးကျတယ်။ကျွန်တော်တို့ကြီးလာလို့အရွယ်ရောက်လာတဲ့အခါ ကံကြမ္မာရိုက်ခိုက်မှုကြောင့် နာကျင်ပြီး ပြန်ထဖို့မေ့နေတတ်ကျတယ်။ဘဝမှာလဲ ယခုလက်ရှိအချိန်ထိ ကျွန်တော့်ကို ကံကြမ္မာတစ်ခါရိုက်ခဲ့တယ်။
credit image source
ကျွန်တော့်အမေက ကျောင်းဆရာမ အဖေက စစ်သား ပေါ့ဗျာ။အာ့ခောတ်တုန်းက အစိုးရလစာ စစ်သားလစာ ၁သောင်း ဆရာမလစာ ၁သောင်း နှစ်ယောက်လစာပေါင်းမှ ၂သောင်းပဲရသည်။အဖေဘက်ကအမွေရထားတဲ့အိမ်ရှိတော့ နေဖို့အတွက်ကမပူရတော့ဘူး။စားဖို့သောက်ဖို့အတွက်ပဲ ရှာရတာပေါ့ဗျာ။
ကျွန်တော်တို့က ညီအကိုနှစ်ယောက်ရှိတယ်။ကျွန်တော်တို့ငယ်တုန်းက တော့အဆင်ပြေတယ်ဗျ။ကျွန်တော်တို့ကြီးလာတော့ ကျောင်းစရိတ်တွေ ကျူရှင်စရိတ်တွေလဲ များလာတယ်။ ကိုကိုက ဆယ်တန်းအောင်တော့ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်တော့ အမေတို့က ဆေးကျောင်းထားမယ်ဆိုပြီး ထားပါလေရော ။အာ့အချိန်မှာ ကျွန်တော်တို့မိသားစု စားဝတ်နေရေး စတင်ကျပ်တည်းလာပါသည်။
ရတဲ့လစာက ၂ယောက်ပေါင်းမှ ၂သောင်းလောက် ကိုကြီးဆေးကျောင်းတက်ဖို့အတွက် ၁သောင်းခွဲက လတိုင်းပေးရသည်။အာ့တာတောင်ကိုကြီးက ချွေချွေတာတာ စေ့စေ့ပေါက်ပေါက် လောက်အောင်မနည်းသုံးရသည်။ဘယ်လောက်ကျပ်တည်းကျပ်တည်း အဖေနဲ့အမေ စိတ်ဓါတ်က တူတူပင် ဘယ်သူဆီမှ လက်ဖြန့်မတောင်း ကိုယ့်အားကိုယ်ပဲကိုးမယ်။အမျိုးတွေဘယ်လောက်ချမ်းသာချမ်းသာ ပိုက်ဆံတစ်ပြားမှအကူအညီမတောင်း။ကိုကြီးဆေးကျောင်း2နှစ်လောက်ရောက်တော့ ကျွန်တော်ပါ ၁၀တန်း ရောက်လာသည်။အာ့မှာ ပို၍အကျပ်တည်းဆုံးဖြစ်သွားသည်။ကျွန်တော်မသိခဲ့ အမေ့လည်ပင်မှာ ရွေဆွဲကြိုးအတုတ်ကြီးဆွဲထားသည်။လက်မှာလဲ လက်စွပ် ဟမ်းချိန်း ဝတ်ထားသည်။အပေါ်ယံကကြည့်ရင် အမေလုံးဝအဆင်ပြေသည်။
credit image source
ကျွန်တော်၁၀တန်းကျောင်းစတက်သည့်နေ့မှစ၍ကောင်းပါတယ်ဆိုတဲ့ ကျူရှင်ဝိုင်းထားပေးသည်။ စာအုပ်ဆိုလဲ အာ့တုန်းက ပထမဦးဆုံးစပေါ်တဲ့ ဖွေးစွတ်နေတဲ့ arrowစာအုပ်တို့ စိတ်ဓါတ် စည်းကမ်း စာအုပ်တွေဝယ်ပေးသည်။အရင်ကဆို စာရွက်မဲပြီးပျော့ဖတ်နေတဲ့ စာအုပ်တွေပဲသုံးရတဲ့ကျွန်တော် အခုအကောင်းစားတွေဝယ်ပေးသည်။ထမင်းဟင်း ဆိုလဲ ဟင်းကောင်းတွေအမြဲချက်ကျွေးသည်။လိုအပ်တာမရှိစေရအောင်စီစဉ်ပေးသည်။ကျွန်တော့်စိတ်ကူးကလဲ ကျွန်တော် ဂုဏ်ထူးတွေနဲ့အောင်ရမယ် ကိုကိုကဆရာဝန်ဆို ကျွန်တော်က အင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်သည်။ဘာလို့အာ့လို ဆုံးဖြတ်သလဲဆိုရင်တော့အမျိုးတွေရဲ့ ပြောဆိုမှုကြောင့်ပါ။"အမလေးဟယ် အကြီးကောင်ကြီးကတော်လိုက်တာ အငယ်ကောင်က ဘယ်လိုလာမလဲမသိဘူး"ဆိုတဲ့စကားအောက်မှာ ကျွန်တော့် ဆုံးဖြတ်ချက်တွေ ပိုပြီးခိုင်မာလာခဲ့သည်။
အမေ့ရဲ့ လိုသေးမရှိတဲ့ အရိပ်အောက်မှာ ကျွန်တော်အစွမ်းကုန်ကျြွန်တော်စာမေးပွဲလဲပြီးရော ဇာတ်လမ်းစပါလေရော အကြွေးရှင်အန်တီရောက်လာသည်။ကျွန်တော်တွေ့ဖူးတဲ့ အကြွေးရှင်ဆိုတာ TVထဲက မြန်မာဇာတ်ကားထဲမှာမြင်ဖူးတာလေ အခုကျွန်တော် အပြင်မှာမြင်နေရတာ ရွေဆွဲကြိုးအကြီးကြီးလည်ပင်းမှာဆွဲ ပိုက်ဆံအိတ်အကြီးကြီးပိုက် ပြီး အကြွေးလာတောင်းတာဗျ။အကြွေးမဆပ်နိုင်ရင် အိမ်ကိုသူ့ကိုရောင်း ပိုတဲ့ပိုက်ဆံပြန်အမ်းမယ်ပေါ့လာပြောတော့မှကျွန်တော်သိလိုက်ရသည်။
အမေချည်းထားတာသိန်း၅၀ဆို အတိုးပါတစ်လတစ်လပေါင်း အတိုးရောအရင်းပါ တက်ပြီး နောက်ဆုံးအိမ်ပါလာသိမ်းသည်။ အမေကိုယ်တိုင် လက်မှတ်ထိုးချည်းထားသဖြင့်ဘယ်လိုမှမတက်နိုင်တော့ပါ။အာ့တော့မှ ကျွန်တော် အစအဆုံး သိလိုက်ရသည် အမေက အိမ်ဂရံကိုယူ ပိုက်ဆံသွားချည်းပြီး သားနှစ်ယောက်ကို လိုလေသေးမရှိအောင် ကျောင်းထားခဲ့သည်။နောက်ဆုံးမတတ်နိုင်တဲ့အဆုံး လက်ရှော့ပြီးအိမ်ကို ရောင်းခဲ့ရသည်။ပြန်အမ်းတဲ့ ပိုက်ဆံလေးနဲ့ တစ်ပြင့်တစ်နေရာက အိမ်လေးကိုဝယ်ခဲ့ကျသည်။အဖိုးအမွေပေးတဲ့နှစ်ထပ်အိမ်ကိုရောင်းပြီးံတတ်နိုင်သလောက်ပိုက်ဆံလေးနဲ့ အိမ်လေးတစ်လုံးဝယ်ခဲ့ကျသည်။
အာ့အိမ်ကလေးကိုပြောင်းပြီး ဆယ်တန်းအောင်စာရင်းထွက်လို့ ဘာသာစုံဂုဏ်ထူးထွက်တာတောင်ကျွန်တော့မပျော်နိုင်တော့ပါ။ ကျွန်တော် နဖူးပေါ်လက်တင်ကာ အခန်းထဲကနေလုံးဝအပြင်မထွက်ပဲ ဘဝမှာတစ်ခါမှမစဉ်းဖူးပဲစဉ်းစားနေမိသည်။အမေသာ မတတ်နိုင်ဘူးအဆင်မပြေဘူး ကျွန်တော်တို့ကိုကြိုပြောခဲ့ရင် ကျွန်တော် ကျူရှင်ယူမည်မဟုတ် ဝိုင်းလဲတက်မည်မဟုတ် ဟင်းကောင်းလဲမစားပဲနေနိုင်သည်။
အမေတစ်ယောက်ထဲ ဘယ်လောက်တောင်စိတ်ဆင်းရဲလိုက်မလဲတွေးမိသည်။အာ့အိမ်ပြောင်းပြီးကတည်းက အမေရွှေဆွဲကြိုးတွေမဝတ်တာလဲသတိထားမိသည်။ကျွန်တော်သတိရရချင်း အမေ့အခန်းကို အပြေး အလွှားသွားကာ အမေ့မှန်တင်ခုံပေါ်ရှာမိသည်။ အမေဗူးလေးနဲ့ထည့်သိမ်းထားတာတွေ့လို့ ကျွန်တော်ဖွင့်ကြည့်မိသည်။အမေ့ဆွဲကြိုးလေးသည် အရောင်ဖျော့နေသည်။တစ်ချို့နေရာဆို ကြေးရောင်တောင်ပေါ်နေသည်။ကျွန်တော် ကိုင်ကြည့်ကာ မျက်ရည်ဝဲသွားသည်။
အမှတ်စာရင်းထွက်လာတော့ အမေက သားဖြစ်ချင်တဲ့ အင်ဂျင်နီယာကျောင်းတက်ရန် အမေတိုက်တွန်းသည်။ကျွန်တော် အမှတ်စာရင်းကိုကြည့်ကာ တစ်ပတ်နှစ်ပတ်လောက် စဉ်းစားသည်။ငါ ဘယ်ကျောင်းတက်ရမလဲ ဘယ်ဘာသာယူရမလဲ အချိန်ယူကာစဉ်းစားသည်။အမေ့ကိုတတ်နိုင်သမျှ ကျွန်တော်အတွက်ဝန်ထုပ်ဝန်ပိုးလျှော့အောင် လုပ်ရမည် ဟုတွေးမိသည်။အကိုက ဆရာဝန်ဆို ညီကအင်ဂျင်နီယာဖြစ်ရမည် ဆိုတဲ့အတွေးကို ပယ်ဖျက်လိုက်သည်။ ငါဘာလုပ်ရမလဲပဲစဉ်းစားသည်။
အဖေ့ကိုမျက်လုံးထဲပြေးမြင်လိုက်သည်။ဟုတ်ပြီ ငါ ဗိုလ်ရွေးပဲကိုသွားမယ် စစ်အင်ဂျင်နီယာလုပ်မယ် ဟုအကြံရသည်။ ကျွန်တော် ဗိုလ်သင်တန်း သွားလျှောက်သည်။ သွေးဖောက်တော့ ဆရာမဆီက ပထမဆုံးစကားတစ်ခွန်းကြားရသည်။" အမလေးသွေးကြောတောင်မနည်းရှာရတယ်ဆိုတော့ ခြေကြောမတင်း လက်ကြောမတင်းလေးပဲ" အာ့စကားကြားပြီး ပထမဆုံး ကိုယ့်ရုပ်ရည် ကိုယ်ပြန်သတိထားမိသည်။အရပ်ရှည်ရှည် ဖြူဖွေးနေတဲ့အသား ဝတဲ့အထဲမပါပေမဲ့ ခန္တာကိုယ်တောင့်တဲ့အထဲပါပါရဲ့ ခြေတွေလက်တွေကြည့်လိုက်တော့ ပြည့်ဖောင်းပြီး နူးညံနေသည်။ လူပုံစံကပျော့ဖတ်ဖတ်ရည် ကိုယ်ရုပ်ရည်ကိုပြန်ကြည့်ပြီး ပထမဆုံး အပြစ်တင်မိခဲ့သည်။
ဆရာမပြောတာမှန်ပါတယ် အမေက ဒါလေးလုပ်ပေးဆိုတာကလွဲပြီး ဘာမှကူမလုပ်မိခဲ့တဲ့ကျွန်တော် ဆရာမကြီးဆီက ပထဆုံးကြားရတော့မှ သတိဝင်မိသည်။အာ့နေ့ကစအသိတရားရပြီး အိမ်အလုပ်တွေကူလုပ်မိသည်။အမေ့ကိုရေခပ်ပေး ဈေးသွားရင်အထုပ်ကူသယ်ပေး အိမ်အလုပ်တွေဝိုင်းကူလုပ်မိသည်။ဒါပေမဲ့ လူရွေးပွဲမှာတော့ ကျွန်တော် ကျကျန်ခဲ့သည်။တစ်ရက်လောက် အိမ်တွင်းအောင်းပြီး နဖူးပေါ်လက်တင် ပြန်စဉ်းစားပြန်သည်။နောက်ဆုံး ဆုံးဖြတ်ကိုကျွန်တော်ချလိုက်သည်။ ကျောင်းကို အင်္ဂလိပ်စာမေဂျာယူကာ အဝေးသင်တက်မယ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ် ဆုံးဖြတ်လိုက်သည်။
အမေ့ဆီကိုခွင့်တောင်းကာ အမျိုးတစ်ယောက်အိမ်က ဆန်ပွဲရုံမှာ အလုပ်သွားလုပ်သည်။သူများအိမ်မှာ နေတာဆိုတော့ သူများမျက်နှာကြည့်နေရသည်။ကျွေးမှစားရသည်။ပေးမှယူရသည် ကျွန်တော်ဂရုမစိုက် ဖြစ်ချင်သာဖြစ်နေချင်သလိုနေမယ် ဆုံးဖြတ်လိုက်သည်။မကျွေးလဲကိစ္စမရှိ ဗိုက်ဆာရင် ရေသောက်နေလိုက်သည်။မပေးလဲကိစ္စမရှိ ဖြစ်ချင်ရာဖြစ်ဆုံးဖြတ်လိုက်တဲ့အတွက် ဘာမှမလိုချင်တော့။
ဆန်အိတ်ထမ်း အတင်အချလုပ်ရတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးကိုင်ရိုက်ထားသလိုပင် တစ်ပတ်လောက်ထိ လူးလိမ့်နေအောင် ခံလိုက်ရသည်။အာ့ကရတဲ့ ပိုက်ဆံကလေးနဲ့ ပိတ်ရက်များတွင် အင်္ဂလိပ်စာသင်တန်းစတက်သည်။ကျန်တဲ့ပိုက်ဆံကလေးများကို ဘောလုံးပွဲလား ကျွန်တော်လောင်းသည်။ဆေးလိပ်တိုက်လဲသောက်သည်။ဘီယာဆိုင်လဲ ကျွန်တော်လိုက်သည်။အလောင်းအစားအကုန်လုပ်သည်။တစ်နှစ်လောက်ကြာတော့ ကျွန်တော်မလုပ်တတ်တာမရှိစေရအကုန်လုပ်တတ်သည်။ယောကျာ်းလဲပီသလာသည်။ကျွန်တော့်ခန္ဓာကိုယ် နုဖတ်မနေတော့ အကြမ်းအတမ်းခံနိုင်လာသည်။
တစ်နှစ်လောက်ဆန်ပွဲရုံမှာလုပ်ပြီး ယောကျာ်းပီသလာပြီထင်တာနဲ့ ကျွန်တော်အလုပ်ပေါင်းစုံထပ်ရှာသည်။ဘဏ်အလုပ်လေးတစ်ခုရသည်။ဘဏ်အလုပ်လေးလုပ်ပြီး ညပိုင်းကို ကျောင်းသားတွေဂိုက် လုပ်ပေးရင်း ကျောင်းပြီးအောင်တက်သည်။ဘဏ်အလုပ်လုပ်နေတဲ့ ပထမနှစ်မှာ ကျွန်တော်မပျော် ၂နှစ်ရောက်တော့ကျွန်တော်အသားကျလာသည်။၃နှစ်ရောက်တော့ ကျွန်တော်အပျော်ဆုံးပင် စာချုပ်ပြည့်ရင် ကျွန်တော် အလုပ်ထွက်လို့ရပြီလေ ကျောင်းပြီးလို့ဘွဲ့တစ်ခုလဲရပြီ ကျွန်တော်ဖြစ်ချင်တာ ကျွန်တော်လုပ်လို့ရပြီတွေးပြီးကျွန်တော်ပျော်သည်။
ကျောင်းပြီးတော့ ကိုယ်ဝါသနာပါတာဘာလဲ ဘာဖြစ်ချင်လဲ စဉ်းစားခန်းပြန်ဝင်သည်။အမေ့သွေးတွေ ကျွန်တော်ကိုယ်ထဲစီးဆင်းနေတယ်ထင်သည်။ကျွန်တော် စာသင်ရတာပျော်သည်။ထို့ကြောင့် ကျွန်တော့်ဘဝမှာနောက်ဆုံး ဆုံးဖြတ်ချက်ကိုကျွန်တော်ချလိုက်သည်။ကျွန်တော် စာသင်မယ် ဆရာလုပ်မယ်ဆုံးဖြတ်လိုက်သည်။ အခုကျွန်တော် ထိုက်သင့်တဲ့အတိုင်းအတာနေရာရလေပြီ။
ကိုကြီးကလဲ ကျောင်းပြီးကာ နေရာအတည်တကျရလေသည်။ကျွန်တော့်တို့ညီအကိုနှစ်ယောက် မိဘကိုပြန်ကြည့်ရမဲ့အချိန်ရောက်လေပြီ အဖေနဲ့အမေက အသက်ပြည့်ကာ ပင်စင်စားဘဝသို့ရောက်သည်။အဖေနှင့်အမေက အလုပ်နား ကျောင်းနားရပြီဆိုတာနဲ့ ဘုရားအရိပ်တရားအရိပ်သို့ဝင်ကာ မယ်သီလရှင် အပြီးဝတ်သွားသည်။
ခဆုပ်လက်နယ် ပြုစုရမဲ့အချိန်ရောက်တော့အနားမှာ မရှိတော့။အဖေနဲ့အမေက အပင်လေးနှစ်ပင်စိုက်ခဲ့သည်။အပင်လေးအရွယ်ရောက်အောင် အခက်အခဲတွေကြားထဲမှ ခက်ခက်ခဲခဲ ပျိုးထောင်ခဲ့ကျသည်။အပင်လေးတွေအရွယ်ရောက် အရိပ်အာဝါသကောင်းတဲ့အချိန်ရောက်တော့ အမေနဲ့အဖေက အနားမှာမရှိတော့ ပိုကြီးမားတဲ့အရိပ်အာဝါသသို့ပြောင်းရွေ့သွားကြသည်။
@inntagawgroup