Credit:photo from google image
လောဘဒေါသ
မောဟများစွာ
မာန်မာနတို့
ထောင်လွှားကာနေ
အသင်လူသား
ဘယ်အရာကိုများပိုင်စိုးသနည်း
စားကောင်းသောက်ဖွယ်
ပြည့်လျံသော်လည်း
တစ်ဝမ်းတစ်ခါးပိုလို့သာပင်
အသင်လူသားစားနိုင်မည်လော
အရှက်တရား
ကာကွယ်ပေးသော
ဝတ်စားစရာများမြောင်လှလည်း
အသင်လူသား
အဘယ်၍များဝတ်ဆင်နိုင်မည်နည်း