မင်္ဂလာပါခင်ဗျာ။ လက်ရှိတရိပ်ရိပ်ကျနေသော cryptocurrency ဈေးကွက်အခြေအနေ များကို ကြည့်၍ ကိုဆန်းလင်း @pratricksanlin ပြောသောစကားတခွန်းကိုသွား၍ သတိရမိသည်။ " steem ဈေးတွေကျလာရင် လူက ဘာဖြစ်မှန်းမသိဘူး အလိုလို နေမကောင်း ဖြစ်ချင်လာတယ်"။ ကိုဆန်းလင်းမှ မဟုတ် ကျွန်တော်အပါအဝင် Steemit တွင် ဆောင်းပါးများရေးသာ၍ Steem စုနေကြသူများအားလုံ မိမိ wallet တန်ဖိုးကို ကြည့်၍ စိတ်ကူးယျဉ် အိမ်မက်များ မက်ဖူးကြပါလိမ့်မည်။
မိမိ wallet တန်ဖိုးတက်လာသည်နှင့် အမျှ အားတက်လာရသလို wallet တန်ဖိုးများကျလာလျင် အားပျက်စိတ်လျော့၍ စာရေးရန်ပင် စိတ်မဝင်စားဖြစ်လာတော့သည်။ ဤအချိန်မျိုးတွင် စာရေးရန် အကြောင်းအမျိုးမျိုးပြ၍ နှောင့်နှေး နေတတ်သည်။ ဤသည်မှာ သာမန်လူ့မနော လူ့သဘောသာ ဖြစ်၍ အပြစ်ဆိုရန် မရှိပါ။
လက်ရှိ cryptocurrency ဈေးကွက် အနေအထားကို ကြည့်လျင် မည်သည့် coin မျှ ၃ ရက်ထက်ပို မစိမ်းနိုင်သည်ကို တွေ့ပါလိမ့်မည်။ MSC members တို့အားလုံးသိကြသည့် အတိုင်း လွန်ခဲ့သော နှစ် ၂၀၁၇ August လကုန် ခန့်မှ စပြီး bitcoin တရိပ်ရိပ်တက်လာခြင်းနှင့်အတူ coin အတော်များများ လည်း ဈေးကွက်တွင် မျက်နှာပန်းလှခဲ့ကြပါသည်။
၂၀၁၇ အား cryptocurrency gold rush ဟူ၍ပင်တင်စား ပြောဆိုခဲ့ကြသလို ၂၀၁၈ အား cryptocurrency ကစားနေသူများအတွက် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု မျှော်မှန်းထားခဲ့ကြပါသည်။ ဆိုခဲ့သည့် အတိုင်း bitcoin မှာ တရိပ်ရိပ်နှင့် အတက်ကြမ်းသွားသည်မှာ ၂၀၁၇ ဒီဇင်ဘာ လလယ်လောက်တွင် သူ၏ အမြင့်ဆုံး ဈေး ဖြစ်သော $၂၀၀၀၀ ဝန်းကျင်ခန့်သို့ ရောက်ရှိသွားခဲ့ပါသည်။
ထို့နောက် တရုတ်ပြည်၏ bitcoin trading site အချို့ ပိတ်ပင်ခံရခြင်းနှင့်အတူ bitcoin နှင့်ပါတ်သက်၍ ရင်းနီးမြုပ်နှံမှု ခေါ်သော လုပ်ငန်းတော်တော်များလည်း ပိတ်ပင်ခံခဲ့ရပါသည်။ တဆက်တည်းပင် ကိုးရီယား နိုင်ငံရှိ bitcoin trading site အား အကောက်အခွန် အရာရှိများမှ ဝင်ရောက် စစ်ဆေးခြင်း အပါအဝင် ဥရောပ အမတ်တချို့ မှ cryptocurrency နှင့် ပါတ်သက်၍ အကောက်ခွန် ထိန်းချုပ်ရန် အသံများ ထွက်ပေါ်လာသောအခါ Bitcoin အားယုံကြည်မှုစတင်ဆုံးရှုံး လာကြတော့သည်။
မိမိတို့အားလုံးသိသည့်အတိုင်း ဤ coin တို့၏ တန်ဖိုးမှာ ဝယ်ယူစုဆောင်းမှုများအပေါ်တွင်သာမှီခိုနေရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ဝယ်ယူစုဆောင်း မှုများလာသော အခါ တနည်းအားဖြင့် ဝယ်လိုအားတက်လာသောအခါ ထို coin များတန်ဖိုးတက်လာပါတော့သည်။ ဤသို့ လူအများ စိတ်ဝင်စားလာစေရန် ( ဝါ ) တန်ဖိုးတက်လာစေရန် အဓိက လုပ်ဆောင်ကြသူတို့မှာ ကြေညာခြင်းနှင့် ဝါဒဖြန့်ခြင်းတို့ ဖြစ်ပါသည်။
ဤသို့ ကြေညာရာ တွင် ယနေ့မျက်မှောက်ခေတ် social media များ အသုံးပြု၍ နည်း အမျိုးမျိုးစွဲ ဆောင် လိုက်သောအခါ လူတို့၏ အာရုံကို ဖမ်းစားစေပါတော့သည်။ ထို့အတူ bitcoin သည် ၂၀၂၀ ရောက်လျင် ၅ သောင်းဈေးတို့ ရောက်မည် ၁ သိန်း ဈေးတို့ ရောက်မည် စသည်ဖြင့် အမျိုးမျိုး ခန့်မှန်း ရေးသားကြသည်ကို ဖတ်ဖူးကြပါလိမ့်မည်။ ဤသည်တို့မှာ အထင်ကို ဖြစ်ပေါ်စေ၍ bitcoin ကို အရူးအမူး ဝယ်စုခြင်း နှင့် investment ခေါ်၍ bitcoin အကျိုးအမြတ် ရှာဖွေသော လုပ်ငန်းများကို ဖြစ်ပေါ်လာစေပါသည်။
ဤသို့ ပြုလုပ်ကြရာတွင် bitcoin အား $၂၀၀၀ , $၃၀၀၀ ခန့်တွင် ဝယ်စုကြသူတို့မှာ အကျိုးအမြတ်ကြီးစွာ ရရှိနိုင်ကြသော်လည်း Bitcoin အား $၅၀၀၀ ကျော် နောက်ပိုင်းတွင် ဝယ်စုကြသူတို့မှ သံသယများ ကပ်ပါသွားခဲ့ကြပါသည်။ USD $ ၅၀၀၀ ဟူသောငွေကြေးမှာ အတော်အတန်များနေပြီ ဖြစ်သော ငွေကြေးဖြစ်ပါသည်။
အန္တရာယ်များသော ရင်းနှီးမြုပ်နှံမှု ဖြစ်သဖြင့် ဈေးကျရိပ်သန်းလာသည်နှင့် ဈေးကွက်တွင် ချရောင်းရန် ဝန်မလေးကြသူများ ဖြစ်ကြပါသည်။ အထက်တွင် ကျွန်တော်ဖေါ်ပြခဲ့သည့်အတိုင်း အကြောင်းတိုက်ဆိုင်၍ Bitcoin အားယုံကြည်မှု ဆုံးရှုံးလာကြသည်နှင့် တပြိုင်နက် အဆုံးအရှုံးနည်းစေရန် ဦးစွာချရောင်းကြပါတော့သည်။
အခြားတခု bitcoin ၏ အားနည်းချက်မှာ storage value ဟုခေါ်သော မိမိကဝယ်ထား ဈေးတက်မှ ရောင်းမည် ဟူသော သိမ်းထားမှ တန်ဖိုးရှိစေသော coin ဖြစ်နေခြင်း ဖြစ်ပါသည်။ ဥပမာ ပြရသော် မိမိတို့ စာရေးနေသော Steemit တွင် Steem ကို SP အဖြစ်သိမ်းထားသော်လည်း cureation reward များကို ဖြစ်ပေါ်စေ၍ အမြဲတမ်း ရှင်သန် နေသော ဈေးကွက် တခုကို ဖြစ်ပေါ်စေပါသည်။
ဤသို့ ဈေးကွက် ကျရိပ်သန်းလာသောအခါ Bitcoin $ ၁၀၀၀၀ အထက်တွင် ဝယ်ရင်းထားသူတို့ မိမိတို့ မရှုံးမှီ ဈေးကွက် အတွင်းသို့ စုပြုံချရောင်းကြလေတော့သည်။ ယခင်က bitcoin အနည်းငယ်ကျလာသည်နှင့် ရင်းနှီး မြုပ်နှံလိုသူများက စုပြုံ ဝယ်ယူကြသဖြင့် ဈေးကျပြီး မကြာမှီပြန်တက်သွားတတ်သော်လည်း ဈေးကွက်အတွင်း ပြင်ပသံသယ များ ဝင်လာသောအခါ ဈေးကွက် Shock ရသွားစေပါတော့သည်။
ယခုအချိန်တွင် Bitcoin အား $၁၀၀၀၀ အထက် တွင် ဝယ်စု ထားသူတို့မှာ မိမိ BTC ကို မရောင်းပဲ ကိုင်ထားလျင် ကိစ္စမရှိသော်လည်း Bitcoin ဖြင့် investment ခေါ်၍ စီးပွားရေး လုပ်နေသူတို့မှာ နေစဉ် အရှုံး ပေါ်နေပြီ ဖြစ်ပါသည်။ ဤအချိန်မျိုးတွင် တဆက်တည်း Google နှင့် Facebook ကဲ့သို့သော အင်အားကြီးသည့် ကုမ္ပဏီ ကြီးများက cryptocurrency နှင့် ပါတ်သက်သော ကြေညာခြင်း များ အထူးသဖြင့် ICO ကြေညာခြင်းများကို ပိတ်ပင်လိုက်သည့်အခါ cryptocurrency ဝယ်စု နေကြသော investor များအဖို့ သံသယစိတ်ကို ပိုမို ကြီးထွားလာစေပါသည်။
ဤအခြေအနေ မျိုးတွင် BitConnect ပြိုလဲမှုကလည်း coin ဝယ်ယူစုဆောင်းသူများအား coin တို့၏ အနာဂါတ်မသေချာမှုသံသယများကို မီးလောင်ရာ လေပင့်သကဲ့ ဖြစ်သွားစေပါတော့သည်။
ယခု နောက်ဆုံး tweeter ကဲ့သို့သော social media ကပါ cryptocurrency နှင့်ပါတ်သက်သော ကြေညာခြင်း များကို ပိတ်ပင်လိုက်ပြီဖြစ်ပါသည်။ အကြောင်းအရင်းမှာ ICO အတော်များများမှာ လိမ်လည်ထားသော ICO များ ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ ယခု ဤဆောင်းပါးရေးနေချိန်တွင် Bitcoin မှာ USD $၇၈၀၀ အထိ ကျဆင်းနေခဲ့ပြီ ဖြစ်ပါသည်။
လက်ရှိ cryptocurrency trading site တော်တော်များများမှလည်း BTC သာ အဓိကထား၍ trading လုပ်ကြရာ BTC ဈေးကျလာသည်နှင့် အခြားသော coin များပါ ရိုက်ခတ်လာခဲ့ပါသည်။ အကြောင်းမှာ BTC ဈေးမြှင့်တက်လာခြင်းနှင့်အတူ ရရှိလာသော အကျိုးအမြတ်များအား အခြားသော coin များကို ဝယ်ယူ ရင်းနှီကြပါသည်။
မိမိ အပို ဝယ်ရင်းထားသော coin ဈးကျနေသော်လည်း Bitcoin ဈေးတက်နေလျင် ထိုအရှုံးမှာ မသိသာပါ။ သို့ သော် BTC ဈေးကျ၍ အခြားသော coin များ အား အလျင်အမြန် ချရောင်းသော်လည်း BTC ဈေးမှာ ဆက်လျက် ကျ ဆင်းနေသဖြင့် အပို ရှုံးရသကဲ့သို့ ရှိပါသည်။
လက်ရှိအချိန်အထိ လေ့လာမှုများအရ BTC ဈေးကျလာခြင်း အပေါ် investors များမှ အပ trading ပြုလုပ်နေကြသူ အများက အကောင်းမြင်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် cryptocurrency trading သည် BTC တခုတည်းအပေါ်မှီခိုလွန်းအားကြီးခြင်း၏ ဆိုးကျိုးကို ပညာရှင်များက ထောက်ပြပြောဆိုနေကြသည်မှာ ကြာပြီ ဖြစ်ပါသည်။
လွန်ခဲ့သော နှစ် December ခန့်မှ စပြီး မိမိနှင့် ရင်းနှီးသော သူငယ်ချင်းများက ( ကိုးရီးယားနိုင်ငံသားများ )မိမိအား Bitfinex တွင် အကောင့် ဖွင့်ထား၍ BTC နှင့် အတူ အခြား ဝယ်ယူထားသော coin များအား bitfinex အတွင်းသို့ ထည့်သွင်းထားရန် အကြံပေးကြပါသည်။
အကြောင်းမှာ bitfinex မှာ USD wallet ဖွင့်ထားပေးသောကြောင့် ဈေးကွက် တွင် သတင်း အနံ့ခံ၍ မိမိ ဝယ်ယူထားသော coin ဈေး များကျရိပ်သန်းလာလျင် coin များကို USD ဖြင့် အလျင်အမြန် ပြောင်း စေပြီး အရှုံးကို ကာမိစေပါသည်။ ထို့ကြောင့် ဤဈေးကွက် အကျတွင် အခြားသူများမှ မည်သို့ ဆုံးရှုံးရသည် မသိသော်လည်း ကိုးရီးယားနိုင်ငံသားများကတော့ အရှုံးနည်းပါကြကြောင်း ပြောပြကြပါသည်။
အကြောင်းမှာ ကိုးရီယား trading site အတော်များများမှလည်း ကိုးရီးယားငွေကြေး Wan wallet များဖွင့်ထားပေးသောကြောင့် ဖြစ်ပါသည်။ အချုပ်ဆိုရသော် Bitcoin ဈေးဆက်လက်ကျ မည်လော တက်မည်လော ဆိုသည်မှာ BTC အပေါ် လူအများ ပြန်လည် ယုံကြည်လာသောအခါ တနည်းအားဖြင့် BTC သည် အနာဂါတ်အတွက် ဝယ်စုထားသင့်သည်ဟူသော ယုံကြည်မှု မရှိလာသရွေ့တော့ BTC မှာ ဆက်လက်ကျ ဆင်းနေအုံးမည် ဖြစ်ပါသည်။
ထို့ အတူ BTC အားမှီခို၍ trading လုပ်နေကြသော အခြားသော coin များလည်း ဆက်လက်ကျ ဆင်းနေအုံးမည်သာဖြစ်ပါသည်။ ဤဈေးကျခြင်း၏ ကောင်းကျိုးမှာ investor များမှ bitcoin ဘူဘောင်း ကို သဘောပေါက်သွားကြသလို နှောင်တွင် သေချာသော technical value ရှိသော coin များကိုသာ ရင်းနှီမြုပ်နှံလာကြပါလိမ့်မည်။
နောက်ဆောင်းပါးတွင် ဈေးကွက် အခြေအနေနှင့် Steem & Steem Dollar တို့ အကြောင်း ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001