မင်္ဂလာပါ။ ယမန်နေ့ညက Steemit blog မှ ကြော်ငြာချက်တစောင်ထုတ်ခဲ့ပါသည်။ ထိုအကြောင်းအရာမှာ Steemit ရက် ၁၀၀ ကြာပြီးနောက်ဟူ သော အကြောင်းအရာဖြစ်ပါသည်။ ဆိုလိုသည်မှာ နောက်သုံးလကြာသော အချိန်တွင် Steemit သည် အသစ်အသစ်သော နည်းပညာများဖြင့် ပြန်လာမည်ဟုကြေညာသွားခြင်း ဖြစ်ပါသည်။
မည်သို့သော နည်းပညာဟု ထည့်သွင်းပြောသွားခြင်းတော့ မရှိခဲ့ပါ။ ကွန်မန့်များအား လိုက်လံဖတ်ကြည့်ရာတွင်လည်း အပြုသဘောဆောင်သော ကွန်မန့်များထက် လှောင်ပြောင်ထေ့ငေါ့သော ကွန်မန့်များက ပိုများပါသည်။ Steemit အနေဖြင့် မည်သို့ရှေ့ဆက်မည်ကို မိမိမသိပါ။
သိစရာလည်းမလိုတော့ပါ။ မိမိအကောင့်အား တစုံတယောက်ထိန်းချုပ်ထားသော နေရာတွင် မရှိလို၍ Hive platform သို့ လုံးဝပြောင်းသွားခဲ့ပြီဖြစ်ပါသည်။ တဆက်တည်း ဤယနေ့ နေ့လည်ပိုင်းက Tweeter တွင် Hive မှ တင်လိုက်သော Post တခုတွေ့ရပါသည်။
Hive platform အား မည်သည့်နည်းပညာ တွင် မြှင့်တင်ရမည့်အကြောင်း မေးထားခြင်း ဖြစ်ပါသည်။ လူအများ၏ ကော်မန့်များ ဖတ်ကြည့်ခြင်းအား ဖြင့် Hive platform အား ဝင်ရောက်ရန် လွယ်ကူစေချင်ကြပါသည်။ ဆိုလိုသည်မှာ Hive account Sign up အား လွယ်ကူစေချင်ကြသည်။ ဒုတိယအနေဖြင့် TikTok ကဲ့သို့ အသုံပြုရလွယ်ကူစေချင်ကြသည်။
Hive သည် Social media Platform ဖြစ်သဖြင့် ထိုကဲ့သို့ အသုံးပြုရလွယ်ကူလာလျင် Cryptocurrency ရရှိသော တနည်းအားဖြင့် ပိုက်ဆံရသော Platform ဖြစ်သဖြင့် လူအများ၏ အာရုံစိုက်စရာဖြစ်လာနိုင်ပါသည်။ အခြားတခု တောင်းဆိုကြသည်မှာ SMTs ဖြစ်ပါသည်။
Hive platform မှ SMT ထွက်ရန် အတော်လေး စောင့်စားရမည်ဟုထင်ပါသည်။ အဘယ်ကြောင့် ဆိုသော် Hive အနေဖြင့် internal market အား မပြင်ဆင်ရသေးပါ။ ဆိုလိုသည်မှာ Hive ၏ Internal Market တွင် HBD =Hive ဝယ်ရောင်းလုပ်နိုင်သော စျေးကွက် တခု အရင်ဖန်တီးပေးရမည် ဖြစ်ပါသည်။ သို့မှသာ Hive platform မှ ထွက်လာမည့် SMTs များအား Hive internal market တွင် ဝယ်ရောင်းလုပ်နိုင်မည်ဖြစ်ပါသည်။
အခြားတခုမှာ Hive Engine ဖြစ်ပါသည်။ Hive Engine သည် တနည်းအားဖြင့်ဆိုရသော် decentralised မဖြစ်ပါ။ ထိန်းချုပ်မှုရှိပါသည်။ Steem Engine ကတည်းက ကျွန်တော်သဘောမကျပါ။ Steem Engine မှ ထွက်ပေါ်လာသော token များသည် SMTs များ မဟုတ်ပါ။ ထို့အတူ Hive Engine မှ ထွက်ပေါ်လာသော token များသည်လည် ပြင်ပစျေးကွက်တွင် ရှင်သန်နေရန် မဖြစ်နိုင်ပါ။
ကျွန်တော့အနေဖြင့် Hive platform မှထွက်ပေါ်လာသော SMTs များအားပိုသဘောကျပါသည်။ သို့သော် ယခုအချိန်အထိ project မရှိသေးပါ။ Steem Hunt နှင့် Appics မှာ Steemit တွင် ကျန်နေရစ်ခဲ့ကြပါသည်။ ဤသို့ ဆိုလျင် Steemit နှင့် Hive တို့သည် မည်သူ ပို၍အားသာသနည်း ဟူ၍ ပြိုင်ဆိုင်ရာတွင် SMT အပေါ်တွင် အားပြိုင်ကြမည်ဟုထင်ပါသည်။
Steemit သည် ထိန်းချုပ်မှုရှိသည်။ သို့သော် SMTs များ လွင့်တင်ရန် သူ့အတွက် သိပ်ပြီး အခက်အခဲမရှိပါ။ Hive သည် ထိန်းချုပ်မှုမဲ့ ဖြစ်ပါသည်။ လွတ်လပ်ပွင့်လင်းပါသည်။ သို့သော် သူ့အနေဖြင့် နည်းပညာ ထုတ်ပြနိုင်ခြင်း မရှိသေးပါ။
Steemit နှင့် Hive နည်းပညာအားပြိုင်မှုသည် ကျွန်တော့ အတွက်တော့ လုံးဝစိတ်ဝင်စားစရာကောင်းပါသည်။ Justin သည် ငွေရှိပါသည်။ သူ့အတွက်ကတော့ အရာရာငွေဖြင့်ဝယ်ယူမည် ဟူသောရည်ရွယ်ချက် ရှိပါသည်။ ငွေလိုချင်သူတို့ သူ့နောက်လိုက်ပါလိမ့်မည်။ Hive platform သည် လွတ်လပ်မှုအား အခြေခံသော နည်းပညာချစ်သူတို့စုဝေးရာ နေရာဖြစ်ပါသည်။
သို့သော် လောကတွင်ငွေမကြိုက်သူမည်သူရှိသနည်း။ ကျွန်တော့ စိတ်ကူး အတွေးထဲတွင် Justin အနေဖြင့် သူ့အား အရှက်ရစေခဲ့သော Hive platform အားတနည်းနည်းဖြင့် အနိုင်ယူပါလိမ့်မည်။ မည်သို့ အနိုင်ယူမည်ကိုတော့ ကျွန်တော်မသိပါ။
ကျွန်တော်သိသည်ကတော့ Steem စျေးတက်လေ ကျွန်တော့အတွက်ကောင်းလေဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် ပါဝါဒေါင်းထားသောကြောင့်ဖြစ်ပါသည်။ ကိုယ်တိုင် စိုက်ပျိုးထားသောအရာအား ကိုယ်တိုင်ရိတ်သိမ်းရသော အရသာသည် အလွန် ထူးခြားလှပါသည်။
Henry Aung ( Kachin )
