မင်္ဂလာပါ။ လက်ရှိကျွန်တော်တို့ Myanmay Steemit Community မှာ ဖြည်းဖြည်းနှင့် မှန်မှန်ရှေ့ဆက်လျက်ရှိပါသည်။ စည်းကမ်းလိုက်နာ၍ promotion ကို ပုံမှန် ရယူနေသူများရှိသလို ပြသနာရှာသူများ ၊ မိမိက vote လျင် ၁၀၀% ဖြင့် vote ပေးရပြီး မိမိ ကို ပြန် vote လျင် ၀% ဖြစ် vote ပေးသူများ၊ ရရှိလာသော SBD များကို Power စုရန် အသာထား ရှိပြီးသော Steem Power များကို ပင်လျင် Power down ၍ ထုတ်ရောင်းစားနေသည်ကို တွေ့မြင်နေရပါသည်။
ဤတွင် ကြုံ၍ အနည်းငယ်ရှင်းပြလိုပါသည်။ MSC post promotion ပေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ လူငယ်မောင်မယ်တို့ ၏ Steemit အကောင့် များ Steem Power များလာကြစေရန် နှင့် ဤသို့ Steem Power များလာပါမှ နှောင်တွင် အခြားလူငယ် မောင်မယ်တို့ကို လက်တွဲ ခေါ်နိုင်မည် ဖြစ်သောကြောင့် နိုင်ငံခြား သားတို့ ထံမှ အောက်ကျ နောက်ကျခံ၍ အကူအညီတောင်းထားခြင်း ဖြစ်ပါသည်။
MSC members များမှ ဤကဲ့သို့ 1$ ဖိုး Power Up 5$ ဖိုးလောက် ထုတ်ရောင်း စားနေလျင် ကျွန်တော်တို့ အိမ်မက်အား မည်သို့ အကောင်အထည် ဖေါ်ရမည်ကို ကျွန်တော် နားမလည်ပါ။ ထို့ အတူ MSC admin များမှ မိမိတို့ ၏ ကိုယ်ပိုင် အချိန်ပေး၍ Promotion ပေးနေရသည်မှာ အဓိပ္ပါယ်မရှိတော့ပါ။ ရည် ရွယ်ချက်မရှိသူ များ ပိုက်ဆံ ထုတ်စားနိုင်ဖို့ MSC admin များက အပင်ပန်းခံ ပေး နေရသည်ဆိုလျင် ဤ promotion ကို ဖျက်ပြစ်ရန်သာရှိပါတော့သည်။
လွန်ခဲ့ သော ရက်အနည်းငယ်ခန့်က အင်းတကော်မှ တက်ကြွသူ လူငယ် အဖွဲ့တခု မှ MSC သို့ ဆက်သွယ်လာပါသည်။ သူတို့ လူငယ်များ MSC စည်းကမ်းများ လိုက်နာ၍ SP 1000 ရသည်အထိ ရသမျှ SBD များကို ထုတ်ယူ ရောင်းချ ခြင်း မရှိပဲ SP 1000 ရသည် အထိ စု ဆောင်းပါမည် ၊ သူတို့ အား promotion စဉ်းစားပေးပါမည့် အကြောင်း MSC admin များထံသို့ ဆက်သွယ်လာပါသည်။
ကျွန်တော်လည်း ထိုကဲ့သို့ တက်တက်ကြွကြွနှင့် အာမခံ နိုင်သော လူငယ် မောင်မယ်များကို ပို၍ စိတ်ဝင်စားပါသည်။ ရရှိလာသော SBD များကို ထုတ်ယူ သုံးစွဲ အီးလေးဆွဲ Steem Power စု သူများထက် ၊ ရသမျှအားလုံး SP စုပါမည်ဆိုသူများကို ပို၍ အကူအညီပေးလိုပါသည်။ ထို့ကြောင့် MSC admin များနှင့် တိုင်ပင်၍ လက်ရှိ promotion စည်းကမ်းကို ပြင်သင့်လျင် ပြင်ရပါလိမ့်မည်။ ထို့အတူ power down ၍ ရှိနေသော Steem power ကိုပင် ရောင်းစားနေကြသူများ MSC ၏ promotion ကို နောက်ထပ် မမျှော်လင့် တော့ပါရန် ပြောကြားလိုပါသည်။
ဤသည်မှာ လက်ရှိ Myanmar Steemit Community တွင် ဖြစ်ပေါ်နေသော ပြသနာ များမှ အချို့ကို ဖေါ်ပြရခြင်းဖြစ်ပါသည်။ MSC members များ အနေဖြင့်လည်း အနည်းငယ် တွေးတော ကြည့်စေချင်ပါသည်။ ရေရှည် တွင် မိမိတို့ အားကူညီသူ မရှိတော့လျင် မည်သို့ စခန်းသွားကြမည်နည်း။ ကိစ္စမရှိပါ ငါတယောက်တည်းမဟုတ် အားလုံး မရတာ ဘားမှ မဖြစ်ဘူး ဟု ထင်ပါသလား? သူများရနေ၍ မိမိ မရသောအခါ အလွန်ခံရခက် ကြောင်း ကြိုပြောထားပါရစေ။
ဤတွင် ကြုံ၍ I2wan နှင့် မြန်မာလူမျိုးများနှင့် ပါတ်သက်သော စကားစမြည်းကို အနည်းငယ် ဖေါ်ပြလိုပါသည်။ မြန်မာလူမျိုးများနှင့် ပါတ်သက်၍ I2wan မှာ အတော်လေး တီးမိခေါက်မိဟန်ရှိပါသည်။ သူ့အနေဖြင့် Daewoo နှင့်ပါတ်သက်ပြီး မြန်မာပြည်တွင် လအတန်ကြာမြန်မာလူမျိုးများကို သင်တန်းပေးခဲ့သူ ဖြစ်ရာ မြန်မာတို့ အကြောင်းသိနေသည်မှာ အဆန်းတော့မဟုတ်ပါ။
ဤ မြန်မာလူမျိုး အကြောင်း စကားစမြည်းမှာ မြန်မာနိုင်ငံရေး နှင့် ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျ ခံနေရသော အကြောင်း များ ပြောရင်ဖြင့် မြန်မာတို့ အကြောင်း ရောက်သွားရခြင်း ဖြစ်ပါသည်။ ဤဆောင်းပါးတွင် I2wan နှင့် ဆွေးနွေခဲ့သော နိုင်ငံရေးအကြောင်းများကို ချန်လှပ်ခဲ့၍ မြန်မာလူမျိုးများအကြောင်း သူ၏ ထင်မြင်ချက်သဘောထားများကို ဖေါ်ပြပေးပါမည်။
ဤဆောင်းပါးတွင် ဖေါ်ပြသော I2wan ၏ မြန်မာလူမျိုးတို့ အပေါ် မြင်သော အမြင်မှာ သူ့ အမြင်သာဖြစ်၍ အမှားတစုံတရာ ပါသွားလျင် ဖေါ်ပြသူ ကျွန်တော့ တာဝန် သာဖြစ်ကြောင်း ကြိုတင် တင်ပြလိုပါသည်။ သူပြောသည့် အတိုင်းပြန်ပြောပြပါမည်။ သူ့အမြင်တွင် ကျွန်တော်တို့ မြန်မာလူမျိုးများမှာ ဗုဒ္ဓဘာသာဟူသော အလွန်ကောင်းမွန်၍ သိမ်မွေ့သော ဘာသာတရားတခုက မသင်ပြထားလျင် မြန်မာလူမျိုးတို့မှာ အရှေ့တောင်အာရှ နိုင်ငံများတွင် လောဘအကြီးဆုံး ၊ ကိုယ်ကျိုးသာကြည့် တတ်၍ အများအတွက်လုံးဝ မစဉ်းစားပေးတတ်သော ၊ ထိုအပြင် အလွန်မှ ဝန်တိုတတ်သော လူမျိုးများ ဖြစ်ကြောင်းပြောပြပါသည်။
ထို့အပြင် တစိမ်းနှင့်တွေ့လျင် ဖေါ်ရွေသလောက် မိမိတို့ အချင်းချင်းတွင် အန်မတန်မှ ဝန်တိုသူများဖြစ်ကြောင်းလည်း ပြောပြပါသည်။ အစပထမတွင် ကျွန်တော်လည်း ပြန်လည်ချေပရန် စဉ်းစားမိသော်လည်း သူပြောပြသော ဥပမေယျ များမှာ ငြင်းမရနိုင်အောင်မှန်နေ၍ ကျွန်တော့ အနေဖြင့် ဝန်ခံယုံမှ တပါး အခြားမရှိပါ။ သူ့အနေဖြင့် ကျွန်တော့အားမေးခွန်းတခုမေးပါသည်။
ဒေါလာ ၅၀၀ ခန့်ပါသော ပိုက်ဆံအိတ် ၁၀ အိတ်ခန့် ကို ဆက်သွယ်ရန် လိပ်စာကတ် တခုထည့်၍ မြန်မာပြည်ရှိ လမ်းမပေါ်တွင် ချ ထားလျင် ပိုက်ဆံအိတ် ဘယ်နှအိတ် ပြန်ရနိုင်ပါသနည်းဟု မေးပါသည်။ ကျွန်တော်ကလည်း စိတ်ထဲရှိသည့် အတိုင်း အများဆုံး တအိတ်ခန့်သာ ပြန်ရနိုင်ပါလိမ့်မည်ဟု ပြန်ဖြေပါသည်။အဘယ့်ကြောင့် ထိုသို့ ဖြေရကြောင်းပြန်မေးသောအခါ ကျွန်တော်ကလည်း မြန်မာပြည်သားတို့၏ စာရိတ္တကို သိ၍ ဖြေရပါသည်ဟု ကျွန်တော်ကလည်းပြန်ဖြေပါသည်။
သူကလည်း မြန်မာပြည်တွင် စာရိတ္တကောင်းသူ မရှိဘူးလားဟု မေးရာ ကျွန်တော်ကလည်း ရှိပါသည် လူနည်းစုသာ ဖြစ်ပါလိမ့်မည်ဟု ပြန်ဖြေပါသည်။ ဤတွင် သူ ပြန်ပြောပြသော မှတ်ချက်မှာ အလွန်မှတ်သားစရာကောင်းပါသည်။ တိုးတက်ပြီး သော နိုင်ငံ ၊ ဂျပန် ၊ ကိုးရီးယား နှင့် အနောက်ဥရောပနိုင်ငံများတွင်လည်း စာရိတ္တပျက်ပြား နေသူများ ရှိပါသည်။ သို့ သော် စာရိတ္တကောင်းသူ လူအများစု ဖြစ်၍ လူနည်းစု ဖြစ်သော စာရိတ္တမကောင်းသူတို့ နေရာမရနိုင် ခေါင်းမထောင်နိုင်ကြပါ။ မြန်မာပြည်တွင် စာရိတ္တပျက်ပြားသူ တို့ အားကြီးသောကြောင့် စာရိတ္တကောင်းသူတို့ နေရာမရနိုင်ကြောင်းကို ရှင်းပြပါသည်။
ထို့အပြင် သူနောက်ထပ် ပေးသော မှတ်ချက်မှာ စာရိတ္တပျက်စီးရာတွင် အဆိုးဝါးဆုံးဖြစ်သော အခြားသူငှာ များ၏ ဂရုဏာကို လိမ်လည် ရယူ ခြင်းနှင့် ထို ဂရုဏာများမှ အမြတ်ထုတ် ခြင်း အကြောင်းကို ရှင်းပြပါသည်။ မြန်မာပြည်တွင် ထိုအဆိုးဝါးဆုံးသော စာရိတ္တပျက်ပြားမှုများကို အဆုံးစွန် အထိ တွေ့ရကြောင်း သူပြောပြပါသည်။
မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်၍ နိုင်ငံတကာ အဖွဲ့ အစည်းမှ မုန်တိုင်းကြောင့် ဒုက္ခရောက်သူ များကို ဂရုဏာသက်၍ ကူညီ ကယ်ဆယ် ထောက်ပံ့ရာတွင်ပင် ထို အလကားကူညီသော ပစ္စည်း များ ၏ ရာခိုင်နှုန်း မည်မျှ လောက်မှ မရလျင် ပစ္စည်း များ ကို သွင်းခွင့် မပြု နိုင်ဟူသော လူများ မြန်မာပြည် တွင် ရှိကြောင်း သူပြောပြပါသည်။
မိမိတို့ လူများ ဒုက္ခ ရောက်၍ စားစရာမရှိ ၊ သောက်စရာ မရှိ ဖြစ်နေချိန်တွင် ပြင် သူတပါး၏ ဂရုဏာကို ဖြတ်စား ဝံ့သော သူများ ရှိနေသော တိုင်းပြည် စုတ်ပြတ်သတ်နေခြင်းမှာ အံ့သြစရာမရှိပါဟုလည်း ထပ်မံ ရှင်းပြပါသည်။ ဤသည်မှာ I2wan မြန်မာတို့ အပေါ်မြင်သော အမြင်ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် လည်း သူ့ကို ပြန်ရှင်း ပြစရာ စကားလုံး များ ရှာမတွေ့ပါ။ သူပြော ချင်သည်မှာ အားလုံးသော မြန်မာများ ထိုကဲ့သို့ စာရိတ္တပျက်ယွင်း နေသည်ဟု မဆိုလို သော်လည်း အများစုမှာ ထိုအတိုင်း ဖြစ် နေကြကြောင်းလည်း ရှင်းပြပါသည်။
ကျွန်တော်ကလည်း ဤကဲ့သို့ ယိုယွင်းနေသော လူ့အဖွဲ့အစည်းအား မည်သို့ တည့် မှတ် နိုင် သနည်း မေးသောအခါ သူပြန်ဖြေသည်မှာ ထိုအရာများကို ပြန်လည် တည့်မှတ်ရန်မှာ ပညာရေး ဖြစ်ပါသည် ဟု ပြန်ဖြေပါသည်။ ကျွန်တော်တို့ သင်ကြားခဲ့ရသော ပညာရေးတွင် အဆင့်ဆင့် ခွဲခြာမ်းစိတ်ဖြာစေတတ်သော အမြင် တနည်းအားဖြင့် အတတ်ပညာ ၊ ဤအရာသည် ကောင်း၏ လုပ်သင့် ၏ ဆိုး၏ မလုပ်သင့် ဟူသော ခွဲခြမ်း စိတ်ဖြာ ခြင်း မလုပ်တတ်ရုံမက လောဘနှင့် မိမိ ကိုယ်ကျိုးအတွက်သာ ကြည့် ပြီး ဤသို့ ပြုလုပ်လိုက်လျင် အခြားသူ ဘာဖြစ်သွား မလဲ နည်း နည်း မှ ပင် ထည့် မစဉ်စားတတ်ခြင်းမှာ ကျွန်တော်တို့ကို သင်ကြားပေးလိုက်သော အခြေခံပညာ ၏ အားနည်းချက်ဖြစ်ကြောင်း ရှင်းပြပါသည်။
ဤတွင်ကြုံ၍ ဆရာဦးအောင်သင်းရှင်းပြသော ပညာ ၏ သဘောတရာကို အနည်းငယ်ထည့်သွင်း ရှင်းပြလိုပါသည်။ ဆရာဦးအောင်သင်မှ သင်္ဃသူ့ သမီး ကျောက်စာတွင်ပါသော " ပညာ ရှိသော ၊ အကြောင်း ကို သိ သော " ဟူ သော စာပိုဒ်လေး မှ " အကြောင်းကို သိခြင်း "ဆိုသည်ကို ရှင်း ပြပါသည်။ စာဖတ်သူတို့ အားလုံးလည်း သိကြမည်ဖြစ်၍ အကျယ်မချဲ့တော့ပါ။ အကျိုးတရား အားလုံးတွင် အကြောင်း တရားရှိ၍ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ထို့ ကြောင့် အကြောင်း ၊ အကျိုး ဆင်ခြင် နိုင်စွမ်း တနည်း အားဖြင့် သိနိုင်စွမ်းကို ပညာဟု ခေါ်ပါသည်။ တနည်းအားဖြင့် ထိုသို့ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းရှိသူတို့ကို ပညာတတ်သည်ဟု ခေါ်ဆိုနိုင်ကြောင်း ရှင်းပြထားပါသည်။
ထို့ ကြောင့် I2wan ပြောပြသော ပညာ၏ သဘောတရားနှင့်ဆရာဦးအောင်သင်းရှင်းပြသော ပညာ၏ သဘောတရားတို့ မှာ အတူ တူပင်ဖြစ်၍ ကျွန်တော့ အနေဖြင့် အတော် အံ့သြခဲ့မိပါသည်။ ယခု အချိန်အထိ ကျွန်တော်တို့ မြန်မာလူမျိုးများမှာ အကျိုးအကြောင်း ဆင်ခြင် နိုင်စွမ်းမရှိ၊ လောဘကြီးဆဲ၊ ဝန်တိုမြဲ ငါမရလျင် အခြားသူများလည်း မရစေရဟူသော စိတ်ဓါတ်တို့ကာ တခြားနေရာတွင် လိုက်ရှာ နေစရာမလိုပါ ကျွန်တော်တ်ု့ လူ ၂၀၀ ဝန်းကျင်ပင်မပြည့် သော MSC တွင် ထင်းထင်း ကြီး တွေ့နိုင်ပါသည်။ ထို့ ကြောင့် MSC မှ ပြသနာများကို ဖြေရှင်း နေရတိုင်း I2wan ကိုသာ ပို၍ လေးစားမိသလို သာ၍ လည်း သတိရနေမိပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001