ကျွှန်တော်တို့ Myanmar Steemit community တွင် လူသစ်များဖြင့် စည်စည်ကားကားဖြစ်လာပါပြီ။ ဤအခြေအနေအထိ ရောက်ရှိအောင် မည်ကဲ့သို့ ကြိုးစားခဲ့ရသည်ကို community admin များအသိဆုံးသာဖြစ်ပါလိမ့်မည်။ လက်ရှိ ကျွှန်တော်တို့ မြန်မာလူငယ်များ Steemit ပေါ်သို့ ရောက်ရှိလာကြသူများ တနိုင်ငံလုံးစာနှင့် ယှဉ်လျင် မပြောပလောက်သော ပမာဏသာရှိပါသေးသည်။ လက်ရှိအခြေအနေအထိ တစိမ့်စိမ့်သာ ဝင်ရောက်လာနေကြပါသည်။ ကျွှန်တော်တို့ admin များမှလည်း ဝင်ရောက်လာသော လူသစ်များကို ဆိုင်ရာ အဖွဲ့ အသီးသီး တာဝန်ယူ၍ သင်ကြားပြသပေးကြသောကြောင့် ကျွှန်တော်တို့ မြန်မာ tag အောက်တွင် ဝင်ရောက်ရေးသားကြသူများ copy post များ credit post များ မရှိသလောက် နည်းပါးသွားကြပြီ ဖြစ်သည်။
လွန်ခဲ့ သော တလ နှစ်လ လောက်က နှင့်စာလျင် တိုးတက်နှုန်း ကောင်းမွန်ပါသည် ဟု ဆိုနိုင်ပါသည်။ သို့ သော် တနိုင်ငံလုံးအတိုင်းအတာနှင့် စာလျင်တော့ ကျွှန်တော်တို့ အလွန့် အလွန်ကို ကြိုးစားဖို့ လိုပါသေးသည်။ ဤတွင် ကျွှန်တော်၏ ဆန္ဒကို ထပ်မံဖေါ်ပြပါမည်။ ကျွှန်တော့ သဘောထားမှာ အခြားသူငါများ အကျိုးရရှိနေကြသလို မြန်မာလူငယ်များလည်း အခြားသူများကဲ့ သို့ ကြိုးစား၍ အကျိုးအမြတ်များ ရရှိစေလို ခြင်းဖြစ်ပါသည်။ ထို့ ကြောင့် မိမိတယောက်တည်း အကျိုးရှိယုံနှင့် ငြိမ်မနေကြပဲ, တိုးတက်လိုသော အခြား လူငယ်များ တီထွင်ဆန်းသစ်လိုသော လူငယ်များအားလည်း အသိပေး လက်တွဲ ခေါ်ခြင်းဖြင့် ကျွှန်တော်တို့ community ကို ပိုမိုခိုင်ခန့် သော ပိုမိုစည်းလုံးသော community တခုဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းကြိုးစားကြစေလိုပါသည်။
ကျွှန်တော်၏ ဆိုခဲ့သည့် အတိုင်း Steemit Platform သည် ခေတ်ရှေ့ပြေးနေသော social media ဖြစ်ပါသည်။ digital currency မှာ အနာဂါတ်ငွေကြေးဖြစ်ပါသည်။ ဆိုခဲ့ ပြီးသည့် အတိုင်း အနာဂါတ်အတွက် ယခုကြိုတင် လုပ်ဆောင်နေကြ မှုများကို အများနားလည် အောင်ရှင်းပြရန် လွန်စွာမှ ခက်လှပါသည်။ ထိုအပြင် ကျွှန်တော်တို့ မြန်မာပြည်သူ များမှာ Ponzi scam များ၏ အကြိမ်ကြိမ် နိပ်စက် မှုကို ခံခဲ့ကြရသူများဖြစ်သဖြင့် ဒီလို, ဟိုလို လုပ်ရုံဖြင့် ငွေ ရရှိမည် ဆိုလျင် ကြောက်နေကြပါပြီ။
မှန်တာကို ပြောရလျင် Steemit Platform ၏ အနှစ်သာရကို တကယ်နားလည်၍ Steemit သို့ ဝင်ရောက်လာသူမှာ ၁၀၀ တွင် ၁၀ ယောက်မပြည့်ပါ။ ငွေကြေးရရှိနိုင်သည်, deposit တင်စရာမလို ဟူ၍ ဝင်ရောက်လာကြသူများသာများကြပါသည်။ စော်ကားနေခြင်းမဟုတ်ပါ။ လက်ရှိကျွှန်တော်တို့ မြန်မာပြည်သူများတကယ်လိုနေတာ လည်းပိုက်ဆံ, ငွေကြေးဖြစ်ပါသည်။ ထို့ကြောင့် ငွေလိုချင်၍ လာကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ Steemit Platform အကြောင်းကို တထိုင်တည်းဖြင့် သူ၏လုပ်ဆောင်ပုံ အားလုံးကို ရှင်းပြရန် မဖြစ်နိုင်ပါ။
သူ၏ အသေးဆုံးသော voting ပေးခြင်း အကြောင်းကို အသေးစိတ်ရှင်းပြလျင် voting နှင့် ဆက်စပ်လျက်ရှိသော, steem power နှင့် voting power , steem power ဟု ဆိုလိုက်သည်နှင့် သူနှင့် ဆက်စပ်နေသော SBD များ စသည်တို့ တခုနှင့် တခု ဆက်စပ်လျက်ရှိကြသဖြင့် တရက်တည်း တကြိမ်တည်းဖြင့် အပြီးတိုင်ရှင်းပြ၍ မရနိုင်ပါ။ ဤတွင် Steemit Platform ၏ အနှစ်သာရကို ဖေါ်ပြရန်လိုလာပါသည်။ Steemit Platform သည် မိမိလိုချင်သော ငွေလည်းရှာ, ဗဟုသုတပါ တခါတည်း တွဲယူသွားစေပါသည်။
စာမဖတ်ချင်သူများ မလေ့လာချင်သူများ steemit Platform တွင် အံဝင်ခွင်ကျုဖစ်ရန် လွန်စွာမှ ခက်ခဲပါလိမ့်မည်။ လူသစ်များ ဝင်လာ၍ PDF ပြုလုပ်ထားသော user guide ကို ပေးဖတ်လိုက်လျင် လည်း ဖတ်၍သာ ပြီးသွားမည် တလုံးမှ နားမလည်လိုက်သူများရှိပါလိမ့်မည်။ ဤတွင် ၂ မျိုးကွဲသွားပါသည်။ ခက်လိုက်တာ ဘာတွေမှန်းလည်း မသိဘူး ဟူ၍ နောက်ဆုတ်သွားသူများနှင့် ဖတ်မိမှတ်သားမိသည့် အတိုင်း တခုချင်းစီ လုပ်ဆောင်၍ တဖြည်းဖြည်း လေ့လာယူကြသူများဖြစ်ပါသည်။
လက်ရှိ ဒုတိယအမျိုးအစားသာ ကျန်နေကြပါသည်။ Steemit Platform ပေါ်တွင် ရေသားနေကြသူများတွင် မိမိတို့ ကဏ္ဍ အလိုက် ပညာရှင်များ ရှိကြပါသည်။ မိမိလိုချင်သော ပညာ,ဗဟုသုတများကို သူ၏ကဏ္ဍများအလိုက်ခွဲပေးထားပါသည်။ နောင် ၁၀ နှစ်ခန့်ကြာလျင် မိမိ တို့ မြန်မာ Steemit တွင်လည်း ဆေးပညာ, ပညာရေး, သိပ္ပံ ပညာ စသည်ဖြင့် ကဏ္ဍအလိုက်ပညာရှင်တို့ ရေးသားထားသော original စာများကို ဖတ်ရှုရနိုင်စေရန် ယခု ကျွှန်တော်တို့ ကြိုးစားလုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။
နောက်ထပ် အနှစ်သာရတခု မှာ မိမိတို့ ဝင်ရောက်လေ့လာသော ဗဟုတုသ များမှာ အဆိပ်အတောက်များကင်း၍ စစ်မှန်သော, ကိုယ်တိုင်တွေ့ကြုံခဲ့ရသော အတွေ့အကြုံ အတွေးအမြင်များကို ရေးသားထားခြင်း ဖြစ်သဖြင့် စစ်မှန်သော ဗဟုသုတများဟု ဆိုနိုင်ပါသည်။ လက်ရှိ Steemit Platform ပေါ်၌ဝင်ရောက်ရေးသားနေကြသူများ Steemit နှင့် Facebook တို့၏ကွာခြားချက်ကို သိမြင်ခံစားနိုင်ပါသည်။
ကျွှန်တော်ဆိုခဲ့သည့် အတိုင်း မြန်မာလူငယ်တို့ ဤPlatform ပေါ်မှ အကျိုးအမြတ်ခံစားနိုင်ကြစေရန်မှာ ဤ Myanmar Steemit community ရေရှည် တည်တံ့နေဖို့ လိုပါသည်။ community ဝါးအစည်းပြေသွားလျင် ကျွှန်တော်တို့ မြန်မာ tag အောက်တွင် အထိန်းကွပ်မဲ့သော စာပေ များသာ ရောက်ရှိလာကြပါလိမ့်မည်။ ထို့ကြောင့် ဤမြန်မာ community ရေရှည် တည်တံ့ရန် အောက်ဖေါ်ပြပါ အကြောင်းအရာများကို လိုက်နာကြရန် တိုက်တွန်းလိုပါသည်။
၁. STEEM POWER UP
ဤ Steemit ပေါ်တွင် ဆက်လက်ရှင်သန်ကြီးထွားရန်မှာ steem power သည် အဓိကကျသော အသက်သွေးကြောဖြစ်ပါသည်။ အဘယ့် ကြောင့် ဆိုသည်ကို သိလိုလျင် မိမိရေးသားထားသော steem power ဆောင်းပါးကို ဖတ်ရှုပါ။ ထို steem power ရှိမှ မိမိ တို့သည် နောင်လူသစ်များကို တွဲခေါ်နိုင်မည် ဖြစ်သည်။ လက်ရှိမိမိတို့သည် ထို steem power ကို ရရှိနိုင်ရန် curie ကို အားကိုးနေရပါသည်။
လက်ရှိကူညီနေသော curie ကလည်း ဘယ်အချိန်ထိ ကူညီမည်ဟု အာမမခံထားပါ။ ထို့ အပြင် တရက်ထက်တရက် ဝင်ရောက်လာကြသော လူသစ်များအားလည်း ခွဲဝေပေးနေရသဖြင့် ယခင် 10$ မှ ယခု တဖြည်းဖြည်း 8$ လောက် အထိကျဆင်းလာနေကြပြီဖြစ်သည်။ မနေ့က အစည်းအဝေးတွင် ကျွှန်တော် curie ၏ voting power တိုးတောင်းထားသည်ကို ပေးမည်ဟုသာ အကြောင်းပြန်ပါသည်။
မည်မျှပေးပါမည်ဟူ၍သော မပြောပါ။ ထို့ကြောင့် မိမိ တို့ သည် ဤရသမျှ အချိန်ကာလအတွင်း၌ steem power ကို အမိအရ တိုးတထက်တိုးအောင် လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုပါသည်။ second option ဖြစ်သော steem ဝယ်ယူ စုဆောင်း၍ power up ပြုလုပ်ချင်သူများကို အတတ်နိုင်ဆုံး community admin များဖြင့် တိုင်ပင်ပြီး လုပ်ဆောင်ပေးပါမည်။
၂. COMMUNITY MEETING AND MINUTES
ဤအချက်မှာလည်း အလွန်အရေးပါပါသည်။ အဖွဲ့ အစည်း တခု တိုးတက်ကြီးပွားနေရန်မှာ မပြတ် စည်းဝေး တိုင်ပင်ကြခြင်း သည်တခု အပါအဝင် ဖြစ်ပါသည်။ လက်ရှိ ဤcommunity admin များအဖြစ်တာဝန်ယူ နေကြသူများမှာ ကျောင်း တဖက် , အလုပ်တဖက် နှင့် လူများချည်းသာဖြစ်ပါသည်။
လက်ရှိမိမိတို့တွင် active members အဖြစ် ၁၀၀ မပြည့်သေးပါ။ နောက်၆ လ , တနှစ်ကို ကြိုတွေးပါ။ member ပေါင်း ၁၀၀၀ ကျော်လာလျင် ကျွှန်နော်တို့ community organization chart ကို ပြုပြင်ဖို့ လိုလာပါလိမ့်မည်။ ထို့ အတူ ကဏ္ဍအသီးသီးတွင် တာဝန်ယူထားကြသူများလည်း တာဝန်ပိုလာမည်ဖြစ်သည်။ စည်းကမ်းထိန်းသိမ်း ရမည့် အပိုင်းတွင်လည်း တာဝန်ပိုလာမည်ဖြစ်သလို့ လက်ရှိလူများကလည်း reputation မြင့်လာမည် ဖြစ်သဖြင့် အရေးယူရန် ကိစ္စများကိုတော့ ပူပင်ရန်မလိုပါ။
အဓိကမှာ မိမိတို့ ကြုံတွေ့နေရသော အခက်အခဲကို တိုင်ပင်စည်းဝေးပြီး ဆုံးဖြတ်ချက်များ, စည်းမျည်း စည်းကမ်း များကို အချိန်နှင့် အညီ ထုတ်ပြန်ပေးရန်နှင့် လူသစ်များ ဝင်ရောက်လာကြလျင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ကြရန် အတွက် ပြုလုပ်ပေးနိုင်ရန် အထူးပင်လိုလာပါသည်။ ဆိုလိုသည်မှာ လူသစ်များ ဝင်လာသည်နှင့် မိမိတို့ စည်းမျဉ်း စည်းကမ်း နားမလည်သဖြင့် တယောက်လာ အစကရှင်းပြ နောက်တယောက်ထပ်လာ အစကရှင်းပြ ဖြင့် မုန့်လုံးစက္ကူ ကပ်နေရအုံးမည်သာဖြစ်ပါသည်။
၃. TRAITOR ( DISSENSION )
သစ္စာဖေါက်နှင့်အဖွဲ့အစည်းအပေါ် သွေးခွဲခြင်း
ဤအချက်မှာ ကျွှန်တော်တို့ မြန်မာလူမျိုးများအတွက်အလွန်အရေးကြီးသည်။ အဘယ့်ကြောင့် ဆိုသော် ကျွှန်တော်တို့ မြန်မာလူမျိုးများအဖွဲ့ ဖြင့် အလုပ်လုပ်ကြလျင် လူ နှစ်ယောက်ရှိလျင် သုံးဖွဲ့ကွဲးသွားကြသော သာဓကများ သမိုင်းနှင့် ချီသော သက်သေများရှိကြပါသည်။
myanmar Steemit community သည် လွတ်လပ်သော, နိုင်ငံရေး,ဘာသာရေး,လူမျိုးရေး စသည်တို့၏ ချုပ်နှောင်မှုကင်းသော, အများသူငါ အနှောက်အယှက်ကင်းစွာ ပညာဗဟုသုတ ရှာမှီး , မျှဝေနိုင်သော လွတ်လပ်သော social media ကို အထောက်အကူပြုနေသာ အဖွဲ့အဖြစ်ရပ်တည်နိုင်ရန် အလွန်အရေးကြီးပါသည်။ ထို့ ကြောင့် လူမျိုးစွဲ, ဘာသာစွဲ, နိုင်ငံရေး ပါတီ အစွဲများ ဤ အဖွဲ့ အစည်း အတွင်းသို့ ရောက်ရှိ မလာစေရန်မှာ အဖွဲ့ဝင်တိုင်း၏သာဝန်သာဖြစ်ပါသည်။
ထို့ကြောင့် အထက်ဖေါ်ပြပါ အကြောင်းအရာများကို လိုက်နာဆောင်ရွက်ကြပါရန် နှင့် မြန်မာလူငယ် များကိုသာမက မြန်မာတနိုင်ငံလုံး Steemit Platform ၏ အကျိုးကို ရရှိ အံ့ငှါ , ဦးစီးဦးဆောင် နေသော Myanmar Steemit community ကို ဝိုင်းဝန်း ထိမ်းသိမ်း , ကာကွယ် , တည့်မတ် လမ်းညွန်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )