ကျွန်တော် ဤကဲ့သို့သော ဆောင်းပါး မရေးချင်ပါ။ သို့ သော်မတတ်သာ၍ ရေးရပါပြီ။ MSC သည် မြန်မာလူငယ် မောင်မယ်များအား ဤ Steemit လမ်းကြောင်း ပေါ်သို့ အခမဲ့ အကူအညီပေး၍ ခေါ်ဆောင်ရာတွင် တနေ့တွင် ဤကဲ့သို့ အကူအညီ ရပ်ဆိုင်လိုက်ရသော အခြေအနေသို့ ရောက်လိမ့်မည် ဆိုသည်ကို ကြိုသိခဲ့ပါသည်။ အဘယ့်ကြောင့်ကြိုသိနေပါသနည်း။ မြန်မာလူမျိုးများ ဖြစ်နေသောကြောင့် ကြိုသိနေရခြင်း ဖြစ်ပါသည်။
ထို့ ကြောင့် ကျွန်တော်ရေးခဲ့ပြီးသော ဆောင်းပါးတွင် ဤ promotion အစီအစဉ်ကို ဖျက်ဆီးမည့်သူ များမှာ အခြားသူများမဟုတ်ပါ promotion ရယူနေသူများသာ ဖြစ်ပါလိမ့် မည်ဟုကြိုပြောခဲ့ပါသည်။ ကျွန်တော့ ထံသို့ နေ့စဉ်နှင့် အမျှ messenger မှ ဆက်သွယ်၍ သတင်းပေးပို့ နေကြပါသည်။ မည်သူ မည်ဝါ က မည်ကဲ့သို့ ရှိသည် မည်သူမည်ဝါက Power down နေသည် မည်သူမည်ဝါက အကောင့် မည်မျှ ရှိနေပါသည် စသည်ဖြင့် ။
ကျွန်တော့ အနေဖြင့် မြန်မာလူမျိုးများသာ ဖြစ်ကြပါသည်ဟူ၍ တော်ရုံ အခြေအနေများတွင် ခွင့်လွတ်ကြပါရန် Admin များအားပန်ကြားထားခဲ့ပါသည်။ သို့သော် လက်ရှိအခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲလာသော အနေအထားသို့ ရောက်လာပြီဖြစ်၍ ဤ promotion ကိုရပ်ပြစ်ရခြင်းဖြစ်ပါသည်။ Myanmar Steemit အဖွဲ့အစည်းများ များပြားလာခြင်းနှင့်အတူ အဖွဲ့ အစည်း စိတ်ဓါတ်များကလည်း ကွဲပြားလာကြပါသည်။
မူရင်း MSC မှ promotion ယူရန် တင်းကျပ်သော စည်းကမ်းများကို လိုက်နာရသည့် အပြင် အဖွဲ့အစည်းများ၏ စည်းကမ်းများလိုက်နာရခြင်း voting ပေးကြရတွင် 0% များဖြင့် ပေးကြခြင်း ၊ အဆိုးဝါးဆုံးမှာ MSC မှ promotion များကို နောက်ထပ် အကောင့်တုများဖြင့် ရယူရန် တိုက်တွန်း ကြသည့် အပြင် ပြင်ပ စာအုပ်များမှ စာ ဆောင်းပါးများကူးယူ လျင် cheetah မမိနိုင်ဟူသော လမ်းညွန်းချက်များပါ သင်ကြားပြသနေကြသည်မှာ မိမိတို့ MSC ၏ ရည်ရွယ်ချက်နှင့် ဖီလာဆန့်ကျင် ဖြစ်လာ၍ ဤသို့ ရေရှည် ဆက်သွားရန် မသင့်တော် သော အနေအထားသို့ ရောက်ရှိလာသော ကြောင့် promotion အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ပါသည်။
ယခင် promotion ယူနေသော အကောင့် များတွင် အကောင့် တုများ ၊ ပြပ စာအုပ်မှ ကူးချနေသူများ တွေ့နေရသော်လည်း ရကြပါစေတော့ ဟူ၍ လွှတ်ထားပေးကြခြင်းဖြစ်ပါသည်။ မသိမဟုတ် သိပါသည်။ Myanmar Steemit Community အနေဖြင့် အခြားသူများ အဖွဲ့ခွဲ ဖွဲ့ ခြင်း အပေါ်မည်သို့ မျှ တားမြစ် ပိုင်ခွင့် မရှိသလို တားလည်း မတားမြစ်ပါ။ ဤSteemit Platform ပေါ်တွင် ကိုယ်ပိုင်းအရေးအသားဖြင့် post တင်နေကြသူ အများအပြားကျန်ရှိနေပါသေးသည်။ MSC အနေဖြင့် မည်သူမည်ဝါကို မှ ကူညီပါမည်ဟု ကတိမပေးထားသလို မည်သူမည်ဝါမျှ ကိုလည်း MSC သို့ ဝင်လာကြပါဟု ဖိတ်ခေါ်ခြင်း မပြုလုပ်ခဲ့ပါ။
သို့ သော် MSC numbers ရပြီးသူတိုင်းလည်း promotion နှင့် ထိုက်တန်ပါသည်ဟူ၍ လည်း မှတ်ယူ၍ မရလောက်အောင် အခြေအနေဆိုးဝါး လာနေသောကြောင့် နောက်နှောင်တွင် အရည်အချင်းရှိသူ MSC နှင့် ထိုက်တန်သူများကိုသာ ရွေးချယ် ၍ နေ့စဉ် promotion ပေးသွားပါမည်။ Steemit Platform ပေါ်မှ promotion သည် အလွန်ကောင်း မွန်သောကြောင့် လူတိုင်းနှင့် မထိုက်တန်ပါ။ ထိုက်တန်သူများ ပိုမို ရစေရန်သာ အကောင်းဆုံး လုပ်ဆောင်သွားပါမည်။
မိမိကိုယ်ကို promotion နှင့်ထိုက်တန်အောင်ကြိုးစားကြပါရန်သာ အကြံပြုလိုပါသည်။ ထို့အပြင် MSC သည် မည်သို့ သော အဖွဲ့ အစည်းတွင်မှ ပါဝင်ပါတ်သက်ခြင်းမရှိသလို ပြင်ပ steemit အဖွဲ့အစည်းတွင် ပါဝင်သူ မည်သူမျှ ကိုလည်း MSC မှ အသိအမှတ် ပြု မည်မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် MSC မှာ ကိုယ်ပိုင် ရည်ရွယ်ချက် ၊ ကိုယ်ပိုင် Admin Team ၊ ကိုယ်ပိုင်စည်းကမ်းချက် များဖြင့် မိမိအဖွဲ့ဝင် တို့ကို မြှင့်တင်ပေးနေသော အဖွဲ့ ဖြစ်ပါသည်။
ထို့ကြောင့် ပြင်ပ Myanmar Steemit အဖွဲ့အစည်းတွင် ပါဝင်နေကြသူများကလည်း MSC တွင် ပါဝင်ပါတ်သက်ခြင်း မပြုကြပါရန် မေတ္တာ ရပ်ခံလိုပါသည်။ အဘယ်ကြောင့် ဆိုသော် မလိုလားအပ်သော ပြသနာများ မဖြစ်စေရန် နှင့် မိမိတို့ အဖွဲ့အစည်း စည်းကမ်းများ လိုက်နာပြီး မိမိတို့ အဖွဲ့ အစည်း တိုးတက်ရာတိုးတက်ကြောင်း သာလုပ်ဆောင်ကြပါရန် တိုက်တွန်းလိုပါသည်။ ထို့အတူ MSC မှ ပြန်လည် ရွေးချယ်ထားသူများကလည်း မည်သို့ သော ပြင် ပ Steemit အဖွဲ့အစည်း တွင်မှ ပါဝင်ပါတ်သက် လိမ့်မည် မဟုတ်ကြောင်း MSC မှ အာမခံပါသည်။
လက်ရှိတွင် MSC စည်းကမ်းများကို ပြန်လည် ပြင်ဆင်နေပါသည်။ ဤကဲ့သို့ အလွန်အကျိုးရှိသော post promotion ကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ရသောကြောင့် MSC မှ ဝမ်းနည်းရသလို ကျွန်တော် Henry Aung အနေဖြင့်လည်း အလွန်ဝမ်းနည်း ပါသည်ဟုသာ ပြောကြားလိုပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001