ကျွန်တော်နှင့် ဂျင်း - အပိုင်း (၂)(နိဂျုန်းခုတ်ပိုင်း-ခ်ခ်ခ်)
#photo is taken from google.
ကျွန်တော် ဖုန်းဆိုင်မှာ ဖုန်း firmware တင်တာ စောင့်နေတုန်း တောရွာဘက်က အသက် ၄၀ ကျော်လောက်ရှိမယ့် အမကြီးတစ်ယောက် ဖုန်းဆိုင်ထဲ ဝင်လာပါတယ်။
အမကြီး - ''ငါ့မောင်ရေ----အရင်တစ်ခေါက်က မင်းဖွင့်ပေးလိုက်တဲ့ ဖေ့စဘုတ်က မှားပြီးဖျက်မိလို့ အဲဒါ ဖေ့စဘုတ်လေးပြန်ထည့်ပေးပါဦးကွ''
ငတိ - ''အမ----ဖေ့စ်ဘုတ်ဖွင့်ရင် ၃၀၀၀ ကျပါတယ် ခင်ဗျ''
အမကြီး - "ငါ့မောင်ရယ်။အရင်တစ်ခေါက်တုန်းကလည်း မင်းတို့ဆိုင်က ဖေ့စဘုတ်ဖွင့်ခဲ့တာပါ။အခုတခေါက်တော့ ၂၀၀၀ပဲ ထားလိုက်ပါလားကွာ"
ငတိ - "မရလို့ပါ အမရယ်။ဖေ့စ်ဘုတ် ဖွင့်ရတာက email အရင်ဖွင့်ရတယ်။email ရမှ ဖေ့စ်ဘုတ် ထပ်ဖွင့်ရတာ။အဲလို အဆင့်ဆင့်လုပ်ရတာဆိုတော့ အချိန်ကြာလို့ပါ။အဲဒါကြောင့် ၃၀၀၀ က လျှော့လို့မရလို့ပါ အမ''
#photo is taken from google.
အမကြီး - "အေးပါ။အေးပါ။အဲ့လိုဆိုလည်း ဈေးမဆစ်တော့ပါဘူး။အမဖုန်းထဲ ဖေ့စဘုတ် ထည့်ပေးလိုက်ဦး။ရော့ ဖုန်း။အခုဈေးသွားဝယ်လိုက်ဦးမယ်။အပြန်ခါ ဝင်ယူမယ်"
အဲဒီအမကြီးက ကျွန်တော့ရှေ့တင်ပဲ အဲလိုတွေပြောပြီး ငတိကို ဖုန်းပေးခဲ့ပြီး ထွက်သွားပါတယ်။ကျွန်တော် စိတ်မကောင်းပါဘူး။တကယ်စိတ်မကောင်း ဖြစ်မိတာပါ။ဘာဖြစ်လို့လည်း ဆိုတော့ ပိုက်ဆံ ၃၀၀၀ ဆိုတာ ချမ်းသာတဲ့သူတွေအဖို့တော့ ကလေးမုန့်ဖိုးသာသာပါပဲ။ဒါပေမယ့် ကျွန်တော်တို့တောမှာတော့ အဲဒီပိုက်ဆံ ၃၀၀၀ ဆိုတာ အလုပ်ကြမ်းသမားတစ်ယောက်ရဲ့ တစ်နေ့တာမဟုတ်ရင်တောင် နေ့တစ်ပိုင်းစာ လုပ်အားခနဲ့ ညီမျှပါတယ်။
အဲဒီအမကြီးကို ကြည့်ရတာလည်း ချမ်းသာတဲ့အသိုင်းအဝိုင်းထဲက မဟုတ်လောက်ပါဘူး။သူကိုင်တဲ့ဖုန်းက huawei အဟောင်းလေးပါ။တိုတိုပြောရရင်တော့ ဖုန်းဆိုင်က ငတိက တောကအမကြီးကို အလကားရတဲ့ facebook ကို ပိုက်ဆံ ၃၀၀၀ နဲ့ ဂျင်းထည့်လိုက်တာပါပဲ။
#photo is taken from google.
လောကကြီးမှာ ဘယ်အရာမှ အလကားမရဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ဒါပေမယ့် အလကားရတဲ့ facebook ကို ၃၀၀၀ နဲ့ ဂျင်းထည့်တာကတော့ လုံးဝကို များသွားတဲ့ကိစ္စပါ။ဆေးလိပ်ဖိုးကွမ်းဖိုး ၁၀၀၀ လောက်တောင်းရင် တော်ရောပေါ့။အလကားရတဲ့ facebook ကို ၃၀၀၀ နဲ့ ရောင်းတာကတော့ ဝန်ဆောင်မှုပေးတာမဟုတ်ပဲ ဂျင်းထဲ့တာ ဖြစ်သွားပြီ။
ပြီးတော့ ကိုယ်က facebook အကောင့်ရောင်းစားတယ်ဆိုရင်လည်း recovery လုပ်ဖို့ email လေးတော့ မှတ်ပေးထားဦးမှပေါ့ဗျာ။ခုတော့ဗျာ ဂျင်းထည့်တာမှ ၂ခါတောင် ထည့်လိုက်သေးတယ်။ကျွန်တော့ကိုတောင် ဂျင်းထည့်ဦးမလို့(အပိုင်း ၁ မှာ ဖတ်ကြည့်ပါ)။
ကျွန်တော်တို့ မြန်မာပြည်မှာ အဲလိုဂျင်းထဲ့တဲ့ လူတွေ နေရာတိုင်းမှာ အမြဲတွေ့နေရတယ်။အင်း-----ပြောသာပြောရတာ။ကျွန်တော်သုံးနေတဲ့ facebook အကောင့်လေးလည်း လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဲ့လိုပဲ ဆိုင်မှာ ၅၀၀၀ ပေးပြီး ဖွင့်ခဲ့ရတာပဲလေ။အဲ့ဒီအချိန်တုန်းကတော့ အင်တာနက်ဆိုတာကြီးက ကျွန်တော်တို့ တောကလူတွေအတွက် ဘီလူး၊သရဲလိုမျိုး ကြားသာကြားဖူးပြီး မမြင်ဖူးတဲ့ အချိန်ဖြစ်နေတာကိုး။
author - Crypto Boy