My photo image
အရေးကြီးဆုံး စကား(၂)မျိုးရှိပါတယ်။အသိနဲ့အရှိဆိုပြီး လူတိုင်းသိမယ်ထင်ပါတယ်။အသိတစ်လုံးပိုင်ရင် အရာရာအောင်မြင်စေပြီး အရှိတစ်လုံးပိုင်ရင် ပြည့်စုံမှုအပေါင်းရစေပါတယ်။လောကီနယ်ပယ်မှာရောအကျိုးရှိသလို လောကုတရာနယ်မြေမှာပါ အကျိုးများစေပါတယ်။ဒါကြောင့်မြတ်စွာဘုရားကတောင် အသိနဲ့အရှိကို ပိုင်အောင်လုပ်ဖို့ စာပေးတွေ ကျမ်းဂန်တွေမှာ မိန့်တော်မှုခဲ့ပါတယ်။ဒါကြောင့် အသိရှိပြီး အရှိကို မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်နော်။
ရာထူးအာဏာတွေ ဘယ်လောက်မြင့်မြင့်တရားအသိတွေကိုမသိသ၍ ဘာမှာအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ရွှေငွေဥစ္စာတွေ ဘယ်လောက်ပေါပေါ တစ်ဘဝစာဘဲ ကောင်းပြီနောင်ရေးအတွက် သိပ်ကောင်းနိင်မှာ မဟုတ်ပါ။
ရုပ်ရည်က ဘယ်လောက်ချောချောတရားအသိကိုနှလုံးမသွင်းရင်နိင်ရင်တော့ တစ်န့နေ့မှာ ကိုယ်အတွက်မကောင်းပါဘူး။အလှခဏတာဘဲတည်မြဲပြီး တစ်ဘဝလုံးမတည်မြဲကြောင်းသိပါ။ ပညာတွေ ဘယ်လောက်တတ်တတ်အကျိုးရှိရှိ မသုံးတတ်ရင်တော့ အကျိုးနည်းပြီး ဘဝနည်းရပါလိမ့်မယ်။လောကကြီးကို အကျိုးရှိရှိအသုံးချနိင်မှ ပညာတတ်လို့ခေါ်နိင်မှာပါ။ဒါကြောင် မိမိပညာနဲ့လောကကြီးကို အကျိုးပြုပြီး ကောင်းအောင်လုပ်ဖို့ အသိနဲ့နေ အရှိတရညးကိုလက်ကိုင်ထားပြီး လုပ်ကြပါ။
ခြွေရံသင်းပင်းတွေ ဘယ်လောက်များများတနေ့မှာ အသိဆိုတဲ့တရားသဘောနဲ့ရှိရင် မိမိနောက်မပါသလို မတည်မြဲတဲ့အကြောင်းကောင်းကောင်းသိနိင်မှာပါ။ အနာရောဂါတွေ ဘယ်လောက်ကင်းကင်း အိုနာသေဆိုတဲ့လောကသဘာဝကိုမလွန်ဆန်နိင်ပါ။တစ်နေ့မှာ အိုရသလို နာလည်းနာနိင်ပြီး သေဆုံးခြင်းဆိုတဲ့ဘဝနိဂုံး ချုပ်ကြရမှာပါ။ဒါကြောင့် ဘဝကိုအကျိုးရှိရှိ အသုးပြုတတ်ဖို့လိုသလို နေတတ်ဖို့လည်း လိုပါတယ်နော်။ အသက်က ဘယ်လောက်ရှည်ရှည် တစ်နေ့သေရမှာဘဲ။အသက်ရှည်ပြီး လောကအကျိုးမသယ်ပိုးဘဲနေပါက တရက်ထဲအသက်ရှင်ပြီး လောက အကျိုးကိုပြုလုပ်သူက ပိုပြီးမြတ်ပါတယ်။
ဒီဘဝရဲ့နိဂုံး အဆုံးသတ်တဲ့အချိန်ထိ မိမိကိုယ်ကိုကောင်းအောင်နေ သတိတရားလက်ကိုင်ထားပြီး တရာနှလုံးသွင်းပါလို ပြောချင်ပါတယ်။မိမိနှလုံးသားမှာ အားကိုးရာ တရားအသိ ရှိနေဖို့က အရေးကြီးပါပဲ။ဒါမှာ လောကအကျိုးကို သယ်ပိုးနိင်သူဖြစ်မှာပါ။သဘာဝအရှိ တရားကိုသိတဲ့ အသိတရား ကင်းမဲ့နေရင်တော့ မိမိရဲ့ အနာဂါတ်ဘဝဟာ ဘယ်လိုမှ လှပနိုင်မှာ မဟုတ်ဘူးဆိုတာကို အချိန်ရှိတုန်း အထူးသတိပြုမိဖို့ လိုပါတယ်။အားလုံးဘဲ အသိတရားများလက်ကိုင်ထားပြီး အကျိုးများအောင်လုပ်ဖို့ စေတနာအကြောင်းပြုပြီး ရေးသားလိုက်ပါတယ်။
@khinzawlatt