Steemit Myanmar အဖွဲ့သားများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ....
မနက်မိုးလင်းအလုပ်သွား ညမိုးချုပ်မှ အိမ်ပြန်လာ အချိန်တွေရယ် ကုန်မြန်လိုက်တာ....
ဘာလိုလိုနဲ့ proရက်တောင် ပြန်ရောက်လာပြီ ဘာရေးတင်လို့ ရေးရမှန်းလည်း မသိတာနဲ့ ထုံးစံအတိုင်း ထိုင်းနိုင်ငံရောက် အတွေ့အကြုံတွေပဲ ရေးရတော့မှာပေါ့ဗျာ....
တစ်ခြားရေးစရာလည်း ကျနော့်မှာ မရှိပါဘူး ဘာလို့ဆိုတော့ ကျနော့်အသက်ရဲ့ သက်တမ်းတစ်ဝက်ကျော်လောက်က ထိုင်းနိုင်ငံမှာပဲ နေလာခဲ့တာဆိုတော့ ကျနော်ရေးသားသည်များကို မယုံတဲ့သူတွေကတော့ ပုံပြင်လို့သာမှတ်ပါ ယုံတဲ့သူတွေကတော့ ဗဟုသုတအနေနဲ့ပဲမှတ်ပါခင်ဗျာ....
လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင် 2007ခုနစ်လောက်က မှတ်မှတ်ရရ သင်္ကြန်အတွင်း ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ရောက်နဲ့အတူ ကျနော် ဘန်ကောက်မြို့ထဲ လျှောက်လည်ကြတာပေါ့ဗျာ...
Photos Credit Google Images
ဘန်ကောက်သင်္ကြန်ဆိုတော့ အပျော်တွေလည်းလွန် အလည်တွေလည်း လွန်ကုန်တာပေါ့၊ ညနေစောင်းတော့ ဘန်ကောက်ထဲမှာ ဘယ်ကိုရောက်လို့ ဘယ်ပေါက်မှန်းမသိ ပြန်လို့လည်းမတက်တာနဲ့ taxiငှါးပြီး ပြန်ကြတာပေါ့... taxiပေါ်တက်လိုက်တာနဲ့ ကားသမားက "ကျပိုင်တုံနိုင်ခပ်" ဘယ်သွားမလဲ တန်းမေးတာပေါ့ဗျာ... ကျနော်လည်း ကိုယ်သွားမယ့် လိပ်စာနေရာအတိကျပြောပြလိုက်တယ်။
ဒီလိုနဲ့ taxiစီးလာတာ ကျနော်တို့နေတဲ့ နေရာ မရောက်ခင်မှာပဲ... ကားသမားက ကားမှာ အသင့်ပါတဲ့ ရေဒီယိုစက်နဲ့ ဘယ်ကိုလှမ်းပြောပြီးတော့ ဘာတွေပြောနေမှန်းလည်းမသိဘူး ဒါနဲ့ ကျနော်လည်း ကားသမား ဘာတွေပြောလည်းဆိုပြီး သေချာနားထောင်ကြည့်လိုက်တာ ကားသမားပြောနေတာက ကျနော်နားလည်တဲ့ ယိုးဒယားစကားမဟုတ်ဘူးဗျ၊ ကားသမားက အီဆန်လိုပြောနေတာ အီဆန်ဆိုတာ ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးဖြစ်တယ်။ အီဆန်စကားကို ကျနော်နားမလည်ပေမယ့် အီဆန်တွေအကြောင်းကိုတော့ လေ့လာရသလောက် အနည်းကျဉ်းတော့ သိပါတယ်။ အီဆန်တွေဟာ စကားပြောတဲ့အခါ နှာအသံနဲ့ဗျ နားကြားပြင်းကပ်စရာကြီး၊ ပြီးတော့ အီဆန်တွေ စားတဲ့ထမင်းက ကျနော်တို့တွေစားတဲ့ ဆန်ထမင်းမဟုတ်ဘူး ကောင်းညှင်းစားကြတာပါ။(ဒါနဲ့ ရေးတဲ့စာ ဘယ်နားတောင် ရောက်သွားပြီလည်းသိဘူး)
ကားသမားက ရေဒီစက်နဲ့ စကားပြောလိုက် ကျနော်တို့ နှစ်ယောက်ကို ဘက်ကြည့်မှန်ကနေ လှမ်းရှိုးလိုက်နဲ့။ ကျနော့်စိတ်ထဲ တစ်မျိုးဖြစ်လာတယ် ကားသမားကြည့်ရတာ မရိုးသားဘူး ဘာလဲ ဘာလဲပေါ့... (ဘန်ကောက်မှာ spyကားtaxiသမားတွေပေါတယ်)
ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ကျနော် ကားသမားကိုပြောတဲ့ လိပ်စာနေရာကို ရောက်လာတယ်။ကျနော်ကားခရှင်းဖို့အတွက် မီတာဘုတ်ကိုကြည့်လိုက်တယ် ကျသင့်ငွေပေးပြီးတော့ ကားပေါ်ကနေဆင်းလိုက်တယ်။ဘယ်အချိန်က ဘယ်လို ရောက်လာမှန်းမသိတဲ့ ပုလိပ်ကားက ကျနော်တို့ဘေးမှာ တန်းပြီးတော့ ရပ်ပါလေရော...
ပထမကတော့ မှင်နဲ့ခပ်တည်တည်ပဲ လမ်းလျှောက်သွားတာပေါ့ ပုလိပ်နှစ်ကောင် ကားပေါ်ကနေ ဆင်းလာပြီး အနောက်ကနေ ကျနော်တို့ကို လှမ်းအော်ခေါ်ပြီးတော့ လိုက်လာတယ်။ကျနော်နဲ့အတူပါလာတဲ့ သူငယ်ချင်းတစ်ယောက်က အခြေနေမဟန်မှန်းသိတာနဲ့ တင်ပါးနဲ့ဖနှောင့် တစ်သားတည်းကျအောင်လှစ်ခနဲ ထွက်ပြေးလိုက်တာ ကျနော်တောင် မသိလိုက်ဘူး မြန်မှမြန်ပဲ။ ဒါနဲ့ ကျနော်လည်း ထွက်ပြေးမယ်အလုပ်..... သေစမ်း သင်္ကြန်ကဲထားတာ တစ်ကိုယ်လုံးရေစိုထားတယ် ဝတ်ထားတာကလည်း ဂျင်းဖောင်းဘီရှည်နဲ့ ဝေါကင်းရှူး ဒီကြားထဲ သောက်ထားတာလေးကလည်း ရှိနေတော့... ပြေးမယ်လုပ်ရုံရှိသေး ချော်လဲပြီး ပုလိပ်ဖမ်းခံရပါလေရောဗျာ။
ကျနော့်သူငယ်ချင်းကတော့ အပြေးကောင်းတော့ လွတ်သွားတယ်။ဘယ်တစ်ယောက် ညာတစ်ယောက် ပုလိပ်နှစ်ကောင်ညှပ်ပြီးတော့ ကျနော့်ကိုချုပ်ထားတယ် ပြီးတော့ ကျနော့်ကို ကားအနောက်ခန်းထဲထည့်ပြီးတော့ မောင်းထွက်သွားတယ်။
ပုလိပ်ဆိုတဲ့အမျိုးက သိတယ်မဟုတ်လား ထုံးစံအတိုင်း ငွေညှစ်ဖို့အတွက် ကျနော့်ကိုဖမ်းပြီးတော့ ကားပေါ်တင်ပြီး မြို့ထဲလိုက်ပက်မောင်းနေတာဗျ၊ မီးပွိုင့်တစ်ခုမှာ မီးနီလို့ စောင့်နေတဲ့အချိန်... ပုလိပ်နှစ်ကောင်က ကားအရှေ့ခန်းက ကျနော်က အနောက်ခန်းကဆိုတော့... ကားတစ်ခါးဖွင့်ပြီးတော့ ကျနော်ထွက်ပြေးဖို့အတွက် ကြိုးစားသေးတယ်ဗျ၊ သောက်ရေးထဲ ကားတံခါးက ဖွင့်လို့မရဘူးဗျ လော့အသေချထားတာ အင်းလေ ပုလိပ်ကားဆိုတော့လည်း အလွယ်တစ်ကူနဲ့ ဘယ်တွက်ပြေးလို့ရပါ့မလဲ။ ပုလိပ်တစ်ကောင်က ကျနော့်ကို လှည့်ကြည့်ပြီးတော့ "မင်းထွက်ပြေးဖို့ စဉ်းစားလည်းအပိုပဲ ထွက်ပြေးလို့ ထပ်ပြီးဖမ်းခံထိရင် အမှု့ပိုကြီးသွားလိမ့်မယ်"ဆိုပြီးတော့ ဖြဲခြောက်ပါလေရော...။
ဆက်လက်ရေးသားသွားပါမည်
ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitmyanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
MSC 160
Author: @kolinn