အသက်သခင်ကျေးဇူးရှင်များဖြစ်ကြသော Steemit community Myanmar leader များနှင့် MSC GP 1 ခေါင်းဆောင်ဖြစ်သော ကိုမိုးဇော် နှင့် GP 1 Members များခင်ဗျာ၊ 4.2.2018 နေ့က ကျွန်တော်အမေနေမကောင်းလို့ ရခိုင်ပြည်နယ် စစ်တွေမြို့ သမားတော်ကြီး ဆေးခန့်သို့ ဆေးကုသရန်ရောက်ရှိခဲ့ပါတယ်၊ ဆေးခန့်သို့ရောက်ခဲ့တဲ့အချိန်မှာတော့ 11.PM ဖြစ်ပါတယ်၊ ဆေးခန့်သို့ရောက်ရောက်ချင်း Booking လက်မှတ်ခံခဲ့ပါတယ်၊ ဆေးခန့်မှာလူများတော ကျွန်တော်တို့ မနက်ကနေ ညနေ 5 hr ထိစောင့်နေခဲ့ရပါတယ်၊ ဆရာဝန်စမ်းသပ်ပြီးတော့ ဓာတ်မှန်ရိုက်ရန်ညွန်ကြားခဲ့ပါတယ်၊ အမေဖြစ်မှာခံစားနေရတဲ့ ရောက်ဂါကတော့ ခေါင်းမှုးနေခြင်းဖြစ်ပါတယ်၊
ဒီလိုမျိုးမှုးမှုးနေတာ (1) year လောက်ရှိနေပြီးလို့ပြောပါတယ်၊ သို့သော် ဘယ်ရောဂါမှန်းအသိကျမသိရခြင်းဖြစ်ပါတယ်၊ ဆရာဝန်ညွန်ကြားမှု့ကြောင်း ဓာတ်မှန်ရိုက်ရန်သွားရောက်ခဲ့ပါတယ်၊ နောက်ထပ်တဖန် ဆေးခန့်မှာစောင့်ရင့်နဲ့ ကျွန်တော်မှာပါလာတဲ့ ပိုက်ဆံကို တွက်ချက်ခဲ့တဲ့အခါမှာ လှုံလောက်မှု့မရှိတာတွေ့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ စစ်တွေမြို့ပေါ်မှာ ဆွေမျိုးမိတ်ဆွေမရှိတော့ စားစရိုက်နှင့် နေစရာအခက်ခဲ့ရှိခဲ့ပါတယ်၊ နေစရာနေရာနှင့် စားစရိုက်ကို အဓိကထားပြီး စဉ်းစားခဲ့ရပါတယ်၊ စားတာကို ဆိုင်မှာစားပြီး နေရာအတွက် ငှားထားခဲ့ရပါတယ်၊ ကျွန်တော်အထင်ဖြင့် ဆေးခန့်မှာဒီလိုလူနာတွေများနေမယ်ဆိုရင် အနည်းဆုံးသုံးည လောက်ငှားနေရမယ်၊ နောက်ပြီး စားစရိုက်ကို တွက်ကြည့်ပြန်တော့လဲ့ သုံးရက်တည်းခိုနေရမည်ဆိုရင် အချင်မပြေတာကို တွေ့ရှိခဲ့ပါတယ်၊ ကျွန်တော်ရွာပြန်ပြီး ပိုက်ဆံသွားရှာရင်လဲ အမေကို တစ်ယောက်တည်းထားခဲ့ရမှာ နောက်ပြီး စစ်တွေကနေ ကျွန်တော်တို့ရွာကို ပြန်ဖို့အတွက် ကားတစ်တန် လှေ တစ်တန်စီးပြီးသွားရမှာဆိုတော့ လမ်းစရိုက်ကလဲ ပိုကုန်အုံးမယ် ဒါကြောင်း သူငယ်ချင်းတစ်ယောက်ဆီ အကူညီတောင်းခဲ့ပါတယ်၊ ကံဆိုးချင်ရင်တော့ ရွာမှာအမြဲရှိတဲ့သူငယ်ချင်းတစ်ယောက်က အဲဒီနေ့ရွာမှာမရှိဘူး၊ ဒါကြောင်းသူကိုပြောဖို့အတွက်လည်းအချင်မပြေပြန်ဘူး၊ ဒီလိုနဲ့ အကူညီမဲ့ဖြစ်နေပြီး ရှေ့ဆက် ဘယ်လိုလုပ်ရမလဲတွေးပြီး အကူညီရှာနေခဲ့ပါတယ်၊ နောက်ဆုံးတော့ အသက်သခင်ကျေးဇူးရှင်များဖြစ်တဲ့ MSC GP 1 ကိုမြင်လာပါတောတယ်၊ သို့သော် ကျွန်တော်ရဲ့ အားနာတဲ့ စိတ်ကြောင်း GP ထဲအညီတောင်းဖို့အတွက် အချိန်အကြာကြီး တုံ့ဆိုင့်နေခဲ့ပါတယ်၊ ဒီလိုနဲ့ အကူညီမတောင်းရင်လဲ့ ကျွန်တော်တို့အချင်ပြေမှာမဟုတ်ဘူး၊ ဒါကြာင်း ကျွန်တော်ရဲ့ အားနာတဲ့ စိတ်ကို ခဏထားပြီး ကျွန်တော် အကူညီတောင်မှရတောမယ်ဆိုတဲ့အတွေးနဲ့၊ အချိန်ကို အတိကျမမှတ်မိသော်လည်း ၈ နာရီပတ်ဝန်းကျင်လောက်က ကျွန်တော် MSC Gp 1 မှာအကူညီတောင်ခဲ့ပါတယ်၊ ကျွန်တော် အကူညီတောင်စာပို့ပြီး ခဏအကြာမှာ ကံကောင်းစွာဖြင့် GP 1 ခေါင်းဆောင် ကြီး ကိုမိုးဇော်ရောက်ရှိလာခဲ့ပါတယ်၊ ဒီလိုနဲ့ ကျွန်တော်ရဲ့ အခက်ခဲ့ကို အကို မိုးဇော်သေချာမေးပြီး GP 1 Members တွေနဲ့အတူတူ အကူညီအတွက် ဝိုင်းဝန်းစီစဉ်ခဲ့ကြပါတယ်၊ GP 1 Members တွေကလေးဘဲ စိတ်အားထက်သန်စွာဖြင့် အကူညီအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်၊ အဖွဲ့သားတွေရဲ့ တိုက်တွန်းမှု့ စည်းလုံးမှု့ လုပ်ဆောင်မူ့တွေနဲ့ ကျွန်တ်ာရဲ့လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီထောက်ပံ့ခဲ့ကြပါတယ်၊ ကျွန်တော်အမေနှင့်အတူ ကျွန်တော်တို့မိသားစုတွေကလေးဘဲ MSC အဖွဲ့သူ/သားများနှင့် GP(1) Leader အကိုမိုးဇော်နှင့် အဖွဲ့သူ/သားများကို ကျေးဇူးတင်လျှက် အမြဲတမ်းထာဝရ ကျန်းမာ ချမ်းသာ ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလျှက်ရှိနေပါတယ်၊ ဒါနဲ့စကားမစပ် 5.2.2018 နေ့ ဓာတ်မှန်အဖြေသိရှိရပြီး ကံကောင်းစွာဖြင့် ရောဂါမရှိတာကို တွေ့ရှိခဲ့ရပါတယ်၊
ဒါကြောင်း ကျွန်တော်အစီစဉ်ဖြင့် သမားတော်ဆေခန့်မှတဆင့် ပုဏ္ဏားကျွန်းဆေးခန့်သို့ ဆေးလွဲစာတောင်ခံခဲ့ပါတယ်၊ ဘာကြောင်းဆိုသော် ပုဏ္ဏားကျွန်းမြို့မှာဆို ကျွန်တော်တို့ရွာနဲ့လဲ့နီး မိသားစု ဆွေမျိုးတွေကလဲ့ ရှိတယ်ဆိုတော့ ကျွန်တော်တို့အတွက် အချင်ပြေနိုင်တယ်ဆိုပြီး ဆေးစာဖြင့် ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိခဲ့ပါတယ်၊ ဒါနဲ့ တစ်ခုရှိတာက ကျွန်တော်တို့ရွာနဲ့ ပုဏ္ဏားကျွန်းဆေးရုံနဲ့ နီးတယ်ပြောပြီး ဘာကြောင်း စစ်တွေကို သွားရတာလေးဆိုပြီး အမေးတစ်ခုရှိနိုင်ပါတယ်၊ ကျွန်တော်တို့စပြီး အမေနေမကောင်းတဲ့နေ့မှာ ပုဏ္ဏားကျွန်းမှာ ဆရာဝန်မရှိဘူး၊ ခရီးသွားနေတယ်လို့ပြောပါတယ် ဒါကြောင်း စစ်တွေကိုထိသွားဖြစ်ခဲ့တာပါ၊ ပုဏ္ဏားကျွန်းမြို့သို့ရောက်တာနဲ့ ကျွန်တော် Myanmar Steemit community MSC GP(1) ကလှူတန်းပေးသော ငွေ(၅၀၀၀၀) သောင်းကိုလက်ခံရရှိပြီး ဒီငွေနဲ့အတူပုဏ္ဏားကျွန်းဆရာဝန်ဆီသွားရ ဆေးကုသမှုကိုခံယူခဲ့ပါတယ်၊
စမ်းသပ်ဆေးထိုး ဆေးပေးပြီး မကြာမှီအချိန်တိုလေးမှာ အမေ တော်တော်များများသက်သာနေကောင်းလာတာကို တွေ့မြင်ခဲ့ရပါတယ်၊ ပကတိပုံမှန်ထိမသက်သာသေ့ပေမဲ့၊ ဆေးမကုသမှီအချိန်နဲ့ဆာရင် တော်တော်များများသက်သာနေတာကိုတွေ့ရပါတယ်၊ ဒါကြာင်း ကျွန်တော်အမေကျန်းမာရေးအတွက် ဝိုင်းဝန်းကူညီးပေးကြတဲ့ GP(1) ခေါင်းဆောင် အကိုမိုးဇော်နှင့် GP အဖွဲ့ဝင်အားလုံးကို ကျွန်တော်အမေနှင့် မိသားစုများက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နောက်ပြီး GP(1) ခေါင်းဆောင် အကိုမိုးဇော်နှင့် တတ်နိုင်သလောက်လှူတန်းပေးခဲ့ကြတဲ့ GP (1) အဖွဲ့သူ/သားများကို အသက်သခင်ကျေးဇူးရှင်တွေအဖြစ် MSC 037 Konyi မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။။
တောင်ပန်လွှာ
တကယ်လို့များ ကျွန်တော်ရဲ့အရေးသားတွေညံ့ဖြင့်လို့ တကယ်ကျေးဇူးတင်ရမဲ့အချို့သူတွေခဲ့မယ်ဆိုရင် နားလည်ခွင့်လွတ်ပေးကြပါလို့ တောင်းပန်အပ်ပါသည်၊ ကျေးဇူးတင်ပါတယ်။
Written by Konyi
MSC 037