ဗုဒ္ဓဘာသာဝင်များက နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ် ကောင်းမှုတို့ကို ပြုလုပ်ကြသည်၊ နိဗ္ဗာန်ရောက်ရေး၊ စကား ကိုလည်းမြဲပြောလေ့ရှိကြသည်၊ နိဗ္ဗာန်သည် ဗုဒ္ဓဘာသာဝင်များအတွက် အန္တိမရည်းမှန်းချက်ဖြစ်ရဲ့ ပေါက်မြောက်အောင် လုပ်ကိုင်ပါက ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် လွန်စွာကောင်းမြတ်ပြီး ကျန်ဘာသာဝင်များအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။ သို့သော် ဘာသာဝင်များ၏ နိဗ္ဗာန်ရောက်ရေးစဉ်းစားမှုသည်….မြန်မာ့အားကစား ကမ္ဘာကိုလွမ်းစေရ မည်” ကြွေးကြော်သံလို ရှေ့ကိုတအား လှမ်းလွန်းနေပါသည်။ မျက်မြင်တွေ့ရပြီး လုပ်နိုင်က ရနိုင်သည့်အားကစားပင် အရှေ့တောင် အာရှတောင်မတိုးနိုင်သေးဘဲ ကမ္ဘာကို မှန်းတော့၊ ဆိုရတာကြားရတာ ရှက်စရာ လူရယ်စရာဖြစ်နေသည်ကို လူတိုင်းသိပါသည်။ ဒါမေမယ့် ငါ့ဘာသာ ငါတတ်တာ ဘာဖြစ်လဲဆိုတော့ လည်း မပြောတတ်ပါ။ ကျွန်တော်တို့ဘုရားရှင်သည် ဘုရားဖြစ်ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတွင် အသွေး၊ အသား၊ တိရစ္ဆာန်ဘဝတို့ဖြင့် ဘယ်လိုပေးဆပ်ပြီး ပါရမီဖြည့်ခဲ့ရလဲဆိုတာ သိအောင်လုပ်၊ မြင်အောင်ကြည့်ပြီး မိမိတို့လည်း လက်တွေ့ လုပ်နိုင်တာကို လုပ်ရမယ်ဆိုတာ သတိထားရန်လိုပါမည်။
ထို့ကြောင့် ကျွန်တော်တို့တွေ နိဗ္ဗာန်အလုပ်ကိုမလုပ်မီပါရမီဖြည့်သည့်အနေဖြင့် မိမိဘာသာ အဓွန့်ရှည်တည်တံ့ရေးတိုးပွားစည်ပင်ရေးအတွက် ဘာတွေလုပ်ပြီးပြီလဲ၊ စဉ်းစားပြီးမှ နိဗ္ဗာန်လမ်းကို ရှေ့ရူလျှောက်မှာသာ ပါရမီပိုမိုပြည့်စုံနိုင်ပြီး မိမိ ဘာသာကို ပိုမိုတန်ဖိုးထားမြတ်နိုးရာရောက်မည်ထင်ပါသည်။ ဘုရားလောင်းသုမေဓာရှင်ရသေ့၏ လောကီအကျိုး၊ သာသနာအကျိုးနှစ်ဖြာကို ဆောင်ရွက်ပါရမီဖြည့်ခဲ့ပုံအား ဘာသာဝင်များစံထားပြီး လောကီအကျိုး၊ ဘာသာအကျိုးအတွက် မှန်ကန်စွာ ဆောင်ရွက် ပေးနိုင်ကြပါစေ။
ရှေးက ဗုဒ္ဓဘသာဝင်ဟောင်းတွေဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံသားများသည် ဘာသာအတွက် အသေချာတွေးမလုပ်ခဲ့လို့ ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံမှသည် မွတ်ဆလင်အများဆုံးနိုင်ငံ အဖြစ် ပြောင်းရွှေ့သွားပါသည်။ အလားတူ တောင်ကိုရီးယား နိုင်ငံသည်လည်း အရှေ့ အာရှတွင် ခရစ်ယာန်ဘာသာဝင်အများ ဆုံးနိုင်ငံဖြစ်သွားရသည်ကို လည်း ကျွန်တော်တို့တွေ မြင်အောင်ကြည့်ပြီး မမေ့တတ်ရန်လိုပါမည်။ မေ့ပစ်ရမည့်အရာလည်း မဟုတ်ပါ။
ဗုဒ္ဓဘာသာဝင်များ နောက်ဘဝအတွက် ကြိုးပမ်းလုပ်ဆောင်ကြရာတွင်လည်း အရေးအကြီးဆုံးက လက်ရှိဘဝမှာ မိမိဘာသာသာသနာကို မကွယ်ပျောက်အောင် ဦးစွာလုပ်သင့်သည်ဟု ထင်ပါသည်။ ဘာသာစည်ပင်တိုးပွားရေး၊ တည်တံ့ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်မှလည်း ဘဝကူးပိုမို ကောင်းနိုင်မလား ထင်မိပါတယ်။
ကိုယ် လူ့ပြည်မှ စွန့်ခွာသွားသည့်အချိန် ဘာသာကို မကာကွယ်နိုင်သေးသည့်အတွေး တွေးမိရင် အသေဖြောင့်နိုင်ပါ့မလား တွေးမိပါသည်။ မိမိမရှိတော့သည့်အချိန်တွင် ဘာသာကို ကိုးကွယ်မည့်သူမရှိရဲ့ သူတို့တွေ ကမ္ဘာအကောင်းဆုံးဗုဒ္ဓ ဘာသာနှင့်တွေပြီး ကျင့်ကြံခွင့်ရလျှင် သင့်နည်းတူနိဗ္ဗာန်ကို မျက်မှောက်ပြုလာနိုင်ကြဦးမည့် အခြားလူသားများ အကျိုးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်မပေးနိုင်ခဲ့လျှင် သင်ဘာသာအတွက် တာဝန်မကျေခဲ့သလို မိမိအကျိုးသာကြည်ခဲ့သည့် အတွက် လူသားတစ်ယောက်တာဝန်ကို လည်း သင် မကျေပွန်ခဲ့ဖြစ်နေမလား ကျွန်တော်ခံစားမိပါသည်။ ထို့ကြောင့် မိမိလူ့ဘဝတွင်ရှိနေစဉ် ဘာသာအတွက် လုပ်သင့်လုပ်ထိုက်တာမဖြစ်မနေလုပ်သွားပါဟု တိုက်တွန်းသတိပေးလိုပါသည်၊ သင်တစ်ယောက်တည်း လောကသံသရာမှ လွတ်မြောက်သွားပေမယ့် ဗုဒ္ဓဘာသာပြိုလဲသွားတဲ့ အဆိုပါနိုင်ငံတွေလို ဘာသာဝင်မရှိလို့ နောင်နိဗ္ဗာန်သို့ မျက်မှောက်ပြုမည့်သူမရှိမဖြစ်ရလေအောင် ဘုရားလောင်းသူမေဓာရှင်ရသေ့၏ ထုံးကို နှလုံးမှုရဲ့ စဉ်းစားလုပ်ပေးသွားကြပါဟု ပြောပြချင်ပါတယ်။
ဗုဒ္ဓဘာသာ၏ ပစ္စက္ခအခြေအနေတွင် ငွေကြေးပြည့်စုံစုံ အကုန်အကျခံနိုင်မှ ဗုဒ္ဓတရားကို နာကြားခွင့်ရကြသည့်သဘော ဖြစ်နေသည်။ ရန်ပုံငွေအတွက် ပွဲလုပ်သင့်သော နေရာတွင်တော့လုပ်ပါ၊ မလုပ်သင့်သည့်နေရာတွင်တော့ မလုပ်စေလိုပါ။ ရရှိလာသည့် အလှူငွေများကိုလည်း ဘာသာဝင်များအကျိုး၊ ဘာသာစည်ပင်ရေးအကျိုးများတွင် သုံးစွဲပါက ဘာသာအတွက် ပိုမိုအကျိုးများကုသိုလ်ရပြီး ဘာသာဝင်များအတွက် အားကိုးရာတစ်ခုဖြစ်လာနိုင်ပါသည်။
ရေဘဝဲမိခင်သည်သေဆုံးသည်အထိ သားသမီးအတွက် နောက်ဆုံးပေးဆပ်မှုမှာ ပေါက်ဖွားလာမျိုးဆက်သစ်ရေဘဝဲ ပေါက် (၁) သိန်းခန့်သည် မိခင်ရေဘဝဲမကြီး၏ အသားကိုစားရဲ့ ကြီးပြင်ကာ လောကြီးထဲဝင် ရောက်ရပါသည်။ သတ္တဝါဖြစ် သော်လည်း သူ့မျိုးဆက်အတွက် ပေးဆပ်မှုမှာ တုနှိုင်းမဲ့ပါ။ တစ်ကောင်ပေဆပ်မှ မျိုးဆက်သစ် (၁) သိန်းဖြစ်ပါသ်ည။ တစ်ကောင်မှမပေးဆပ်လျှင် ရေဘဝဲမျိုးဆက်ရှိမလာနိုင်ပါ။
photos form Google
written by Konyi
MSC 037