ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တော်တော်များများ မဖြေနိုင်တဲ့မေးခွန်းတစ်ခုကိုဖော်ပြပေးလိုပါတယ်။ တခြားဘာသာဝင်တွေမေးလဲ့ရှိတဲ့မေးခွန်းတစ်ခုဆိုလဲမမှားနိုင်ပါဘူး၊ မေးသင့်တဲ့မေးခွန်းတစ်ခုလဲဖြစ်နေပါတယ်၊ ခွဲခြားချက်တစ်ခုဖြစ်နေပါတယ် အဲဒါကတော့ ဗုဒ္ဓဘာသာမှာ မိန်းကလေးနှင့် ယောက်ျားလေး ခွဲခြားဆက်ဆံတယ်ဆိုတာပါဘဲ၊ ဖြစ်ပုံကတော့ Bus ကားပေါ်မှာ အများအားဖြင့်တွေမြင်နိုင်ပါတယ်၊ တနေ့ ကျွန်တော်အလုပ်ကနေပြန်လာတယ် Bus ကားစီးပြီးတော့ပေါ့ ကားပေါ်မှာလဲ့ လူကတော့သိတဲ့တိုင်ဘဲ အလုပ်ပြန်လာချိန်ဆိုရင်ပြည့်ကျပ်နေတာဘဲ။ အရှေ့က ခုံတန်းမှာ ရဟန်းတစ်ပါလာတယ် အရှေ့တန်းမှာခုံကနှစ်ခုံပါတာလဲ ကျွန်တော်ဆင်းမဲ့မှတ်တိုင်မရောက်ခင်အလိုမှာ မိန်းကလေးတစ်ယောက်တက်လာတယ်၊ ပြီးတော့ လူလွတ်နေတဲ့ ရဟန်းတစ်နားကခုံမှာထိုင်လိုက်တယ် ကျွန်တော်လည်း အဲဒီအနီးနားမှာ ထိုင်နေတဲ့လူတချို့မျက်နှာကို အကြဲဖြတ်ကြည့်နေခဲ့တယ် တော်တော်များများက အဲဒီိကောင်းမလေးကို စိုက်ကြည့်နေကြတယ် ခဏအကြာမှာတော့ အသက် (၅၀) အရွယ်မိန်းမကြီးတစ်ယောက်က ကောင်းမလေးကိုပြောလိုက်တယ် (He! အဲဒီမှာ ဦးဇင်းရှိတယ် ဦးဇင်းနှင့်အတူမထိုင်ရဘူး)ဆိုပြီးမိန်းမကြီးလှန်းပြောလိုက်တဲ့အခါမှာ ကောင်းမလေးက အတခြားနေရာမှာ မတ်တတ်ရပ်နေလိုက်တယ်၊ ခဏနေရင်တော့ ကောင်းလေးတစ်ယောက် ကားပေါ်တက်လာပြီး အဲဒီ နေရာလွတ်မှာဘဲ ထိုင်လိုက်တယ် သို့သော်ဘယ်သူမှ အဲဒီမှာဦးဇင်းရှိတယ် မထိုင်နှင့်လိုပြောမဲ့သူမရှိဘူး။
ဒီဟာကိုအကြောင်းခံပြီးတော့ တချို့ဗုဒ္ဓဘာသာဝင်တွေယော တခြားဘာသာဝင်တွေကပါ ဗုဒ္ဓဘာသာက ယောက်ျားနှင့် မိန်းကလေးတွေကို ခွဲခြားဆက်ဆံတယ်ဆိုပြီး ( ခွဲခြားဆက်ဆံခြင်းဆိုပြီး စကားသံတွေထွက်လာပါတော့တယ်) ဒါကနားလည်မှုလွဲခြင်းတစ်ခုလို့ပြောပါရစေ တကယ်တမ်းရှိတာကတော့ ဘုရားကတော့ဟောထားခဲ့တာရှိပါတယ် ရဟန်းတွေက လူနှင့်တန်းတူးမထိုင်အပ်ဘူး သာမဏေနှင့်တောင်မှ အတူတူစားသောက်လို့မရပါဘူး။ သို့သော် ကားပေါ်မှာဆိုတော့ ခုံတွေကအတူတူပါတာလေ တစ်တန်းတည်းပေါ့၊ ဒါဆို လူတွေနဲ့အတူတူထိုင်ရင် အဲဒီရဟန်းကအာပတ်မသင့်ဘူးလားမေးစရာရှိလာတယ်၊ မသင့်ဘူး ဘာကြောင်းဆိုသော် ဘုရားချမှတ်ထားခဲ့တာတွေက အသေမဟုတ်ဘူး (Living factor) တွေပါ ဥပမာအဖြစ် သေခိယ ကိုကြည့်လိုက်ပါ၊ သေခိယမှာ ဘုရားကဘယ်လိုပြောလေဆိုတော့ ရဟန်းသို့မဟုတ် သာမဏေ တွေက မြို့ထဲရွာထဲကိုသွားမယ်ဆိုရင် မျက်လွှာကို လေးတောင်ဘဲကြည့်ခွင့်ရှိတယ် လေးတောင်ထက်မကပိုကြည့်ရင် ရဟန်းဆိုရင် ဒုက္ကဒ်အာပတ်သင့်ပါတယ်၊ သာမဏေဆိုရင်တော့ ဒဏ်သင့်တယ်လို့ဟောပါတယ်၊ သို့သော်ဘုရားအသေသတ်မှတ်ထားတာမဟုတ်ဘူး ဘယ်လို့ပြောထားသေးလေဆိုတော့ တကယ်တမ်း အန္တရာယ်ရှိမယ်နေရာမျိုးတွေမှာဆိုရင် လေးတောင်ထက်မက ကြည့်ခွင့်ရှိပါတယ်။ အဓိကကျွန်တော်ပြောချင်တာက ရဟန်းတစ်ပါးက တစ်ကယ်အကြာင်းအရာရှိပြီးသွားရမည်ခရီး သို့သော်အဲဒီခရီးကလည်းဘဲ ကားနဲ့မသွားရင်မရောက်ဘူး ကားပေါ်မှာလဲ့ အခြေနေအရ တန်းတူထိုင်ခဲ့ရရင်တောင့်မှ အာပတ်မသင့်ပါဘူး။
သို့သော် မိန်းကလေးတွေနဲ့ကျပြန်တော့ ဘာကြောင်းခွဲခြားရတာလေး? ကားပေါ်မှာအခြေနေအရ ခရီးသွားခဲ့ဆိုပါစို့ အဲဒီကားပေါ်မှာ မိန်းကလေးတွေလဲ့ပါလာတယ် ကျားတွေလဲ့ ပါလာတယ် သို့သော်အခြေနေအရ ကျားတွေနဲ့ အတူတူထိုင်ခဲ့ရသော်လည်း အာပတ်မသင့်ဘူးလို့ဖြေခဲ့တယ် မိန်းကတွေနဲ့ကျတော့ဘာကြောင်း ရဟန်းသံဃာတွေနဲ့ အတူတူမထိုင်ရဘူးလို့ပြောကြတာပါလေး။ အမှန်မှာတော့ ခွဲခြားဆက်ဆံတာမဟုတ်ပါဘူး ထိုင်မယ်ဆိုရင်ထိုင်လို့ရပါတယ်၊ ဒီနေရာ ကျွန်တော်ဆရာလူတစ်ယောက်ကိုပြောခဲ့စကားကို သတိရမိလို့မျှ့ဝေးပေးပါရစေ.. ကျွန်တော်ဘုန်းကြီးမှာနေပြီးစာသင်ယူနေတုန်းအချိန်မှာ ကျွန်တော်နှင့်အတူတူနေတဲ့ သူငယ်ချင်းတစ်ယောက်မှာ ခြေထောက်မှာ အနာဖြစ်ပြီး ခွဲစိတ်ကုသခံနေရပါတယ်၊ ဆေးရုံကဆင်လာပြီးကျောင်းကိုလဲ့ရောက်တော့ သူခြေထောက်က လမ်းလျှောက်လိုသိပ်အချင်မပြေသေးဘူး ဖုံတွေကပ်မှာစိုးလို့သူက ဖိနပ်စီးပြီးလမ်းလျှောက်ချင်တယ် သို့သော် ကျောင်းမှာက ဖိနပ်စီးခွင့်မရှိဘူးဆိုတော့ သူကစဉ်းစားတာပေါ့ ဘုန်းကြီးကို အကြောင်းအကျိုးကိုသွားပြောလိုက်ရင်အချင်ပြေမှာဘဲဆိုပြီး ဘုန်းကြီးကိုသွားပြောလိုက်တယ် (ဘုန်းကြီးကဘာပြောလိုက်လေဆိုတော့ ငါ့မစီးနဲ့လို့လဲ တကာလေးကိုမပြောဘူး စီးပါလို့လဲမပြောဘူး စီးချင်ရင်စီးလို့ရပါတယ် သို့သော် ဗမ္ဗိသာရမင်းဘာကြောင်းဖဝါးအစိတ်ခံရတာလေးဆိုတာကို တကာလေးသိမယ်ထင်ပါတယ်) ဘုန်းကြီးက ဒီလို့ပြောလိုက်ပါတယ်။
အဓိကပြောချင်တာက မိန်းကလေးတွေ ရဟန်းနှင့်အတူတူမထိုင်ရဘူးမဟုတ်ပါ၊ ရဟန်းတွေဆိုတာကလည်း တဏှာကုန်ခမ်းပြီး ရဟန္တာတွေမဟုတ်သေးပါ ပုထုဇဉ်များသာဖြစ်ပါတယ်၊ မိန်းကလေးကို ထိတွေ့ပြီးသာယာမယ်ဆိုရင် အဲဒီရဟန်းက သံဃာဒိသသ်အာပတ်သင့်ပါတယ် (သံဃာဒိသသ်အာပတ်ဆိုတာ ပါရာဇိက အာပတ်ပြီးရင် အကြီးဆုံးအပြစ်ဖြစ်ပါတယ်။) ဒါကြောင်းရဟန်းသံဃာတွေ သံဃာဒိသသ်အာပတ်ကို အထူးဂရုစိုက်ရပါတယ်၊ တကယ်လို့ ရဟန်းကမထိဘဲ မိန်းကလေးလာထိတွေ့တာကို ခံစားပြီးသာယာမိမယ်ဆိုရင်လည်း သံဃာဒိသသ်အာပတ်သင့်ပါတယ်။ ဒါကြောင်းမိန်းကလေးတွေနဲ့အတူတူထိုင်ရင်မသာယာဘူးလို့ပြောမရဘူးလည်း သာယာမိရင်သွားပြီး ဒါကြောင်းမဖြစ်ခင်ကတည်းကကြိုကာကွယ်ထားရင် ရဟန်းတွေအတွက်ယော မိန်းကလေးတွေအတွက်ပါ ပိုကောင်းမယ်ထင်ပါတယ်၊ ထိတွေ့ပြီးသာယာမယ်ဆိုရင် ရဟန်းတွေမှာလည်း အာပတ်သင့်သလို့ မိန်းကလေးတွေမှာလည်းဘဲ အပြစ်ဖြစ်ပါတယ်၊ ဒီအကြောင်းအရာတွေကို တကယ်နားလည်ကြတဲ့သူတွေက သိပြီး တကယ်နားမလည်းကြတဲ့သူတွေက ဗုဒ္ဓဘာသာက မိန်းကလေးနှင့် ယောက်ျားတွေကို ခွဲခြားဆက်ဆံတယ်ဆိုပြီး အသံတွေထွက်လာကြတာပါ။
photo from Google
Written by Konyi
MSC 037