SM ရာသီချိန်ပြီးသွားတော့ ဒီတပတ် Diamond-II နဲ့ အဆုံးသတ်သွားပါတယ်။ steemit နဲ့ဆက်စပ်ပြီး ဒီဂိမ်းတစ်ခုပဲ ပုံမှန်လေးဆော့ဖြစ်ပါတော့တယ်။ ပုံမှန်လေးဆိုပေမေ့ Quest လောက်သာဆော့ဖြစ်တာများတယ်။ ခုရက်ပိုင်း Dec Token လေးရတော့ နဲနဲပိုဆော့ဖြစ်လာတယ်။ Dec တွေကို Steem-engine မှာ ပေါက်ဈေးအတိုင်း steem ပြောင်းလဲနိုင်တော့ SM ကို ပိုစိတ်ဝင်စားလာကြတယ်။ အသုံးမတည့်တဲ့ကဒ်တွေကိုလည်း dec ချိန်းလို့ရနေတော့ အဆင်ပြေသွားတာပေါ့။
Images Credit - Original Source
ရာသီချိန်အပြီးမှာ ရလာတဲ့ကဒ်တွေကို ရင်ခုန်စွာနဲ့ဖွင့်ရတာ SM ရဲ့ ဆွဲဆောင်မှုတစ်ခုပါ။ ကဒ်တွေများများဖွင့်ရလေ ပိုရင်ခုန်ရလေပါပဲ။ ဒီတပတ် Diamond-2 ရဲ့ Reward cards 50 ရလိုက်ပါတယ်။
Images Credit - Original Source
မြင်တဲ့အတိုင်းပါပဲ တန်ဖိုးကြီးကဒ် ၂ကဒ် ၃ကဒ်လောက်ပဲပါတယ်။ ကျန်တာတွေက အသုံးမတည့်ပါဘူး။ အသုံးမတည့် လွယ်လွယ်နဲ့ရောင်းမထွက်ပေမေ့လည်း သိပ်ပူစရာမလိုတော့ပါဘူး။ dec ချိန်းပြီး steem ပြန်ထုတ်လို့ရနေပါပြီ။
Images Credit - Original Source
D-II နဲ့ပြီးသွားတော့ Gold-II ကနေပြန်စရတယ်။ G-II မှာ Quest အပြီး 7 ကဒ်ရတယ်။ နေ့စဉ်ပုံမှန်လေးဆော့ပြီး ကဒ်တွေထုတ်ရယူနေရုံပါပဲ။