ငါဆိုသည်မှာလည်း စာရေးရမှာအလွန်းပျင်းတာပါပဲလား။ တနေ့နေ့ တရွေ့ရွေ့နဲ့ SM တောင် တရာသီပြောင်းခါနီးလေပြီ။ ၃ရက်တခါ ၄ရက်တခါတောင် steemit ပေါ် စာရေးမတင်ဖြစ်တဲ့ဘ၀။ စာဆိုတာလဲ မရေးပဲနေရင် ရေးကိုမရေးချင်တော့တဲ့အမျိုး။ btc နဲ့တကွ တခြား coin တွေ မိုးမျှော်နေပေမေ့လည်း ကိုယ်တွေရဲ့ steem ကတော့ အ၀ီစိကိုမျက်စောင်းထိုးနေတယ်။ ဒီလိုအချိန်မှာ စာရေးမပျက် နေ့စဉ်ရက်ဆက် အားသွန်ခွန်စိုက် စာရေးပိုစ့်တင်နေကြတဲ့ Steemians တွေကို မလေးစားပဲမနေနိုင်ပါဘူးလေ။ Myanmar steemmians တွေ အောင်မြင်မှုရကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Images Credit - Original Source
ကိုယ်တွေကတော့ စာရေးအားမသန်ပေမေ့ ဂိမ်းတော့ပုံမှန်လေး ဆော့ဖြစ်နေပါတယ်။ ဂိမ်းဆိုပေမေ့လည်း SM တခုထဲသာ နေ့စဉ် Quest လေးဆော့နေတာပါ။ ၂ပတ်တရာသီ ပြောင်းနေတဲ့ SM ဟာ ဒီရာသီပြီးဖို့ ၁-ရက်သာလိုပါတော့တယ်။ ကိုယ်တွေကတော့ Diamond-2 ကိုရောက်ရှိလာပါတယ်။ ဒီရာသီလည်း Reward Cards 50 သေချာသွားပါပြီ။ ဘယ်လိုကဒ်တွေရလာမလဲဆိုတာတော့ ရင်ခုန်စရာပေါ့။ ဒီနေ့ Quest အပြီးမှာရလာတဲ့ကဒ်တွေကတော့ လိုချင်စရာတကဒ်မှပါမလာပါဘူး။ ဘာဖြစ်ဖြစ်လေ ရလာတာကို အသုံးမပြုရင်လည်း Dec နဲ့လဲရတာပေါ့။
Images Credit - Original Source
မနက်ဖန်တရက်တော့ နားမှရတော့မယ်။ အမြင့်ကိုရောက်လာလေ အကြီးကြီးတွေနဲ့တွေ့လာရလေပါပဲ။ သူတို့နဲ့တွေ့လို့ ရှုံးလေ မခံချင်စိတ်နဲ့ဆက်တိုက်လေ တိုက်ရင်းတိုက်ရင်းနဲ့ Rate က ကျကျသွားလေပါပဲ။ အဲဒါ မနေ့ညက D-2 ကိုရောက်လိုဇောနဲ့ ဆော့ဖြစ်လိုက်တာ Capture Rate 35 % လောက်ပဲကျန်တော့မယ်။ Capture Rate ကလည်း steemit မှာ upvote ပေးသလိုပါပဲ။ Rate ကျလာတာနဲ့အမျှ တိုက်ပွဲနိုင်လို့ရတာတဲ့ Dec ကလည်း နဲနဲသွားပါတယ်။ Rate ကို အနည်းဆုံး 50% လောက်မှာထိန်းထားသင့်ပါတယ်။