ဒီရက်ပိုင်းကျွန်တော် အီးအမ်အကြောင်းဘဲတင်လို့ သူငယ်ချင်းတွေပျင်းနေအုန်းမယ်
ခင်ဗျ။ အပြောင်းအလဲလေးဖြစ်အောင်
တင်မလို့စဉ်းစားလိုက်တာ တိုက်တိုက်ဆိုင်ဆိုင် ၁၀တန်းအောင်စာရင်းထွက်တဲ့ရက်နဲ့တိုးနေတော့ ၁၀တန်းအောင်စာရင်းအကြောင်းရေးမယ်ဗျာ ။
ဒီနေ့တွေရမြင်ရတာတော့ မြင်ကွင်းကအစုံဘဲဗျပျော်တဲ့သူကပျော် ငိုတဲ့သူကငို
အစုံပါဘဲဗျာ ။အချို့မိမိမှန်းထားသလို ဂုဏ်ထူးမပါလို့ စိတ်ညစ်ကြတာတွေလည်းရှိကြတယ်ဗျာ ။
တစ်ချက်ဆိုးတာက ၁၀တန်း မအောင်လို့
ဘဝကြီးကသွားပါပြီလို့ အချို့လူငယ်တွေကတွေးကြတာ ဆိုးတာဗျာ တကယ်တော့
၁၀တန်း ကဘဝကြီးရဲ့အတွက်တစ်ကယ့်အဆုံးမဖြတ်မဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။နောက်နှစ်တွေမှာအကြိမ်ကြိမ်မိမိမှာကြိုးစားခွင့်ရှိတယ်လေ အဲ့တာကြောင့်စိတ်ဓာတ်
မကျဘဲ သေချာကြိုးစားရင်ဖြစ်ပါတယ်။
ဒါကတော့ မအောင်တဲ့ သူတွေအတွက်
တွေးမိတဲ့အတွေးလေးပြောပြကြည့်တာခင်ဗျ

နောက်တစ်ချက် ပြောချင်တာက ကျွန်တော်တို့ လူမှု အသိုင်းအဝိုင်းရဲ့ အယူအဆ နဲ့
ပတ်သက်ပြီး ပြောချင်တာဗျ ။ဘာလည်းဆိုတော့ တော်တော်များများ လူတွေက ၁၀တန်းအောင် အမှတ်ကောင်းအောင်လုပ် တက္ကသိုလ် ကောင်းကောင်းတက်ပြီး ဝန်ထမ်းကောင်းလုပ်ပေါ့ အဲ့လိုအတွေးနဲ့အယူအဆတွေဘဲရှိတာများနေတယ် ။ ဝန်ထမ်း ဘဝတိုင်းကတော့ တကယ်ကြီး ပျော်စရာကောင်းနေတာတော့မဟုတ်ဘူးဗျ အခက်အခဲတွေ
အတိုက်အခိုက်တွေ အပြိုင်အဆိုင်တွေရှိတယ် မိမိရဲ့ အကောင်းဆုံးအချိန်တွေကိုသူဌေး
ဆီမှာရောင်းစားရတာပိုက်ဆံရတယ်ဆိုပေမယ့် တကယ် ကိုယ်ခံစားရတာတွေနဲ့ တွက်ကြည့်ရင်မတန်ဘူးပြောလို့ရတယ်ဗျ ။
အဲ့လိုပြောလို့ ဝန်ထမ်း လုပ်တိုင်းမကောင်းဘူးပြောတာတော့မဟုတ်ဘူးနော် ဖြစ်လေ့ရှိတာများတာပြောတာ ပါ ။ အကောင်းဆုံးကတော့ ဝန်ထမ်းလုပ်ရင်လည်းမိမိဝါသနာပါတဲ့
လုပ်ငန်းမှာလေ့လာလုပ်ကိုင်ပြီးတစ်ချိန် ဒီလုပ်ငန်း မျိုး မိမိကိုယ်တိုင် တည်ထောင်နိုင်အောင် ကြိုးစားသင့်တာပါ။ နောက်မိမိက
ဝန်ထမ်းလုပ်နေရင်းနဲ့ အခြားအပြင်စီးပွားရေးလုပ်ငန်းတွေပါ လေ့လာထားသင့်ပါတယ်။
အထူးသဖြင့် ESBI ကို လူတိုင်းမဖြစ်မနေသိထားသင့်ပါတယ် ။


အခု ၂၀၁၈ အတွက် ၁၀တန်းအောင်မြင်သွားတဲ့ ကလေးတွေကလည်း အခြားအနာတ်မှာ ခေတ်စားလာမယ့် နည်းပညာရပ်တွေ
မိမိ တကယ်စိတ်ဝင်စားတဲ့လုပ်ငန်းနယ်ပယ်တွေကို ထဲထဲဝင်ဝင်လေ့လာထားသင့်ပါတယ် ။ အခုမြန်မာနိုင်ငံမှာက အားလုံးသိကြတဲ့အတိုင်း ဘွဲ့ရပြီးတောင် အလုပ်မရှိဘူးဆိုပြီး ဒီတိုင်းထိုင်နေရတဲ့သူတွေများနေတယ်ဗျာ။ အဲ့တာတွေက ဘာလို့လည်းဆို
အခြား ပညာရပ်တွေအရင်ကတည်းက မဆည်းပူးခဲ့တာရယ် အားလုံးတွေးနေတာကဝန်ထမ်းလုပ်ဖို့ဘဲ ဖြစ်နေလို့ အလုပ်အကိုင်ရှားပါးနေရတာပါ ။ အဲ့လမ်းစဉ်တွေကိုဖောက်ထွက်ပြီး မြန်မာပြည်မှာအွန်လိုင်း ငွေရှာလုပ်နေတဲ့ လူတော်တွေ😍လည်းအများကြီးရှိနေတာတွေ့ရတော့ဝမ်းသာတယ်ဗျ ။

အခုအချက်တွေကျွန်တော် ပြောချင်တဲ့အချက်တွေပါဘဲဗျာ ။ အချုပ်အားဖြင့်ပြောရရင်
မိတ်ဆွေတွေ တစ်နေ့ကို ၁% နှုန်းနဲ့ မိမိကိုယ်ကိုကောင်းအောင်တိုးတက်အောင်ကြိုစားပြီးအောင်မြင်သောဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ရပါတယ်ဗျာ ။
source photo
www.google.com
@kyawthuhein
MSC 260