စိမ်းပြာရေညှိတွင် လူ့ခန္ဓာကိုယ်အတွက်
လိုအပ်သော အာဟာရ အမျိုးပေါင်း ၁၀၀ ကျော်ပါဝင်ပါသည်။ နေစဉ်အာဟာရဓာတ်လုံလောက်စွာ မစားသူများအတွက် ထူးခြားကောင်းမွန်သော အာဟာရဖြည့်စွက်စာဖြစ်ပါသည်။

စိမ်းပြာရေညှိနှင့်ရေသာ ရလျှင် အခြား
ဘာအစာမှမစားဘဲနှင့်ရက်ပေါင်းများစွာ
အသက်ရှင်နိုင်ပါသည် ။
စိမ်းပြာရေညှိတွင်ပါဝင်သော ဓာတ်များမှာ
ပရိုတိန်း/အမိုင်နိုအက်စစ်/မရှိမဖြစ်အဆီများ/ကာဘိုဟိုက်ဒြိတ်ခေါ် အင်အားဓာတ်/
ဗီတာမင်များ/သတ္တုဓာတ်များ/အခြားအာနိသင်များ/
စိမ်းပြာရေညှိတွင်အသားဓာတ် ၅၀% မှ ၆၀
% ပါဝင်ပါသည်။ သားငါးမစားရဘဲ
အသားဓာတ် ရရှိနိုင်သည့် ရှားပါးသောအပင်ဖြစ်သည် ။ သတ်သတ်လွတ်စားသူများ/ရဟန်းသံဃာများ/အသားဓာတ်ချို့တဲ့သူများ/
ကိုယ်ဝန်ဆောင် နှင့်နို့တိုက်မိခင်များ /အားအင်ကုန်ခမ်း လျော့နေသူများ/အသက်အရွယ် ကြီးသူများ အတွက် အထူးသောက်သုံးသင့်ပါသည် ။
မရှိမဖြစ် ခန္ဓာကိုယ်အတွက် လိုအပ်သော အမိုင်နိုအက်စစ် များလည်းရရှိနိုင်ပါသည်။
ခန္ဓာကိုယ်အတွင်း မထုတ်လုပ်နိုင်ဘဲ ပြင်ပအစားအစာ များမှသာ ရရှိနိုင်သော
မရှိမဖြစ် လိုအပ်သော အမိုင်နိုအက်စစ် ၈မျိုး
စိမ်းပြာရေညှိတွင်ပါဝင်သည်။
စိမ်းပြာရေညှိတွင် သံဓာတ်/ ထုံးဓာတ် နှင့်
အိုင်အိုဒင်းဓာတ်များလည်းကြွယ်ဝစွာပါဝင်ပါသည်။သံဓာတ်ကြောင့်သွေးအားကောင်းစေပါသည်။ထုံးဓာတ်ကြောင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အကျိုးဖြစ်ထွန်းစေပါသည်။အိုင်အိုဒင်းဓာတ်ကြောင့် လည်ပင်းကြီးရောဂါကိုကာကွယ်ပေးပါသည်။

ဆီးချိုရောဂါသည်များစားသုံးပါက
ဆီးချိုရောဂါ သက်သာစေပါသည်။အသည်းရောဂအမျိုးမျိုး အတွက်သောက်သုံးပါက
အထူးပျောက်ကင်းပါသည်။အနာရှိသူများ
သောက်သုံးပါက ပါဝင်သည့် ပရိုတိန်းနှင့်
ဗီတာမင်များကြောင့် အနာကျက်မြန်စေပါသည်။ကိုယ်အလေးချိန်လျှော့ချရာတွင် အသုံးပြုနိုင်ပါသည်။ ပါဝင်သော GLAခေါ်ဂါမာလီနိုလီနစ်အက်စစ် ကြောင့်ခန္ဓာကိုယ်အတွင်းရှိပိုနေသော အဆီများကိုချေဖျက်ပေးပါသည်။
သောက်သုံးသင့်သူများမှာ အရက်ဖြတ်ထားသူများ/
ကိုယ်ခံအားနည်းသူများ/အသည်းရောဂါသည်များ/နှလုံးသွေးကြောကျဉ်းရောဂါသည်များ/
မကြာခဏ ဝမ်းလျောတက်သူများ/နာလံထလူမမာများ/
ကလေးငယ်များ/အဝလွန်သူများ/ရင်ပြည့်ရင်ကယ်ဖြစ်သူများ/ နာတာရှည်ရောဂါသည်များ/အနာရှိသူများ
စသည်တို့အထူးသောက်သုံးသင့်ပါသည်။
source photo
www.google.com
@kyawthuhein
MSC 260