World Environment Day
& Myanmar
ကမ္ဘာ့ပတ်ဝန်းကျင်နေ့ နှင့် မြန်မာ
လွန်ခဲ့တဲ့ဇွန်လ ၅ရက်နေ့ ဟာဆို ရင်ဖြင့်
ကမ္ဘာ့ပတ်ဝန်းကျင်နေ့ပါ ။ ကျွန်တော် တို့ဟာ
ကမ္ဘာကြီးကို မစောင့်ရှောက် လို့မရ တော့ပါဘူး
ဒီတိုင်း ပစ်ထားမယ် ဆိုရင်ဖြင့် ဆိုးကျိုးတွေကို
ကျွန်တော်တို့ဘဲ ခံစားရမှာဖြစ်ပါတယ် ။
ဥပမာအနေနဲ့ပြရရင် ကျွန်တော်နေထိုင်တဲ့
စီးပွားရေး မြို့တော် ရန်ကုန်မှာ ဆိုရင်
ပလပ်စတစ် အမှိုက်တွေကို ရေမြောင်းထဲသို့
စည်းကမ်းမဲ့ ပစ်တာတွေများလာတော့ အခုလို မိုးရာသီဆို ရန်ကုန်ကလူတွေ ရေကြီးရေလျှံမှုကို စတင်ခံစားရနေပါပြီ။ ပလပ်စတစ်အိတ်တွေနဲ့ လက်ဖက်ရည် /မုန့်ဟင်းခါးနှင့်အခြား အပူမုန့် တွေကို ထည့်ပြီး သယ်ယူစားသောက်တာတွေ များလာတော့ ကျွန်တော်တို့တွေ ကင်ဆာဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ခွင့် ရခဲ့ကြတာကြာမြင့်ခဲ့ပါပြီ။
ဟိုးအရင် ကဆို မုန့်တွေကို သတင်းစာ စက္ကူ
/သစ်ရွက်များဖြင့် ထုတ်ပိုးသယ်သူခဲ့ကြပါသည် ။
လက်ဖက်ရည် နှင့် မုန့်ဟင်းခါးတို့ကို
ချိုင့် ဖြင့် သယ်သူ စားသောက်ခဲ့ကြပါတယ်။
ထိုအချိန်က စားရသောက်ရသော အစားအစာများမှာလည်း ဓာတုဆေးများမပါသဖြင့်ကျန်းမာရေးနှင့် ညီညွှတ်ပြီး အားလုံးရောဂါကင်းခဲ့ကြပါသည် ။
အခုလိုသဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ပြုန်းတီးသောလူနေမှု တို့ ဖြစ်နေတာတွေ ကို ကျွန်တော်တို့ကထိန်းသိမ်းမှုမလုပ်ရင်ဖြင့် နောက်အနာဂတ်များတွင်ပိုပို၍ ဆိုးလာနိုင်ပါသည် ။
{ ပြုန်းတီးသောလူနေမှုဆိုသည်မှာ
ညအခါတွင် အထပ်မြင့်အဆောက်အအုံများ
လှပစေရန်တစ်ညလုံးမီးထွန်းထားခြင်း / ပြန်လည်အသုံးပြုရန်မစဉ်းစားဘဲသုံးပြီး ပစ္စည်းအများများ ကိုစွန့်ပစ်ခြင်း စသောလုပ်ရပ်များကိုပြုန်းတီးသောလူနေမှုဟု
ခေါ်ဆိုပါသည် }
မြန်မာပြည်တွင် သစ်တောများပြုန်းတီးလာမှုကြောင့် မိုးခေါင်ခြင်းဒုက္ခကိုလည်းအချို့ဒေသများတွင်ခံစားနေရပါသည် ။ ယခုအစိုးရသစ်လက်ထပ်တွင်တော့ ယခင်ထက်
သစ်ထုတ်လုပ်မှုကို ထိန်းချုပ်ထားသည်ဟုသိရှိရပါသည်။ ဒုတိယကမ္ဘာစစ်က မန္တလေးမြို့ကြီးသည် သစ်ပင်များ လုံးဝမရှိတော့လောက်အောင် စစ်ဘေးဒဏ်ကိုခံစားခဲ့ရသည်ဟု ကျွန်တော် စာအုပ်များတွင်လေ့လာမှတ်သားခဲ့ရပါသည် ။ ကျွန်ုပ်တို့ဘိုးဘေးများ၏ ကြိုးစားအားထုတ်စိုက်ပျိုးခဲ့မှုကြောင့်အခုအခါတွင် မန္တလေးရွှေမြို့တော်ကြီးသည်သစ်ပင်ပန်းပင်များဖြင့်စိမ်းလန်းစိုပြေနေသည်ကို ချစ်စဖွယ်တွေ့မြင်နိုင်ပေသည် ။ထိုအချက်ကိုကြည့်ခြင်းဖြင့် ကျွန်တော်တို့ဘိုးဘေးများသည် မိမိနိုင်ငံတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုကြိုးစားအားထုတ်ခဲ့ကြပါသည် ကိုလေ့လာတွေ့ရှိနိုင်ပါသည် ။
ယခုမျက်မှောက်ခေတ်ကာလတွင်
ကျွန်ုပ်တို့ လက်လှမ်းမှီသော
နည်းလမ်းလေးများဖြင့် တစ်ပိုင်တစ်နိုင်သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ပေသည်။လက်လှမ်းသိသလောက်သစ်ပင်လေးများကို စိုက်ပျိုးသင့်ပေသည် ။ သစ်ပင်စိုက်သော အခါတစ်ခုပြောချင်တာကတော့ ကျွန်တော်တို့
နိုင်ငံတွင် သစ်ပင်စိုက်ပျိုးပွဲများ အမြဲမပြတ်သတင်းစာ
ဂျာနယ်များတွင် ကြားရမြင်ရတွေ့ရပါသည် သို့သော်
ထိုစိုက်ပျိုးထားသော သစ်ပင်များကို ထိန်းသိမ်း
စောင့်ရှောက်မှု မရှိသည်ကိုတော့ စိတ်မကောင်းစွာ
တွေ့မြင်ရပါသည် ။
ကျွန်တော် အနီးရှိကျောင်းများတွင် တွေ့မြင်ရသည်မှာ
သစ်ပင်စိုက်ပွဲ၌ စိုက်ထားသောသစ်ပင်များကို နောက်လတွင် သွားကြည့်ပါက သေဆုံးနေသည်ကိုတွေ့ရပါသည် ။
စောင့်ရှောက်သူမရှိ၍ ဖြစ်ပါသည်။
အချုပ်အနေဖြင့် ဆိုရပါလျှင် ပလပ်စတစ်အသုံးပြုမှုလျော့ချခြင်း / အမှိုက်များကို ပုံးထဲသို့စနစ်တကျ စွန့်ပစ်ခြင်း/
သစ်တောသစ်ပင်များကို စောင့်ရှောက်ခြင်း/ မြေဆီလွှာများကိုထိန်းသိမ်းရေ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်
ဓာတုဆေးအသုံးပြုမှုကို လျော့ချခြင်း/အကျိုးပြု အဏုဇီဝ အီးအမ် ကိုစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်အသုံးပြုစေခြင်း စသည်ဖြင့် မိမိတို့လက်လှမ်းမှီသလောက်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါလို့အကြံပြုဆွေးနွေးလိုက်ရပါသည်။
source photo
မြန်မာ့အလင်းသတင်းစာ & www.google.com
စာရေးသူ
@kyawthuhein
MSC 260