ပြီးခဲ့သော ၁၀စုနှစ် ကာလများကို ပြန်ကြည့်ပြီး ယခုခေတ် တက္ကသိုလ် တက်နေဆဲ အရွယ်များနှင့် နှိုင်းယှဉ်ကြည့်ပါက မယ်ကြည်တို့ သူတို့အရွယ်က မသုံးခဲ့ဖူး၊ အဆင်မပြေခဲ့သောအရာများကို သူတို့ အဆင်ပြေပြေ သုံးနိုင်ကြသည်။ ဥပမာ ပြောရရလျှင် MOTORCYCLE ၊ Handphone ၊နှင့် COMPUTER စသဖြင့် မဟုတ်ပါလား။
ယခုခေတ် သူတို့သည် ခေတ်နှင့် အညီ ပစ္စည်းများ ရွေးချယ်ကိုင်နိုင်ကြသဖြင့် ကံကောင်းကြသူများပင် ဖြစ်လေသည်။ သို့သော် side effect ကတော့ မည်သည့်အရာတွင်မဆို အနည်းနှင့်အများ ရှိနေမည်သာဖြစ်လေသည်။ မယ်ကြည်တို့ INTERNET ကို စသိခဲ့သည်က Gtalk ဟုခေါ်ဆိုသော အရာပင် ဖြစ်လေသည်။
ထို့အတွက် မယ်ကြည့် သူငယ်ချင်းက gmail တစ်ခု ဖွင့်ပေးလေသည်။ မယ်ကြည့်သူငယ်ချင်းသည် COMPUTER သင်တန်းကို ဈေးကြီးပေးတက်နေသူဖြစ်သည်။ မယ်ကြည်မှာ သူ့လို မတက်နိုင်ပေ။ သို့ရာတွင် သူအတွေ့အကြုံများ ပြောပြရာတွင် အားတက်သရော နားထောင်သော မယ်ကြည်ကို သူသတိထားမိသည်ထင်သည်။ သူက စာအုပ်နှင့်လဲ ရှင်းပြသည်။ ထို့နောက် အထက်ကဆိုခဲ့သလို gmail တစ်ခု လုပ်ပေးပြီး သူတို့ သင်တန်း တက်သည့်နေရာတွင် INTERNET CAFE ရှိသဖြင့် မယ်ကြည်အား ခေါ်သွားပေးပြီး သင်ပေးလေသည်။
လူသည် မိမိစိတ်ဝင်စားသောအရာကို တတ်လွယ်သည့် သဘောဆောင်သဖြင့် မယ်ကြည်အား နောက်အခေါက်များတွင် မည်သူမျှ မမေးရပဲ အဆင်ပြေလေသည်။ သို့ရာတွင် ထိုစဉ်အခါက တစ်နာရီ ၇၀၀နှင့် မိမိနေသော အဆောင်နှင့် ဝေးသောကြောင့် တစ်လတွင် ၂ခေါက် အများဆုံး သွားနိုင်သည်။ ကျောင်းတက်စဉ်က မယ်ကြည်တို့ အတန်းတွင် ဆိုင်ကယ်နှင့်ကျောင်းတက်သူ အလွန်နည်းသေးသည်။ ကျောင်းကားနှင့်သာ တက်ကြသည့် ကာလပင်ဖြစ်သည်။ မယ်ကြည်တို့ အဆောင်သူတွေက ကျောင်းကို ခြေလျင်တက်ကြသည်။ ခြေလျင်မို့ အားမငယ်ပါ။ ကိုယ့်လို လမ်းလျောက်နေသူတွေ လမ်းမအပြည့်ပင် ဖြစ်သောကြောင့်ပင်။
ဟိုနားဒီနား သွားချင်လျှင် အဆောင်မှ သူငယ်ချင်းစက်ဘီး ငှါးသွားရသည်။ အင်တာနက်ဆိုင်သို့ စက်ဘီးစီးသွားရသည်။ အဝေးကြီးပဲ ဖြစ်သည့်အားလျော်စွာ သူငယ်ချင်း လေးငါးခြောက်ယောက် စုသွားကြရသည်။ ထိုစဉ်ထဲက အရမ်းအားတက်ပြီး အင်တာနက်နှင့် ပတ်သတ်၍ သိချင်စိတ် ပြင်းထန်သူမှာ မယ်ကြည်ပင် ဖြစ်လေသည်။
ဖုန်းဟူ၍လည်း မယ်ကြည်တို့သည် အိပ်ချိန်းဖုန်းများသာ အားကိုးရသည်။ အိမ်ကဖုန်းဆက်ရန်နှင့် အဝေးမှ သူငယ်ချင်းများ ဖုန်းဆက်ရန် အဆောင်မှဖုန်းကို တစ်မိနစ် တစ်ရာနှင့်သာ အားကိုးရသည်။ ယခုခေတ်ကလေးများ သိနိုင်မည် မဟုတ်ပါပေ။ ဈေးနဲနဲ နှင့် ဖုန်းပြောချင်ပါက PCO တွင် တစ်မိနစ် ၅၀နှင့် ပြောရန် တန်းစီကြပါလေ။ အတန်းထဲတွင် handphone ကိုင်သူ တစ်ယောက်မှ မပါဝင်ပါချေ။ ခုခေတ် လူငယ်များကြားတွင်တော့ handphone မကိုင်သူ မရှိသလောက် ပင် မဟုတ်ပါလား။
ထို့ကြောင့် ယခုခေတ် လူငယ်များ ကံကောင်းကြလေသည်။ ဘာသာစကားတစ်ခုခု သင်ယူလိုသလား၊ ကျန်းမာရေး၊ အလှအပ ၊မိမိစိတ်တွင် ဘဝင်မကျသော အကြောင်းများ ရှိပါသလား။ ဖုန်းလေးဖွင့်၍ facebook နှင့် google တွင် ချက်ခြင်း ကြည့်နိုင်ပြီဖြစ်သည်။ သင်ထောက်ကူ ပစ္စည်းများလဲ ပေါလာသည်။ သုံးတတ်လျှင် ဆေးပင်ဖြစ်လေသည်။ နည်းလမ်းမှန် သုံးတတ်ဖို့တော့ လိုသည်။
phနှင့် ပတ်သတ်သော side effect များကို လည်း အတတ်နိုင်ဆုံး မဖြစ်ရအောင် လျော့ရမည်ဖြစ်သည်။
ယခုအခါ အလုပ်လုပ်ကိုင်ရာတွင်လည်း သင်မည်သည့်ဘွဲ့ရသည် ဖြစ်စေကာမူ မည်သည့်ဘာသာစကား ပြောတတ်သနည်း၊ ကွန်ပျူတာ ဘယ် level ထိ တက်မြောက်သလဲ ကနေစသည် မဟုတ်ပါလား။ စာရင်းဇယားများအတွက် ပေတံ၊ခဲတံ ၊ ခဲဖျတ် တွေ မလိုတော့ပါချေ။ ကွန်ပျူတာနှင့်ပင် ဇယားဆွဲ ပေါင်းနှုတ်မြှောက်စား အကုန်လုပ်ရနေပြီဖြစ်သည်။
အနာဂတ်အတွက် လူငယ်များသာ အားကိုးရာ ဖြစ်လေသည် မဟုတ်ပါလား။ ယခုအခါတွင် ပညာရေးတွင်လည်း ပြုပြင်ပြောင်းလဲနေပြီဖြစ်သည်။ အလုပ်လုပ်ရာတွင် ပြီးမြောက်အောင်မြင်စေရန် စိတ်ကူးစိတ်သန်းနှင့် အကြံဥာဏ် လိုအပ်ပေသည်။ ယင်းတို့ကို ပညာဥာဏ်နှင့် ယှဉ်၍ တွေးခေါ်စေခြင်းက အောင်မြင်မူ့ ရလိမ့်မည် ဖြစ်သည်။ နေရာတိုင်းတွင်တော့ side effect ကတော့ ရှိလေမည် ဖြစ်လေသဖြင့် အကောင်းဆုံးဟူသော အလုပ်များကို လုပ်ကြပြီးလျှင် မကောင်းတာ အနည်းငယ်အား လက်ခံယူကြပြီး ၂၁ရာစု လူနေမူ့ဘဝ ပြောင်းလဲ တိုးတက်လာစေရန် ကြိုးစားကြရမည် ဖြစ်သည်။
ထို့ကြောင့် ယခုခေတ်သည် အလုပ်ကို ကံကောင်းစွာဖြင့် ချောမွေ့စွာ လုပ်နိုင်ကြသည် ဖြစ်သည့် အားလျော်စွာ မိမိတတ်ထားသင့်သည်များကို အလြံးစုံ သင်ယူကြပြီး နုပျိုသော အရွယ်နှင့် လိုက်ဖက်ညီသော အားမာန်များနှင့် သင့်အတွက် အခွင့်အရေး ၊ အခွင့်အလမ်းများ စောင့်နေမည်မှာ အသေချာပင်ဖြစ်ကြောင်း အားပေးရင်း နိဂုံးချုပ်ပါသည်။
Author @kyi
MSC 050