ဆရာသမားများအားလုံးကိုဂုဏ်ပြုသောအားဖြင့် ဤစာကိုရေးခြင်းဖြစ်ပါသည် ကျနော်တို့အားလုံးငယ်စဉ်ကာလအချိန်တုန်းက က - အစ အ-အဆုံး
သူတတ်ထားတဲ့ပညာ သူကြုံတွေ့ခဲ့ရတဲ့ ဗဟုသုတများကို တတ်စေခြင်း
သိစေချင်လွန်းလို့ ခြောက်၍လည်ကောင်း မြှောက်၍လည်ကောင်း အမျိုးမျိုး
သွန်သင်ဆုံးမခဲ့ကြတာ ဆရာသမားတွေပါပဲ ။
ငယ်စဉ်အခါက စာမရလို့ဆရာသမားရိုက်ရင် ပြန်လည်ကာ ပြစ်တင်တာမျိုး
ဆရာကွယ်ရာမှာ ဆရာ့ကို ဝစီကံ မနောကံ ဖြင့် ပြစ်မှားဆော်ကားတာမျိုးတွေ ကျနော်တို့အားလုံး ပြုလုပ်ကောင်း ပြုလုပ်ခဲ့ကြမှာ ဧကန်လွဲမယ်မထင်ပါဘူး ။
အတောင်တွေစုံလို့ ဘဝခရီးထဲကို ဖြတ်သန်းရတဲ့အချိန်ခါကြမှ ဆရာ့စကားတွေ ဆရာဆုံးမခဲ့တာတွေဟာ ကျနော်တို့အားလုံး တန်ဖိုးမဖြတ်နိုင်
သော အရာများဆိုတာကို သိလာခဲ့ကြရတာပါ ။
ကျနော်ရဲ့ဆရာသမားဆိုရင် ကျနော်အတွက် ဆရာသမားလဲဟုတ် မိဘလို့ဆိုရင်လဲမှားမယ်မထင်ပါဘူး ကျနော်ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးအရာမှန်သမျှဟာ
ဆရာသမားရဲ့ အကူညီတွေနဲ့ပဲ ဘဝကိုဖြတ်သန်းလာခဲ့ရတာ အခုထိပါပဲ ။
ကျနော်ဆရာဆိုရင် တပည့်များအပြစ်လုပ်လို့ ရိုက်မိတယ်ဆိုရင် ရိုက်ပြီးတာနဲ့ အခန်းပိတ်ပြီး တစ်ယောက်ထဲကြိတ်ငိုတာ အဲ့လိုဆရာသမားဗျ
မဖြစ်မနေ တပည့်တွေ လမ်းမှားရောက်သွားမှာဆိုးလို့ လမ်းမှန်ရောက်လာအောင်ရိုက်ပြီးဆုံးမတယ်လို့ ကျနော်ခံယူပါတယ် ။
မြှောက်ပြီးဆုံးမလို့ရတဲ့ တပည့်ဆိုရင် မြှောက်ပြီးဆုံးမတယ်
ချိန်းခြောက်ရိုက်နှက်ဆုံးမမှရမည့်တပည့်ကို ချိန်းခြောက်ရိုက်နှက်ဆုံးမ
တာ တပည့်တွေကို အဲ့လိုဆုံးမတာ အမှန်တကယ်တော့ ကောင်းစေချင်
လို့ဆိုတာ ကျနော်တို့အားလုံး နောက်မှသိခဲ့ကြရတာပါ ။
ဆရာသမားများ၏ ဝိသေသနဂုဏ်ပုဒ်တွေကိုလဲ အမျိုးမျိုးချီးမွှမ်းခန်း
ဖွင့်ပြန်ရင်လည်း ကုန်နိုင် ဆုံးနိုင်မယ်မထင်ပါဘူး ။
ဤနေရာမှာ ဆရာလို့ခေါ်ဆိုရခြင်း၏ အမည်မျိုးစုံ အဓိပ္ပါယ်များကို
ဖော်ပြခြင်ပါတယ် ။
တပည့်များနှင့်ပက်သတ်၍ အရာရာတွင် စဉ်းစား နှိုင်းနှိုင်းချိန်ချိန် ချိန်ချိန်
ဆဆ လုပ်ကိုင်ပြောဆိုတတ်သောကြောင့်" ဆရာ "လို
့ခေါ်ဆိုရသလို ။
တပည့်များအပေါ်မှာ မေတ္တာ စိတ်များ ဖြူစင်အေးမြသော ချစ်ခင်စိတ်များ
ပိုလျှံ ပျို့အန်လာအောင် ထားတတ်သောကြောင့်လည်းဆရာကို" ဂုရု "ဟုလည်းအမည်မှည့်ခေါ်ကြပါတယ် ။
တပည့်များ၏ ကောင်းကျိုးစီးပွားများကို စေတနာသန့်သန့် မေတ္တာသန့်သန့်နဲ့ ဆောင်ရွက်ပေးတတ်သောကြောင့်လည်းဆရာကို" အာစရိယ " ဟူ၍လည်းအမည်တွင်ပါတယ် ။
တပည့်များ၏ ညံ့ခြင်း မသိခြင်း ဆိုးခြင်း မလိမ္မာခြင်းတို့ကို ထောက်ပြ
ငေါက်ပြ မြှောက်ပြ ခြောက်ပြ ချော့၍လည်း သွန်သင်ဆုံးမတတ်သောကြောင့်လည်း ဆရာကို "သတ္ထာ"ဟု ခေါ်ဆိုကြပါတယ် ။
တပည့်တို့၏ လမ်းညွှန့်ရှေ့ဆောင်ဖြစ်သောကြောင့်လည် ဆရာကို
"နာယက"ဟု ခေါ်ဆိုကြပါတယ် ။
အပေါ်၌ ဖော်ပြခဲ့သော ဆရာသမားများသည် များများလည်းသင်ပေးတတ်သလို မြန်မြန်လည်း တတ်မြောက်အောင်သင်ပေးတတ်ကြပါတယ်
ထို့ကြောင့် ခင်ပွန်းကြီး(၁၀)ထဲမှာတစ်ပါးအပါဝင်ဖြစ်သောဆရာသမားများ၏ဂုဏ်ရည်များကိုမျှော်မှန်း၍ဆရာသမားများ၏သွန်သင်ဆုံးမခဲ့သော အသိပညာ ဗဟုသုတများကို အသုံးချနိုင်လိုကြလို့ဘဝကို ကောင်းစွာဖြတ်သန်းနိုင်ကြပါစေ ။