ငါးထောင့်ကြယ်ဟာ လူသားသမိုင်းမှာ စွမ်းအားကြီးသော မစခြင်းခံရသော စွဲအားကြီးသော နေရာမှာ အကြီးဆုံးသင်္ကေတအမှတ်အသားတစ်ခုပင် ဖြစ်ပါသည်။ ဒီသင်္ကေတဟာ ရှေးဟောင်းယဉ်ကျေးမှုတိုင်းတွင် မပါမဖြစ် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာခဲ့ပါသည်။ ရှေးဟောင်းလက်တင်နေရာများ ၊ အိန္ဒိယ ၊ တရုတ် ၊ ဂရိ ၊ အီဂျစ်စတဲ့ မှော်ပညာ ထွန်းကားခဲ့တဲ့ နေရာများတွင်လည်း ပါဝင်ခဲ့ပါသည်။
နီယိုလတစ်(ကျောက်ခေတ်)ဂူနံရံများ ၊ ရှေးခေတ်ဘေဘီလုံပုံများတွင် ထွင်းထုရေးဆွဲထားခြင်းကိုလည်း တွေ့နိုင်ပါသည်။ အဲဒီနေရာတွေထဲမှာ နတ်ဘုရားဗီးနပ်ခရီးသွားဖို့ လမ်းကြောင်းများကို အမှတ်အသားပြုလုပ်ထားပါသည်။ အချစ်နတ်ဘုရားမအစ်တာ(Ishtar) ရဲ့ လျှို့ဝှက်အပ်သော သင်္ကေတလည်း ဖြစ်ပါသည်။ ဟီဘရူးသမ္မာကျမ်းစာတွေမှာတော့ ဒီငါးထောင့်ကြယ်အကြောင်းကို အလျှံပယ်ကို ရေးသားတင်ပြထားပါတယ်။ ဒါကြောင့် ဒီသင်္ကေတက ပေါသေးသေး အစွမ်းတော့ မဟုတ်ပါဘူး။ စွမ်းအားကြီးတဲ့သင်္ကေတတစ်ခုပဲ ဖြစ်ပါသည်။
အာရပ်တို့၏အစဉ်အလာမှ ပေါ်ပေါ်က်လာသော ဆော်လမွန် လက်စွပ်၏အမှတ်တံဆိပ်ပုံစံသည် အနားတူတြိဂံနှစ်ခုကို တစ်ခုနှင့် တစ်ခုဖြတ်ခြင်းကြောင့် ဖြစ်ပေါ်သည့်ပုံနှင့် အသေးစိတ်ဖော်ပြထားကြသည်။ ထိုသင်္ကေတကို အာရပ်တို့၏ အစဉ်အလာ၌ ဆော်လမွန်၏ သင်္ကေတအဖြစ် အမည်ပေးခဲ့ကြပြီး ထိုသင်္ကေတကို ရေခွက်များ၏ အောက်ခြေဘက်၌ ရေးထိုးထားတတ်ကြသည်။ ထိုအကြောင်းကို Arabian Nights(အခန်း20)တွင် Sindbadသည် Harun al-Rashid ကို ဆော်လမွန်သင်္ကေတပါသော ခွက်တစ်ခုနှင့်အတူ ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အလယ်ခေတ်၏ဂျူးဘာသာတွင် ပညာရှင်များသာ နားလည်သည့် စာပေ၌ အနားတူတြိဂံနှစ်ခုကို တစ်ခုနှင့် တစ်ခုဖြတ်ခြင်းကြောင့် ဖြစ်ပေါ်သည့်ပုံမှာ ထင်ရှားပေါ်လွင်ခဲ့ဖူးသည်။ စာရေးဆရာအချို့သည် ဆော်လမွန်၏ သင်္ကေတအစဉ်အလာကို အစ္စလာမ်တို့က အရင်လက်ဦးခဲ့သည်ဟု သတ်မှတ်ခဲ့ကြသည်။သို့သော် ယင်းမှာ ဖြစ်နိုင်ချေမရှိကြောင်း ထင်ရှားပေါ်လွင်ခဲ့သည်။ယင်းမှာ အလယ်ခေတ် အာရဗီစာပေမှတစ်ဆင့်
အလယ်ခေတ် စပိန်နိုင်ငံ၏ ကဗ္ဗလာပညာဆိုင်ရာ အစဉ်အလာသို့ ဝင်ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။မှော်ပညာ ပြန်လည်ထွန်းကားလာခဲ့သော အနောက်တိုင်းအစဉ်အလာတွင် ငါးထောင့်ကြယ်သည် ကိုယ်စားပြုပုံများမှာ ကွဲပြားခြားနားလေသည်။ ယင်းသညိ အလယ်ခေတ် အာရပ်နှင့်ဂျူး ပညာရှင်များအပေါ် အားကောင်းစွာ လွှမ်းမိုးထားခဲ့သည်။ White Kennett (1660–1728)က ဆော်လမွန်၏ ငါးထောင့်ကြယ်ကို မကောင်းဆိုးဝါးနှင့်ပယောဂများကို နှင်ထုတ်နိုင်သော စွမ်းအားတစ်ခုအဖြစ်သို့ ရည်ညွှန်းပြခဲ့သည်။ ထို ငါးထောင့်ကြယ်သည် ခေတ်သစ်ကာလတွင် ဂျူဒါဝါဒ၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပြီး ၁၉၄၈ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ အလံတွင် ထည့်သွင်းလာခဲ့ကြသည်။
စုန်းတစ်ယောက်အတွက်တော့ ဓာတ်ကြီးလေးပါးကို မိခင်ကမ္ဘာမြေကြီးပေါ်နေထိုင်တဲ့ လူသား အဖြစ် ရည်ညွှန်းထားသည်။ ငါးခုပေါ့လေ။ မှော်ပညာလေ့လာရေးစာအုပ်မှာတော့ ဒီကြယ်သည် ကာကွယ်မှုအတွက် အသုံးချကြပါသည်။ ရှေးဟောင်းနယ်မြေတွေမှာ ငါးထောင့်ကြယ်ကို မက်မောစွာ သုံးစွဲကြပါသည်။ ငါးထောင့်ကြယ် ဆွဲတဲ့ ပုံတွေကို လေ့လာကြည့်မယ်ဆိုရင် ကျောက်ခေတ်ရဲ့နံရံများတွင် အစပြုလာပြီး ယခုတိုင် သုံးစွဲလျက်ရှိနေပါသည်။ ကျောက်ခေတ်မှလူသားများဟာ ၀ိညာဉ်များ နတ်များနှင့် ရင်းနှီးစ ပြုလာသောအခါ ကောင်းကင်မှ ထောင့်ငါးထောင်ရှိသော ကြယ်များသည် နက်နဲသော အစွမ်းများရှိမည်ဟု ယုံကြည်လာကြသည်။ ယဉ်ကျေးမှုအဆင့်အတန်းများ မြင့်မားလာတဲ့အခါ ဗေဒင်နည်းအရသော်လည်းကောင်း ကိုးကွယ်မှုဆိုင်ရာအရသော်လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိလာပါတော့သည်။ ကြယ်ကို ဆူမားရီးယန်းစာများအတိုင်း ဦးတည်ချက်တူအောင် ရေးဆွဲထားပြီး မြင်နိုင်တဲ့ ဂြိုဟ်ကြီးငါးလုံးကို ညွှန်းထားသည်။ တဖြည်းဖြည်း ကြာလာတဲ့အခါ ဗီနပ်နတ်ဘုရားမ၏ အမှတ်အသားတစ်ခု အဖြစ် ပြောင်းလဲလာခဲ့သည်။
ဂရိသင်္ချာပညာရှင်လည်းဖြစ် အတွေးအခေါ်ပညာရှင်လည်းဖြစ်တဲ့ ပိုက်သာဂိုရပ်စ်ရဲ့အဆိုအရ ငါးဂဏန်းဆိုတာ လူသားကို ရည်ညွှန်းတာဖြစ်ပါသည်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုဓာတ်သဘောကို ရည်ညွန်းထားတာဖြစ်သည်။ ငါးထောင့်ကြယ်ရဲ့ အချွန်တွေက လူတစ်ယောက်မှာရှိတဲ့ ဒြပ်စင်ငါးပါးကို ဦးတည်ထားပါသည်။ ဒြပ်စင်ငါးပါးက မီး ၊ ရေ ၊ လေ ၊ မြေကြီး ၊ စိတ် (စွမ်းအင် ၊ ရေ ၊ ၀င်သက်ထွက်သက် ၊ မြင်နိုင်တဲ့ဒြပ်ဝတ္ထု ၊ စိတ်သဘော (သို့) အရည် ၊ အငွေ့ ၊ သွေးရေကြည် ၊ ရေမြေ ၊ စိတ်ဝိညာဉ်) ဖြစ်ပါသည်။ ပိုက်သာဂိုရပ်ယုံကြည်သူများက ငါးထောင့်ကြယ်ကို ကိုးကွယ်ရာအဖြစ် တွန်းပို့လိုက်သည်။ ငါးထောင့်ကြယ်ရဲ့ ပိုင်ရှင်ဟာ ဂရိနတ်သမိုင်းမှာ မီး ရေ လေ မြေကြီး စိတ်ဝိညာဉ်ကို ပိုင်ဆိုင်တဲ့ ဆေးနတ်ဘုရားမ ဟိုက်ဂျီရာဖြစ်တယ်လို့ လက်ခံကြပါသည်။
1354တွင် Bohemia၏ဘုရင် Charles IV သည် ပရဂ်မြို့မှ ဂျူးများကို ဆော်လမွန်၏လက်စွပ်နှင့် ဆော်လမွန်၏အကာအကွယ်များနှင့်အတူ အနီရောင်အလံတစ်ခုကို ပြုလုပ်ရန် ညွှန်းကြားခဲ့သည်။ ၁၅ရာစု၌ ဟန်ဂရီဘုရင် Matthiasနှင့် ဂျူးတို့တွေ့ဆုံမူနှင့်အတူ အနီရောင်အလံကို ပြုလုပ်စဉ် အတောအတွင်း ရွှေရောင်ငါးထောင့်ကြယ်နှစ်ခုကို ပြသခဲ့ကြသည်။ Peter de Abano၏ Heptameron (1496)တွင် ဆော်လမွန်၏ အမှတ်အသားပုံကိုမှော်အတက်ပညာတွင် အသုံးပြုသည့် ငါးထောင့်ကြယ် အမှတ်အသားပုံကို ရည်ညွှန်းပြထားခဲ့သည်။ အမှန်တကယ်တွင်မူ မကောင်းဆိုးဝါးများအတွက် စည်းမျဉ်းတစ်ခုကို သုံးစွဲရန် ငါးထောင့်ကြယ်တစ်ခုကို မှော်ပညာတွင် ရပ်တည်နိုင်ရေးအတွက် ကြမ်းပြင်ပေါ်တွင် ရေးဆွဲခဲ့ခြင်းမျိုးသာ ဖြစ်ပေသည်။
ဒီရိုးရိုးရှင်းရှင်း ငါးထောင့်ကြယ်လေးဟာ ရာစုနှစ်ပေါင်းများစွာ သီအိုရီများ စွမ်းအင်များ ဂုဏ်သတ္တိများကို ဖော်ထုတ်ပေးခဲ့တဲ့အတွက် သမိုင်းဝင်ဖြစ်လျက်ရှိပါသည်။ အဲဒါနဲ့ပဲ နောက်ပိုင်းမှာ အဂ္ဂိရတ်အတွက်သော်လည်းကောင်း မှော်ပညာအတွက်သော်လည်းကောင်း ပြုလုပ်ဆောင်ရွက် ကြပြီး ငါးထောင့်ကြယ်ဟာ နတ်ဘုရားလောကနှင့်ရော သုံးစွဲလိုက်တဲ့ မှော်ပညာအသုံးအပေါ်မှာရော မူတည်ပြီးတော့ စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါသည်။
@linnhyotaryar
လင်းညို့တာရာ
MSC - 226
Photo From : Pinterest and deviantart