မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ ပြောင်းလဲခြင်းရဲ့နိယာမလို့ ပြောရမလား၊ ပြောင်းလဲမှုဖြစ်စဉ်လို့ ပြောရမလားဘဲ။။ ကျွန်တော်MSCကို စ လုပ်တုန်းက အုန်းအုန်းကိုထနေတာဘဲ။ ကျွန်တော်တို့ g3 proတင် လူ၃၀ လောက်ရှိတယ်။ နှစ်ရက်ခွဲပေးတဲ့ Planတောင် မယ်ကြည်ဆွဲပေးရတယ်။ တစ်ဖြည်းဖြည်းလူလျော့လာလိုက်တာ စိုးရိမ်စရာအခြေအနေထိပါဘဲ။ တကယ်တမ်းဘာမှမကြာသလိုပါဘဲ။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ပြောပြီး အခုလိုချက်ခြင်းကြီး ပြောင်းလဲတာဟာ သိသာစေပါတယ်။
ကျွန်တော်နဲ့အတူ steemit ဝင်လုပ်ကြတဲ့ အင်းတကော်အဖွဲ့မှာလည်း မရှိကြတော့ဘူး။ ကွင်းပြင်မှာ တစ်ယောက်တည်း ရပ်နေရသလို ခံစားမိတယ်။ ဝင်းကိုနဲ့ leeshan တို့ လည်း မအားကြဘူးထင်တယ်။ postတင်တာ ကျဲသွားတယ်။ အရင်ဆို အလုပ်ထဲမှာ steemit အကြောင်း MSC အကြောင်း postအကြောင်း cmအကြောင်း၊စသဖြင့် စည်စည်ကားကားပြောခဲ့ကြပေမယ့် အခုတော့ ကိုယ်တစ်ယောက်တည်း ရင်ထဲကတီးတိုးသံကို ကိုယ့်ဘာသာဘဲနားထောင်နေရတယ်။ စ လုပ်တုန်းက အင်းတကော်အဖွဲ့တင် ၂၅ယောက်လောက်ရှိတယ်။ ဘာကြာသေးလို့လဲဗျာ။ ၂၀၁၈ ဇန်နဝါရီကုန်ခါနီးမှ လုပ်ကြတာ။ အခုမရှိကြတော့ဘူးဆိုတော့ ပြောင်းလဲမှုကို သတိထားမိလို့ပါ။
အမှန်အတိုင်းပြောရရင် MSCမှာ အခုလို လူလျော့သွားတာကို ခေတ္တဘဲထင်ခဲ့တာ။ မအားလို့ လို ပြောကြတာကိုး။ အားရင်ပြန်လာမယ်လို့ ယုံကြည်တာပေါ့ဗျာ။ အခုသူတို့မအားတာက လချီနေပြီဆိုတော့ ချစ်သူတစ်ယောက်က ကိုယ့်ကိုလိမ်သွားသလို့ခံစားရသလိုပါဘဲ။ မအားဘူးဆိုရင် တောင် တစ်လ တစ်ပုဒ်လောက်တာင် postတင်နိုင်ပါတယ်။ အခုက လုံးဝကို နားလိုက်တဲ့သဘော။ ဈေးမကောင်းတာတစ်ခုအတွက်နဲ့ ဒီလောက် ဖြစ်သွားရတယ်လို့။ ကိုယ်ခင်ခဲ့တဲ့ မိတ်ဆွေတွေ ကိုယ်သိခဲ့တဲ့ ညီအစ်ကိုတွေကို ဘယ်တော့ပြန်တွေ့တွေ့ မဟော်တို့က အရင်အတိုင်းပါဘဲ ။ wellcome။ဒါပေမယ့် အကြောင်းအရာတစ်ခုကို တွေးမိလို့ပါ။ ဆိုပါစို့ဗျာ ဒီဇင်ဘာမှာ STEEMဈေးတွေတစ်အားတက်လာတယ်ဆိုစို့။ အဲဒီအချိန်မှပြန်ဝင်လာကြရင် ၊ပြန်လုပ်ကြရင် အခုမှအားတယ်လို့ ပြောထွက်ပါ့မလား။ ကျွန်တော်ကတော့ ဘယ်အချိန်ပြန်လာလာ ညီအစ်ကိုအားလုံးကို ကြိုဆိုလျက်ပါ။ ၆လလောက်နားပြီးမှ ဈေးတက်လို့ ပြန်လာရင် သူတို့ ဝင်ဖို့ ခက်မှာစိုးရိမ်လို့ပါ။ ပြောင်းလဲခြင်းဆိုတာ နေ့စဉ်နဲ့အမျှ ဖြစ်နေတာပါ။ဒါပေမယ့် သတိမထားမိခဲ့ဘူး။ ဒီလောက်ထိ ဖြစ်မယ်လို့လဲမထင်ခဲ့ဘူး။ ခေတ္တခဏ ရထားပေါ်က ဆင်းသွားတာလို့ ထင်ပေမယ့် အခုတော့ MSCရထားကြီးပေါ်မှာ သူတို့မရှိကြတော့ဘူး။ ဘယ်သူတွေမရှိမရှိ MSCရထားကြီးကတော့ ဆက်လက်ခုတ်မောင်းနေမှာပါ။ မရှိတော့တဲ့သူတွေကို လွမ်းနေတာထက်စာရင် ရှိတဲ့သူကို ပိုactiveဖြစ်အောင် လုပ်တာက ပိုအကျိုးရှိစေပါတယ်။ ကျွန်တော်ကတော့ အမှန်အတိုင်းပြောရရင် daily pro ရလို့ ပျော်တယ်။ ဈေးကိုတော့ ခေါင်းထဲမထည့်သေးဘူး။ ပုံမှန်ရေးတင်နိုင်ဖို့ဘဲ ကြိုးစားနေတယ်။ နောက်ပြီး MSCအတွက် အလုပ်နဲ့ဘဲ သက်သေပြမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အတူတူ ကြိုးစားကြတာပေါ့ဗျာ။ တစ်နေ့ ကျွန်တော်တို့ရဲ့ပန်းတိုင်ကို ရောက်မှာပါ။
အားလုံးကျန်းမာကြပါစေ။
MSC-228
@mahaw