ငါတို့ကျောင်းကြီးပိတ်တော့မယ်...စာမေးပွဲတွေဖြေပြီး တစ်ချို့က မိမိသက်ဆိုင်ရာမွေးရပ်ကိုပြန်ကျ...တချို့ကျတော့ နေရစ်ခဲ့ရ။
ငါတို့ကျောင်းကြီးပိတ်တော့မယ်...တချို့က မိဘဆွေမျိုးသားချင်းနဲ့ တွေ့ရတော့မယ်ဆိုပြီးပျော်ကြ...တချို့က ချစ်သူခင်သူနဲ့ခွဲခွာရတော့မယ်ဆိုပြီး ငိုကြ။
ငါတို့ကျောင်းကြီးပိတ်တော့မယ်...တစ်ချို့က သင်တန်းတွေတက်ရတော့မယ်ဆိုပြီး သင်တန်းတွေအပ်ကျ...တစ်ချို့က အိမ်အတွက် ဘဝအခြေအနေအတွက် ခဏတာ အလုပ်ဝင်လုပ်ကြ။
ငါတို့ကျောင်းကြီးပိတ်တော့မယ်...တစ်ချို့က ကျောင်းပိတ်ရက် ခရီးတွေထွက်ကြ၊အလည်အပတ်ခရီးတွေသွားကြ...တစ်ချို့က အိမ်မှာပဲ မိဘကူကျ၊တရားစခန်း ဝင်ကျ...
တစ်နွေပြီး တစ်မိုး၊တစ်မိုးပြီး တစ်ဆောင်း ကျောင်းကြီးက မပြောင်း...တစ်ယောက်ဝင် တစ်ယောက်ထွက်...လူတွေကပြောင်းသွားလည်း ဥတုတွေပြောင်းသွားလည်း တို့ကျောင်းကြီးက ဒီတိုင်း ကျန်ရှိနေဆဲ...