ဒီနေ့လည်း သူ လာလေဦးမလားလို့ ကျွန်တော်စောင့်နေမိသည်။ ကျောင်းသွားကျောင်းပြန် ဒီဧကရာဇ်ပင်လေးအောက် သူ ဧကရာဇ်ပန်းလေးတွေကို ဝင်ကောက်နေသည်ကို သတိထားမိတာ နှစ်ရက်ရှိပြီ။ ပုံမှန်ဆို ဧကရာဇ်ပင်တွေကြားက ဝေနေအောင် ပွင့်၍ တဖြုတ်ဖြုတ် ကြွေနေကျသော ဧကရာဇ် ပန်းခင်းတဲ့လမ်းလေးကို သတိမထားမိ။ဖြတ်လျှောက်မိခဲ့သည်ချည်းသာဖြစ်သည်။ခုတော့ ကျွန်တော်သတိထားမိပြီ။ သနပ်ခါးကို ပါးကွက်ကြားလေးလိမ်းထားပြီး ဆံပင်ကို ကြက်ဆံမြှီးလေးကျစ်ထားသည့် သူကို ပိုးဟပ်ဖြူလေးဟု ကျွန်တော်နာမည်ပေးမိသည်။
ခုတော့ ကျွန်တော်သည် သူ၏ ဆံနွယ်များကြားတွင် အမြတ်တနိုးပန်ဆင်တတ်သော ဤဧကရာဇ်ပန်းလေးတွေကို အမြတ်တနိုး နမ်းရှိုက်တတ်နေပြီ။ယခုလည်း ကျောင်းဆင်းချိန် ကျွန်တော်စောင့်နေမိသည်။သူလာလေမလား။ထင်သည့်အတိုင်းပင် ကျောင်းဆင်းချိန်တွင် သူရောက်လာခဲ့သည်။ကျွန်တော်သည် ခပ်လှမ်းလှမ်းမှ ခုံတန်းလေးမှ ထိုင်၍စောင့်ကြည့်နေခဲ့သော်လည်း သူက ကျွန်တော့်ကို သတိမထားမိ။
ပင်ယံထက်မှ ကြွေလာသည့် ဧရာဇ်ပန်း လေးငါးဆယ်ပွင့်ကို ချက်ချင်းလက်နဲ့ဖမ်းကာ နမ်းရှိုက်နေလေသည်။ပြီးတော့ အခြားပန်းလေးငါးဆယ်ပွင့်လောက်ကို ထပ်ကောက်ကာ ပန်းများတပွေ့တပိုက်ဖြင့် ပြန်သွားသည်။ သူ့၏နောက်ကျောပြင်ကို ငေးကာ ကျန်ခဲ့သော် ပန်းနှစ်ပွင့် သုံးပွင့် လက်ကလွှတ်၍ကျခဲ့သည်ကို သူမသတိမပြုမိပေ။အမှန်တိုင်းဝန်ခံရလျှင် ထိုစဉ်က ချက်ချင်းပင် ထိုပန်းလေးများကို ပြေးကောက်ခဲ့သည်။
written by @mgtoetat
photos from google
MSC-073