ဒီနေ့ဝင်လာတဲ့စာတစ်စောင်ကြောင့်စိတ်မကောင်းဖြစ်မိပါတယ်။စာက ပြည်တွင်းအခွန်က ထုတ်တာပါ။ အခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ ပြည်ပအလှူရှင်များရဲ့ အလှူပစ္စည်းများ အလေ အလွင့် နည်းပါးစေရေးတဲ့။ သိတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ကြတဲ့ နိုင်ငံပါ။ သာမန်အတိုင်းတွေးကြည့်ရင်တော့ ဒီစာမျိုးဟာမလိုအပ်ပါဘူး။ သူတစ်ပါးလှူဒါန်းထားတဲ့ ပစ္စည်းပျောက်ပျက်လေလွင့်စရာလားပေါ့။ တကယ်တန်းကျတော့ သိတဲ့အတိုင်း အလှူရှင်တွေရဲ့ လှူဒါန်းထားတဲ့ ပစ္စည်းတွေကို အမှန်တကယ်ဒုက္ခရောက်တဲ့သူတွေဆီ အကုန်မရောက်ပဲ။ ယူထားရောင်းစားတတ်ကြတာတွေကြောင့် နာမည်လည်းပျက်လှပါပြီ။
ခုတော့ ကိုယ့်အစိုးရက ကိုယ့်လူတွေကို သတိပေးရတဲ့အဆင့်တောင်ရောက်လာပါပေါ့လား။ ဒယ်အိုးဆရာတော် ဦးသူးမင်္ဂလပြောသလိုပဲ။ ရခိုင်ကိုဒုက္ခသယ်ကူညီဖို့သွားတာ အကူအညီပေးဖို့ ပစ္စည်းတွေကားပေါ်က ချနေတုန်းမှာပဲ လျော့လျော့သွားလိုက်တာ နောက်တစ်နေ့ တကယ် ပေးလှူကြဖို့လုပ်တော့ တစ်ဝက်တောင်မကျန်တော့ဘူးတဲ့။ ခရစ်စ်ရန်တွေအများစု နေထိုင်ကြတဲ့ ချင်းပြည်နယ်ဘက်ကျတော့ ပေးလှူဖို့သွားတဲ့ပစ္စည်းတွေ တစ်ခုတောင်မှပျောက်ရှခြင်းမရှိတဲ့ အပြင် လမ်းမှာကျကျန်ခဲ့တဲ့ ဘိနပ်ကိုတောင် တစ်လနေလို့ပြန်သွားရှာရင် အလွယ်တကူမြင်သာ ပြီး မပျောက်ပျက်တောင်တုံးပေါ်တောင်တင်ထားပေးသေးသတဲ့။ ချင်းတွေက ထင်းခုတ်ရင်တောင် သူများခုတ်ထားတဲ့ထင်း ပိုင်ရှင်မတွေ့လည်းဘယ်တော့မှယူမသွားတတ်ဖူးတဲ့။ ဘယ်လောက် အဆုံးအမ၊အသွန်အသင်ကေင်းလိုက်သလဲနော်။ တို့မြန်မာတွေကတော့ နာဂစ်မှာပေးလှူတဲ့ ဆေးစိမ်ခြင်ထောင်တွေကအစ အပြင်ရောက်ကုန်ကြတာ တကယ်ဒုက္ခရောက်တဲ့သူတွေဆီ ပစ္စည်းတွေ မရောက်တာကြားကြားနေကြရတာ တကယ်စိတ်မကောင်းဖြစ်မိတယ်။
ဟိုးတုန်းက မြန်မာတွေနဲ့များ ဘယ်လောက်တောင်ကွာခြားသွားကြပြီလဲ။ ဟိုးဘုရင်တွေခေတ် အခါဆီက အိန္ဒိယကုန်သည်တွေမြန်မာပြည်ဘက် ကုန်သွယ်ကြရင်း အပြန်မှာဇရပ်တစ်ခုမှာ တည်းခိုကြသတဲ့။ တည်းခိုကြပြီးနောက်တစ်နေ့ ခရီးဆက်ကြတော့ ခရီးယူဇနာအတော်ပေါက် တော့မှ ကုန်သည်တစ်ဦးဟာ သူဇရပ်မှာတည်းတုန်းက ခေါင်းအုံးပြီးအိပ်ခဲ့တဲ့ ငွေထုတ်ကျန် ခဲ့တာကိုသတိယသတဲ့။ ဒီတော့ သူ့ငွေထုတ်ကိုပြန်ရှာဖို့ သူ့မိတ်ဆွေကုန်သည်တွေကို ပြောတဲ့ အခါ ခရီးယူဇနာဝေးကွာလွန်းတာကြောင့် ပြန်မယူပါနဲ့တော့ပေါ့။ မြန်မာပြည်ကဇရပ်မှာကျန်ရစ် မို့နောက်တစ်ခါ ကုန်သွယ်ရင်းမှပြန်ယူလည်း မပျောက်မရှပဲပြန်ရမှာသာဖြစ်ကြောင်း ပြောကြ တယ်ဆိုပဲ။ မြန်မာဆိုတာ အဲသလိုမျိုးဂုဏ်သိက္ခာရှိခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့တာပါ။ ခုခေတ်မှာတော့ ဒီလိုနိုင်ငံမျိုးကအလွန်ပဲရှားပါးသွားပါပြီ။ မရှိတော့တာတော့မဟုတ်ပါဘူး ဂျပန်နိုင်ငံဆိုရင်တော့ ဟိုတုန်းက မြန်မာနိုင်ငံလိုပဲပေါ့ တစ်လနေလို့ ပစ္စည်းကျခဲ့တဲ့နေရာသွားပြန်ရှာရင် ပြန်ရသေး တယ်ဆိုပဲ။ယုံတောင်မယုံနိုင်ဘူး။ လေဆိပ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေ မှာလိပ်စာပါရင် သက်ဆိုင် ရာနိုင်ငံအထိပြန်ပို့ပေးတယ် ဆိုတဲ့သတင်းတွေလည်း မကြာခဏကြားရပါတယ်။ ဂျပန်ဆိုတာ မြန်မာပြည်ကိုနယ်လာချဲ့တုန်းက စိတ်ဓာတ်တွေနဲ့ လုံးဝကိုခြားနားသွားတာပါ။ မြန်မာတွေလည်း အရင်ကတော့ ဒီလိုစိတ်ဓာတ်မျိုးပိုင်ဆိုင်ခဲ့ဖူးပါတယ်။
အော် ခုတော့လည်း သူများလှူတဲ့ပစ္စည်းတောင်ပြစ်မှားတတ်တဲ့မြန်မာတွေဖြစ်သွားကြတာ ဘယ်အကြေင်းတရားတွေကများ ပျက်စီးခြင်းဆီခေါ်ဆောင်သွားပါလိမ့်လို့စဉ်းစားရင်း။
မင်းစိုးနိုင်