G-Talk ခေတ်ကဖြစ်သည်။ ကျွန်တော်၏ gmail ဖြင့် ဟိုငွေရှာ Site ကကောင်းနိုးနိုး၊သည်ငွေရှာ Site ကကောင်းနိုးနိုးဖြင့် Site ပေါင်းစုံတွင် အကောင့်တွေဖွင့်သည်။ Facebook တို့ Messenger တို့သိပ်အသုံးများ လှသေး။ တနေ့တွင် အသားမဲတူးနေသောအမျိုးသမီးတစ်ဦးမှ Gtalk မှမိတ်ဆက်လာသည်။ သူကကျွန်တော်၏ Profile ကိုတွေ့မြင်မိပြီးခင်မင်လို၍ မိတ်ဆက်ခြင်းဖြစ်ကြောင်း မိတ်ဆွေဖြစ်ခွင့်ပေးပါရန်ပြောလာသည်။ ကျွန်တော် က အင်္ဂလိပ်စာကသိပ်မကျွမ်း သူဘာပြောချင်တာလည်းဆိုတာကို နားလည်ရုံသာရှိသည်။ ရေရေလည် လည် လည်းပြန်မပြောတတ်ပါ။သို့သော် မိတ်ဆွေဖြစ်တာဘာမကောင်းတာရှိလည်းဆိုပြီးလက်ခံလိုက်သည်။ မိတ်ဆွေ ဖြစ်သွားပြီဆိုတော့မှ ရင်ဖွင့်ပါရစေဆိုပြီး သူ့အကြောင်းတွေပြောလာသည်။ သူက ပြည်တွင်းစစ်ဖြစ် နေသော တိုင်းပြည်မှဖြစ်ပြီး သူ၏အဖေ၊အမေနှင့်မိသားစုများမှာ သူရှေ့မှောက်တွင်အသတ်ခံခဲ့ရသည်ကို ကိုယ်တွေ့မျက် မြင်ခံ စားခဲ့ရပါကြောင်းသူ့ကိုလည်း Father တစ်ယောက်မှကယ်တင်ပြီး လူငယ်စောင့်ရှောက်ရေးဂေဟာတွင်နေရ ပါကြောင်း စီကာစဉ်ကပြောပြသဖြင့် ကျွန်တော့မှာ သနားဂရုဏာဝင်မိခဲ့သည်။ Dictionary တစ်အုပ်ဖြင့် သူပြော သမျှနား လည်ဖို့လည်းကျိုးစားရသေးသည်။တစ်နေ့တစ်နေ့ Internet ကလေးဖွင့်ပြီး သူမ၏သနားသဖွယ်စကား များ ကို လည်းစောင့်မျှော်နေတတ်ခဲ့သည်။
သူမနှင့်ခင်မင်ပြီး ရက်သတ္တလေးပတ် (တစ်လ)နီးပါးကြာသောအခါ သူမထံမှထူးဆန်းသောစကားများပြော လာသည်။ သူမတွင် သူမ၏အဖေ၏ချန်ထားခဲ့သော အမေရိကန်ဒေါ်လာ 4.7 သန်းဘဏ်တွင်ရှိပါကြောင်း၊ သို့သော် သူမတစ်ဦးတည်းထုတ်ယူပါက ငွေများဆုံးရှုံးသွားမည်ကို စိုးရိမ်သဖြင့် အားကိုးယုံကြည်ထိုက်သော သူတစ်ဦးဦး၏ အကူအညီဖြင့်ထုတ်ယူမည်ဆိုပါက ထုတ်လို့ရမည်ဖြစ်ကြောင်း သူမအနီးတွင်ယခုအခါ ယုံကြည်ရ သူဟူ၍မရှိကြောင်း ၊ အဲဒီအတွက် ကျွန်တော်မှအကူအညီပေးစေချင်ကြောင်းပြောလာပါသည်။ ကျွန်တော်က ကျွန်တော်သည် English စကားကောင်းကောင်းမပြောတတ်ပါကြောင်း မင်းတို့တိုင်းပြည်ကိုလာရောက်အကူ အညီပေးရန်လည်းမဖြစ်နိုင်ပါကြောင်း အားနာပါကြောင်းပြောလိုက်ပါသည်။ထိုအခါသူမက USD 2 million ကိုသာထုတ်ယူမှာဖြစ်ကြောင်း USD 0.5 million (၂၅%)ကို ကျွန်တော့်အားပေးမည်ဖြစ်ကြောင်းဆက်ပြောပါ သည်။အမေရိကန်ဒေါ်လာ ၅ သိန်းဆိုသည်မှာ ကျွန်တော့ဘဝတွင် မြင်တောင်မမြင်ဖူးသောပမာဏဖြစ်ပါသည်။ လက်ဝယ်ပိုင်ဆိုင်ဖို့ဆိုသည်ကတော့ ဝေလာဝေးပါ။သူမစကားက ကျွန်တော့ကိုလောဘပင်တက်လာစေပါသည်။ ဒီတော့လည်း ကောင်းပြီပေါ့ ဘာလုပ်ပေးရမလဲပေါ့။မေးကြည့်လိုက်သည်။ ဒီတော့မှ ဒီငွေတွေထုတ်ယူနိုင်ဖို့ ထောက်ခံစာလုပ်ဖို့၊စာရွက်စာတမ်းများအတွက် ဒေါ်လာတစ်ထောင်လောက်လိုအပ်နေပါကြောင်း ဖြစ်နိုင်လျှင်ပေး ပို့ကူညီပါရန်ဆိုလာပါသည်။ရောခက်ချေပြီ။ ကျွန်တော်က မြန်မာပြည်ဆိုသည်မှာ ခေတ်နောက်ကျနေသော တိုင်း ပြည် တစ်ပြည်ဖြစ်၍ မင်းအတွက်လိုအပ်နေသည့်ထိုငွေကိုပေးပို့ပေးရန်မဖြစ်နိုင်ပါကြောင်း နိုင်ငံခြားငွေလွဲပြောင်း သည့် ကိစ္စရပ်များသည် မြန်မာပြည်အတွက် အလွယ်တကူမဟုတ်ပါကြောင်း ၊လွဲပြောင်းပေးနိုင်သည့်ဘဏ်လည်း မရှိသေးပါကြောင်းပြန်ကြားလိုက်ပါသည်။
ထိုအခါသူမကတစ်ဆင့်တက်၍ Westerm Union Bank ရှိသလားဟုဆိုပါသည်။ ထိုအချိန် ၂၀၁၃ ခန့်က Westerm Union Bank က Bank အချို့တွင်စတင်ဝန်ဆောင်မှုပေးနေကြောင်းစုံစမ်းသိရသဖြင့် ကျွန်တော် ကျိုးစားကြည့်မည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်ပါသည်။ဆိုရလျှင် ထိုအချိန်က ဒေါ်လာတစ်ထောင်သည် ကျွန်တော်ပေးပို့နိုင်သော ပမာဏဖြစ်ပါသည်။သို့သော် သေသေချာချာစဉ်းစားကြည့်သောအခါ သူမပေးပါမည်ဟု ဆိုသော USD 0.5 million ဆိုသည်မှာ လုံးဝပင်မဖြစ်နိုင်ပါ။ ကျွန်တော့လောဘကိုဆွ ပေးခြင်းသာဖြစ်လိမ့်မည် ဟူသောအတွေးများဝင်လာပါသည်။ထိုကြောင့် ဤကဲ့သိုသော လိမ်ညာနည်းများရှိနေမလားဟူသောအတွေးဖြင့် Internet Browser များတွင်မွှေနှောက်လိုက်သောအခါ Senegal နိုင်ငံ၏ web Site များတွင်ပင် အလား တူပုံစံများဖြင့်လိမ်ညာကြသောအမှုတွဲများကို ရှာဖွေတွေ့ရှိမိလိုက်ပါသည်။ အကြောင်းအရာတူ၊ အမေရိကန် ဒေါ်လာ 4.7 သန်းတူ။ ၂၅% ပေးမည်တူ။စသည့်အလိမ်အညာအမှုတွဲများကို ရှာဖွေတွေ့ရှိရပါတော့သည်။ ထိုသို့ရှာဖွေတွေ့ရှိလိုက်သည်နှင့် ကျွန်တော်သည် အဆိုပါ Web Site Link ကလေးအားကူးယူ၍ Gtalk တွင်Link ချပေးလိုက်ရာ ဘာစကားမျှပြောကြားလာခြင်းမရှိတော့ပဲ ပျောက်ခြင်းမလှပျောက်ကွယ်သွားပါလေတော့သည်။
၂၀၁၃ ခုနှစ်ကဆိုတော့အခုဆိုလျှင် ၅ နှစ်ကြာညောင်းခဲ့ပါပြီ။
senegal fall
လွန်ခဲ့သော တစ်ပတ်ခန့်က ကျွန်တော့ထံသို့ Dam sene ဆိုသော အမည်ဖြင့် အမျိုးသမီး တစ်ဦး မိတ်ဆက်လာပါသည်။ ကျွန်တော်လည်းအမှတ်မရှိ Friend လက်ခံပြီးMessengerကစကားပြောပါသည်။ သူမက အသက် ၅၁ နှစ်ရှိပါပြီတဲ့။ Indonesia နိုင်ငံ Areh မြို့တွင်နေထိုင်ပါကြောင်း၊ သူ့ယောက်ကျားကလည်း ကွယ် လွန်သွား ပါပြီတဲ့၊ကျွန်တော့ Profile ပုံကိုကြည့်၍ လင်မယား စုံတွဲတင်ထားတာကိုအားကျမိကြောင်း သူမမှာတော့ တစ် ယောက်တည်းဘဝကိုဖြတ်သန်းနေရပါကြောင်း၊သူမ ယောက်ျားဆုံးသွားကတဲက UK သို့ပြောင်းရွေ့နေထိုင်ပါ ကြောင်း သနားသဖွယ်ပြောလာပြန်ပါသည်။ထိုအပြင် အခုအချိန်၌ သူမမှာ ဆီးချိုရောဂါရှိနေပြီး ပန်ကရိယ ကင်ဆာဖြစ်နေသဖြင့် ဆရာဝန်ကပင် သူမသိပ်မနေရတော့ကြောင်းပြောထားသည်ဟုဆိုသဖြင့် အသည်းနုသော ကျွန်တော်သည် လွန်စွာသနားမိပြန်တော့သည်။ “I pray for you to heath” တွေဘာတွေ မတတ်တတတ်နှင့် ဆုတောင်းပေးလိုက်သေးသည်။ဤအထိ OK ပါ။
senegal lady
နောက်တော့သူမက သူမသေခင် ပရဟိတအလုပ်ကိုလုပ်သွားလိုပါကြောင်း၊ သူ့မှာ ဘဏ်တွင်အပ် ထား သည့် အမေရိကန်ဒေါ်လာ 4.7 သန်းဘဏ်တွင်ရှိပါကြောင်း၊ USD 2 million ကိုထုတ်ယူ၍ ပေးပို့လိုပါ ကြောင်း ။ကျွန်တော်ကလည်းထုံးစံအတိုင်း ကိုယ်နိုင်ငံအခြေအနေကိုဂုဏ်ယူစွာရှင်းပြပြီး ပေးပို့၍မဖြစ်နိုင်ပါ ကြောင်း ရှင်းပြ လိုက်ပါသည်။ သူမက သူမတာဝန်ထားပါဆိုပြီး အောက်က
Your Full Name?
Your Address to receive.?
Your Private Telephone Number?
Your gmail Account?
Nearest Air Port?
တွေကို တောင်းဆိုလာပါသည်။ နောက်ဆက်တွဲစာဖြင့် ငွေကို ဘဏ်မှမလွဲပဲ လေယာဉ်ဖြင့် ပေးပို့ မည်ဖြစ်ကြောင်း၊ပိုက်ဆံကို သေတ္တာဖြင့်ထည့်၍ပေးပို့မှာဖြစ်ကြောင်း ပြောကြားလာပါသည်။ ကျွန်တော်လည်းသူမ တောင်းဆိုသမျှပေးလိုက်ပါသည်။ ပထမတစ်ယောက်တုန်းကနှင့် ငွေကြေးကိစ္စများထပ်တူကျနေသော်လည်း သူမထံမှတော့ဘာတစ်ခုမျှတောင်းဆိုလာခြင့်းမရှိသေးပါ။ စိတ်ဝင်စားလာသဖြင့် သူမ၏ Profile ကိုပြန်ကြည့်၍ လိုက်လံစပ်စုသောအခါ Friend နှစ်ယောက်သာရှာတွေ့သည်။ ပြီးတော့ ထိုနှစ်ယောက်ကလည်းမြန်မာတွေ၊ ပြီးတော့ မိမိ Friend တွေဖြစ်နေသည်။တခြားဘာပုံမှမတွေ့ရ၊ ဘာပို့မှလည်းတင်မထားပါ။ About ကို နှိပ်ကြည့်လိုက်တော့ ဖုန်းနံပတ်လာပေါ်နေသည် ။+221768592254 ကိုတွေ့သည်။ Internet Browser မှာ country Code တွေရှာကြည့်တော့ +221 ဆိုသည်မှာ Senegal တဲ့။ Indonesia လည်းမဟုတ် UK လည်းမဟုတ် ။ Senegal တဲ့။ လာလည်းလာတဲ့ Senegal ။
Messenger တွင် ဖုန်းနံပတ်ကလေး +221768592254 ကိုချ၍ ဒါက မင်းရဲ့ဖုန်းနံပတ်လားဟင်ဟုမေး လိုက်မိပါသည်။မေးပြီး ၃ နာရီခန့်အကြာတွင် သူမနှင့်ကျွန်တော် Chat ထားသမျှ သူမဘက်ကစာတွေအား လုံးပြန် ဖျက်သွားပါသည်။ အကောင့်ကိုပါ deactive လုပ်သွားသည်လား၊မိမိကိုသာ block သွားလေသလာတော့မသိ ပြန်ရှာ၍မတွေ့တော့အောင်ပျောက်ခြင်းမလှပျောက်ကွယ်သွားပါတော့သည်။
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google