လေ့လာစရာ Electronic ပညာ အပိုင်း(၂)
အပိုင်း(၁)တုန်းကတော့ အက်တမ်အကြောင်းလေ့လာပြီးသိသွားရပါပြီ။ အပိုင်း(၂) မှာတော့ အီလက် ထရွန်နစ် ဆာ့ကစ်(Integrated circuit (IC)များမှ အသုံးများသောပစ္စည်းများ ကိုတစ်ခုခြင်း လေ့လာ သွားပါမည်။အပိုင်း(၁)ကိုလေ့လာရေးသားရာတွင် ကျွန်တော်သည်ပညာရှင်မဟုတ်ဘဲ လေ့လာရင်းရေး သားရသဖြင့် ရေးသားပြီးသောစာများတွင် မပြည့်စုံခြင်း၊ အယူအဆလွဲမှားခြင်း စသည့်အားနည်းချက် များကိုတွေ့ရှိရသဖြင့် အပိုင်း(၂)ကို ရေးသားပြီးသော်လည်း Steemit တွင် ပို့စ်တင်နိုင်ခြင်းမရှိခဲ့ပဲ။ Electronic ပစ္စည်းများ ဝယ်ယူ၍ ကိုယ်တိုင်စမ်းသပ်ခြင်း၊ Circuit ငယ်များတည်ဆောက်ခြင်းစသည့် လက်တွေ့စမ်းသပ် လေ့လာမှုများပြုလုပ်နေခဲ့ပါသည်။ယခုအခါ အတန်ငယ်ပြည့်ပြည့်စုံစုံနီးပါးရေးသား လာနိုင်ပြီဖြစ်သဖြင့် အပိုင်း(၂) ကိုဆက်လက် တင်ပြလိုက်ပါသည်။
၁။ resistor ရီစစ်စတာ
၂။ capacitor ကာပယ်စီတာ
၃။ transistor ထရန်စစ်စတာ
၎။ diode ဒိုင်အုတ်
၅။ transformer ထရန်စဖေါ်မာ
၆။ IC ( integrated circuit)
တို့သည် အသုံးများသော အီလက်ထရွန်းနစ်ပစ္စည်းများဖြစ်ကြသည်။ အခြားအသုံးပြုသော IC ပစ္စည်း များစွာ ရှိနေပါသေးသည်။ အများဆုံးအသုံးပြုလေ့ရှိသော အောက်ပါပစ္စည်းများအကြောင်းကိုသာ ဦးစွာလေ့လာသွားပါမည်။
၁။ Resistor (ခုခံမှု) (Ω)
Resistance သို့မဟုတ် ခုခံမှု့
Electronic Circuit တွေမှာ resistor ကို အသုံးပြုကြတာတွေ များစွာတွေ့နိုင်ပါတယ်။Circuil တစ်ခု ကိုလေ့လာသောအခါတွင် ပထမအချက် အနေနဲ့ Component တစ်ခုခြင်းစီရဲ့ အလုပ်လုပ်ဆောင်ပုံကို သိရှိထားရပါမည်။ ဒုတိယအချက်အနေနဲ့ Component တစ်မျိုးတည်းကို Network အနေနဲ့ဆိုရင် ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို သိရှိနိုင်ရန်လိုအပ်ပါသည်။ resistor များကို မြန်မာလိုလျှပ်ခံဟု လည်းခေါ်ကြသည်။ သို့သော် resistor ရီစစ်စတာ ဟုသာခေါ်ဝေါ သုံးစွဲသင့်သည်။ resistor များသည် လိုအပ်သောဗို့များ ပေးနိုင်ရန် ဗို့အားကို အတိုးအလျော့ လုပ်ပေးနိုင်သည်။ ၎င်းတို့သည် DC ဗို့ AC ဗို့ နှင့် အသံတို့ကိုဖြတ်သန်းစီးဆင်းခွင့်ပြုသည်။ resistor များတွင် fix resistor နှင့် variable resistor ဟူ၍ နှစ်မျိုးရှိသည်။ fix resistor များသည် တသမတ်ထဲ တန်ဖိုးသေဖြစ်ပြီး variable resistor များသည် တန်ဖိုးအနည်းအများကို ပြောင်းလဲချိန်ညှိနိုင်သည်။
Resistance ကိုလေ့လာသူသည် Ohm's Law ကိုသေသေချာချာသိထားရပါမည်။
Ohm's Law ကိုတော့ ၁၀ တန်းလောက်နေဖူးကြလျှင်လူတိုင်းသိကြမည်ထင်ပါသည်။ လျှပ်စီးကား ရန့်(Current)နှင့် ခုခံမှု (Resistance) တို့၏ အမြှောက်ရလဒ်သည် ဗို့လ်အား(Volt) ဖြစ်ပါသည်။
V = IR (V=volt,I= Current, R= Resistance) ဖြစ်ပါသည်။
လျှပ်စစ်ပါတ်လမ်း ဟူသမျှတို့တွင် လျှပ်စစ်စီးဆင်းခြင်းကို ဟန့်တားခုခံမှု့ ပြုသော ဂုဏ်သတ္တိတစ်ရပ်ပြု လုပ်ပေးသောအရာကို Resistance ဟုခေါ်ပေသည် ။
သင်္ကေတအနေဖြင့် ( R ) ဖြင့်သတ်မှတ်သည် ။
တိုင်းတာသော ယူနစ်မှာ ( Ohm ) ဖြစ်သည်။
တိုင်းတာသော မီတာမှာ Ohm Meter ဖြစ်သည်။
ပမာဏများပါက ( Kilo Ohm )( Mega Ohm ) ဖြင့်ဖော်ပြပါသည်။
1000 Ohm = 1 K Ohm
100 000 0 Ohm = 1 M Ohm
ပါတ်လမ်းတစ်ခုတွင် အလိုရှိသောလျှပ်စီးကြောင်း Current ကို ရရှိနိုင်ရန် Resistor ကိုအသုံးပြု၍ ထိန်းချုပ်ရပါသည်။ ခုခံမှု့ကြောင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်ပါ၏။
၁။ Voltage အားတခုတွင်ခုခံမှု့ဖြင့် လျှပ်စီးကြောင်း Current ကိုထိန်းချုပ်နိုင်ခြင်း Ampere တွေ အလွန်များသွား၍ အပူလွန်ပြီး ပစ္စည်းများ ပျက်စီးမသွားစေရန် ကိုဆိုလိုသည်။
၂။ ခုခံမှု့ကြောင့် ဗို့အားကျဆင်းခြင်း။ ဗို့အားဆုံးရှံးခြင်းများ ဖြစ်ပေါ်စေသည် ။လျှပ်စစ်ကိုသယ်ယူ ပို့ဆောင်ရာတွင် ဝါယာကြိုးများဆပ်ဆင်ရာတွင် မလိုအပ်ပဲ ရှည်ခြင်းကြောင့် Ohm များလာပြီး ဗို့အား ဆုံးရှုံးခြင်းကိုဆိုလိုပါသည်။ ။
ဥပမာ။ သာမာန်အိမ်သုံးအတွတ် ကြိုးကို အဆမတန်ရှည်လျားစွာ ထားပါက ငွေပိုမိုကုန်ကျမည် လျှပ်စစ်ဓာတ်လဲ ပိုမိုဆုံးရှုံးမှာဖြစ်ပါသည် ။
၃။ ခုခံမှု့ကြောင့် လျှပ်စီးပါတ်လမ်းမှ လျှပ်စစ်ပစ္စည်းများ အပူဓါတ်ဖြစ်ပေါ်စေသည်။ မီးပူ၊ မီးဖို ၊အပူ ပေးကွိုင်များသည် လျှပ်စစ်ကို ခုခံပါသည်။ယင်းအတွတ်ကြောင့် အပူဓါတ်ကို ဖြစ်ပေါ်လာစေပါသည်။
၁၈၂၈ ခုနှစ်တွင် ဂျော့ခ်ျဆိုင်မွန်အုမ်း ( George Simon Ohm ) ဆိုသည့် ပုဂ္ဂိုလ်မှနေ၍လက်တွေ့စမ်း သပ်မှုများစွာပြုလုပ်ပြီး ဖော်ထုတ်ထားသည့်အတွတ် သူ့အား ဂုဏ်ပြုခြင်းဖြင့် Ohm ဟု သတ်မှတ်ထား ခြင်းဖြစ်ပါသည်။
Electronic ပညာရပ်တွင် Resistor ကလေးများသည် Circuit များတွင်မည်သို့ အလုပ်တာဝန် ခွဲဝေယူဆောင်ကြသည်ကို လေ့လာကြပါမည်။ Power Source တစ်ခုမှ +9V ဆိုသောပမာဏရှိသော အားကို LED ဆီသို့တိုက်ရိုက်စီးဆင်းစေမည်(ကြားထဲမှာ Diode တို့ Resistorတို့ ခံမထားဘူးဆိုလျှင်) တော့ 9V တိုက်ရိုက်ကျရောက်တဲ့ဒါဏ်ကြောင့် LED မီးလုံးကျွမ်းသွားနိုင်ပါသည်။ထို့ကြောင့် Resistor များကို ကြားထဲမှာ ထည့်သွင်းအသုံးပြုကြရခြင်းဖြစ်ပါသည်။သို့ဖြစ်၍ Power Source တစ်ခုမှ+9V အစား လိုအပ်သော +3V,+2V စသည်ဖြင့် ကိုတိုက်ရိုက်သုံးစွဲ နိုင်သော်လည်း လျှပ်စီးပတ်လမ်းတစ်ခု အတွင်း Branch တွေအများကြီးရှိရာ နေရာအသီးသီးတွင် အလိုရှိသော Voltage များရရှိရန် resistor ကလေးများစွာအသုံးပြု၍ နည်းပါးသော Voltage ကလေး များရရှိရန် Voltage တန်ဘိုးများလျော့ချ အသုံးပြုလိုသောအခါ Regulator IC တွေအသုံးပြုကြရသလို Resistor တွေအသုံးပြုရတာလည်းရှိပြန်ပါ သည်။
Resistor များအား Network အနေဖြင့်အသုံးပြုခြင်း
Singal တစ်ခုကို Component တစ်ခုထဲထည့်လိုက်လျှင် အဆိုပါ Component ရဲ့ အဝင်နဲ့အထွက်တွေရဲ့ Amplitude(လှိုင်းလွှဲခွင်) တန်ဘိုးတွေကို နှိုင်းယှဉ်ကြည့်ရသည်။အဝင်တန်ဖိုးကများပြီး အထွက်တန်ဘိုး ကနည်းနေရင် (Input ကများပြီး Output ကနည်းရင်) Attenuation (လျော့ချခြင်း) လို့ခေါ်ပါသည်။ ထိုသို့ Attenuator Circuit များကို Antenna များ၏ အဝင်နေရာများတွင် အသုံးပြုလေ့ရှိပါသည်။ Attenuator Circuit တွေကို T ပုံစံနှင့် π(pi)ပုံစံ Resistor တွေနဲ့တည်ဆောက်နိုင်ပါသည်။ Resistor များတွင် AC ရော DC ရောကို Pass ပြုလုပ်နိုင်ပါသည်။ပြီးလျှင် အမျိုးအစားမတူသော Component ပေါင်းစပ်၍ အလုပ်လုပ်ပုံကိုဆက်လက်လေ့လာကြပါမည်။
ယခု Attenuator Circuit မှာ T ပုံစံနှင့် π(pi)ပုံစံ Resistor Network တွေကို အောက်တွင်ဖေါ်ပြထား ပါသည်။အဲဒီမှာ Input နဲ့ Output မှာ Attenuator ဆိုတဲ့အတွက် Input က တန်ဖိုးများများထည့်ရင် Output တန်ဘိုး လျော့နည်းပြီး ထွက် မှာ လျော့ကျသွားတဲ့ တန်ဘိုးကို dB နဲ့ဖော်ပြပါတယ်။ ဘယ်လောက် dB တန်ဘိုးအထိလျော့ကျသွားပါတယ်။
Resistor များတွင် အရေးပါသော Power Rating အကြောင်း
Resistor တွေမှာ size အရွယ်အစားသတ်မှတ်ချက်များရှိပါသည်။ တန်ဖိုးတူညီသော်လည်း အရွယ်အစား မတူညီတာမျိုးတွေရှိပါသည်။ အဆိုပါအရွယ်အစားကို Power Rating တန်ဖိုးဖြစ်တဲ့ Watt(W) နဲ့သတ် မှတ်ပါသည်။Watt တန်ဖိုးများလေလေ အရွယ်အစားကြီးလေလေ ဖြစ်သည်။ ဥပမာ 1/4W အရွယ် အစားထက် 1/2W က အရွယ်အစားပိုကြီးသည်။ထို့အတူ 1/2W ထက် 2W ကအရွယ်အစား ပိုကြီး သည်။ထို့ကြောင့်ပင် ဈေးကွက်တွင် Resistor များ ဝယ်ယူသည်အခါ Ohm တန်ဖိုးသာမက Watt တန်ဖိုးပါပြော၍ဝယ်ယူရသည်။ဥပမာ 1kΩ(1/2W) ဆိုတာမျိုးဖြစ်သည်။ Resistor များကို ထိုသို့ အရွယ် အစား အကြီးအသေးထားရှိရခြင်းမှာ Resistor ထဲသို့ Current များများဖြတ်စီးသည့်အခါ အပူချိန်တက် လာတတ်သဖြင့် အပူချိန်ကိုခံနိုင်ရည်ရှိစေရန် Watt တန်ဖိုးများသော Resistor များကို ထုတ်လုပ်ထား ရခြင်းဖြစ်ပါသည်။
Light Dependent Resistor(LDR)
Resistor များအကြောင်းကိုလေ့လာသည့်အခါ Light Dependent Resistor(LDR) အကြောင်းကို ချန်လှပ်သွား၍မရကြောင်းတွေ့ရှိရပါသည်။ LDR ဆိုသည်မှာ အလင်းကိုမှီခိုသော Resistor ဟုဆို လိုပါ သည်။ LDR များကိုသည်းခြားထုတ်လုပ်ထားခြင်းဖြစ်ပြီး အလင်းအမှောင်အလိုက် ခုခံမှုတန်ဖိုးပြောင်းလဲ တတ်သောသဘောရှိပါသည်။အထူးသဖြင့် အမှောင်ထဲတွင် Ohm တန်ဖိုးတက်လာလေ့ရှိပြီး အလင်း ရောင်ထဲတွင် Ohm တန်ဖိုးကျဆင်းသွားတတ်သည်။သည်အချက်ကိုအခြေခံ၍ ညဘက်လမ်းမီးတိုင်များ အလိုအလျောက်မီးလင်းလာနိုင်စေရန်စီမံထားရှိနိုင်ခြင်းဖြစ်ပါသည်။
2.Surface Mounted Devices(SMD)
SMD Resistor ဆိုသည်မှာ ရိုးရိုး Resistor များကဲ့သို့ အစွန်းနှစ်ဖက်ပါသော Resistor (သို့မဟုတ်)Plate Through Hole Resistor (PCB အားဖောက်ပြီးတပ်ဆင်ရသော Resistor )များနှင့်မတူပဲ PCB မျက်နှာပြင်တွင် ကပ်ထားနိုင်ပြီး အလွန်သေးငယ်စွာထုတ်လုပ်နိုင်သဖြင့် SMD Resistor များထုတ်လုပ်သုံးစွဲလာကြခြင်းဖြစ်ပါသည်။SMD တွေမှာလည်း အခြားသော Component Size ကို ခေါ်ဆိုသတ်မှတ်တဲ့နေရာမှာ Package နံပါတ်တွေ အမည်ပေးထားကြပါသည်။ အဆိုပါ Package ရဲ့ နံပါတ်တွေမှာ အရွယ်အစား တန်ဘိုးတွေ ရှိကြပါသည်။ အောက်တွင် SMD Resistor များ၏ Package နံပါတ်၊ အရွယ်အစား (မီလီမီတာ)၊ အရွယ်အစား(လက်မ)တွေနဲ့ဖော်ပြပေးထားပါတယ်။ ရှေ့ဆုံးကတော့ Package အခေါ်အဝေါ်ဖြစ်ပါ တယ်။ ဒုတိယက အဆိုပါ Package ရဲ့ အရွယ်အစား မီလီမီတာနှင့် ဖော်ပြပြီးတော့ တတိယကတော့ အဆိုပါ Package ရဲ့ အရွယ်အစားးးကို လက်မနှင့်ဖော်ပြတာပဲဖြစ် ပါတယ်။
2512= 6.3 x 3.1 mm= 0.25 x 0.12 in
2010= 5 x 2.6 mm= 0.2 x 0.1 in
1210= 3.2 x 2.6 mm= 0.12 x 0.06 in
1206= 3 x 1.5 mm= 0.12 x 0.06 in
0805= 2 x 0.08 mm= 0.08 x 0.05 in
0603= 1.5 x 0.08 mm= 0.06 x 0.03 in
0402= 1 x 0.5 mm= 0.04 x 0.02 in
အထက်ပါ Package တွေရဲ့ နံပါတ်တွေကို လေ့လာကြည့်ရင် နံပါတ်ကြီးသွားရင် အရွယ်အစား လည်း ကြီးသွားပါတယ်။Package ရဲ့ နံပါတ်ငယ်သွားရင် အရွယ်အစားအနေနဲ့လည်း ငယ်သွားတာကို အတိုင်းအတာတွေမှာ လေ့လာနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ လေ့လာကြည့်ရင် Package ရဲ့နံပါတ်ဆိုတာ လက်မနှင့် ဖော်ပြပေးထားတာကိုဆိုလိုပါတယ်။ ဥပမာ 2512 ဆိုတာ 0.25 လက်မ အလျား(L)0.12 လက်မ အနံ(W)ကိုဆိုလိုပါတယ်။ 0805 ဆိုတာကတော့ 0.08 လက်မ အလျာနှင့် 0.05 လက်မအနံကို ဆိုလိုခြင်းဖြစ်ပါတယ်။ SMD တွေရဲ့အမြင့်ကိုတော့ဖော်ပြပေးလေ့မရှိပါဘူး။SMD Resistor တွေဟာ Power Rating တန်ဘိုးအနေနဲ့နည်းပါသည်။Package အရွယ်အစားကြီးမားမှသာ Power Rating တန်ဘိုးလည်းပိုများလေဖြစ်ပါတယ်။2512= 0.5 W(1/2W)
2010= 0.25 W(1/4W)
1206= 0.25 W(1/4W)
1206= 0.125 W(1/8W)
0805= 0.1 W(1/10W)
0603= 0.0625 (1/16W)
0402= 0.0625W to 0.03W(1/16W to 1/32W)
SMD Resistor တွေမှာလည်း တန်ဘိုးသတ်မှတ်ဖော်ပြချက်တွေကို ကိုယ်ထည်ပေါ်မှာ ဖော်ပြ ပေးကြပါတယ်။ သာမန် Resistor တွေကိုတော့ Color Code တွေနဲ့ ဖော်ပြသတ်မှတ်ကြပါတယ်။ SMD Resistor တွေရဲ့ကိုယ်ထည်ပေါ်မှာတော့ Color Code တွေနဲ့ ဖော်ပြသတ်မှတ်ကြတာမျိုး မဟုတ်ပဲ Digit Code တွေနဲ့ ဖော်ပြပြီးတော့ Resistor တန်ဘိုးကို သတ်မှတ်ကြပါတယ်။
![image](
Myanmar Steemit မှ မိတ်ဆွေသူငယ်ချင်းများ ကျွန်တော်နှင့်အတူ Electronic ပညာကိုပူးတွဲလေ့လာ လိုသူများ အထူးပြည့်ပြည့်စုံစုံ လေ့လာရေးသွားပါမည်။
မှတ်ချက် ၊ ။ဤပို့စ်ကိုရေးသားရာတွင် Facebook စာမျက်နှာအချို့မှလည်းကောင်း၊ အီလက်ထွန်နစ် စာအုပ်များမှလည်းကောင်း ကိုးကားရှာဖွေရေးသားခဲ့ပါသည်။ နောက်ထပ်အပိုင်းလိုက်တင်ပြစရာ များစွာ ကျန်ရစ်နေဆဲဖြစ်ပါသည်။ စာတွေ့သာမက လက်တွေ့ကိုပါပူးတွဲလေ့လာနေသဖြင့် အပိုင်းတစ်ပိုင်းနှင့် တစ်ပိုင်း အချိန်ကြာမြင့်ရခြင်းဖြစ်ပါသည်။
ရေးသားသူ-မင်းစိုးနိုင်
MSC 010
Photo – Google Credit