ပုခက်လွှဲသောမိခင်၏လက်သည် ကမ္ဘာကိုလွှမ်းမိုးနိုင်သည် ဟုဆိုထားသည်မှာ မိန်းမတစ်ယောက်၏တန်ဖိုး စွမ်း
ဆောင်ရည်များကို ဖော်ညွှန်းထားခြင်းပင်ဖြစ်ပါသည်။
လောကတွင် အကြောင်းအကျိုး အကောင်းအဆိုးဒွန်တွဲလျက်ရှိပေရာ မိန်းမတို့နှင့်ပတ်သတ်ပြီး မိန်းမတို့သည် မရှိမကောင်း
ရှိမကောင်း မပေါင်းလည်းခက် ပေါင်းလည်းခက် ဟုဆိုရိုးစကားရှိထားပါသည်။ မိန်းမဖျက်တော့ ပြည်ပျက်သည်
မိန်းမတို့ဘုန်းဆံထုံး မိန်းမကောင်းပန်းပန် တစ်ပွင့်တန် မိန်းမတို့ ဣနြေ္ဒရွှေပေးလို့မရ စသဖြင့် မိန်းမတို့၏ကောင်းခြင်း
မကောင်းခြင်းများကို ရှေးလူကြီးသူမတို့သည်မိမိတို့၏အတွေ့အကြုံများဖြင့် မှတ်တမ်းတင်ထားကြပေသည်။မိန်းမတို့
အတွက်ထားရစ်ခဲ့သောမှတ်ကျောက်များပင်ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်အမျိုးသမီးများအတွက် မှတ်ကျောက်တင်စရာအကျိုးအပြစ်များ ရှောင်ရန် ဆောင်ရန်များလိုက်နာရန်
ကျင့်သုံးသင့်သည်များကို ဈေးသုံးလည်းမလွယ်နဲ့ရှေးထုံးလည်းမပယ်နဲ့ ဟူသော အဆိုရှိသည့်အတိုင်းမှတ်သားစရာများ
ကို လက်လှမ်းမှီသမျှ ရှာဖွေမွှေနှောက်လို့ရသမျှ ကောက်နှုတ်တင်ပြလိုပါသည်။
ရှေးဦးစွာ မိန်းမတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တို့ကို ဖော်ပြရမည်ဆိုလျှင် မြင့်နိမ့်မည်းဖြူ ကြုံသူမထင် စင်စစ်အပြစ်
ကြာဝယ်ဖြစ်သို့ ဟုဖွဲ့ဆိုထားလေသည်။ မိန်းမတို့၏ ရုပ်ပိုင်းဆိုင်ရာ အပြစ်(၆)ပါးအနေဖြင့်
(၁)အရပ်မြင့်လွန်းခြင်း
(၂)အရပ်နိမ့်လွန်းခြင်း
(၃)အသားမည်းလွန်းခြင်း
(၄)အသားဖြူလွန်းခြင်း
(၅)ပိန်လွန်းခြင်း
(၆)၀လွန်းခြင်း
တို့ဖြစ်သည်ဟုသတ်မှတ်ထားရှိကြလေသည်။
တစ်ဖန်အမျိုးသမီးများရဲ့ ကောင်းခြင်း(၅)ဖြာ ကိုလည်းသတ်မှတ်ပေးထားပြန်ပါသည်။ ထိုကောင်းခြင်း(၅)ဖြာတို့ကတော့
(၁)ဆံပင်၏ကောင်းခြင်း(မည်းနက် ရှည်လျား ဆံလုံးကောင်း အဖျားကော့နေခြင်း
(၂)အသား၏ကောင်းခြင်း (ရွှေအဆင်းကဲ့သို့ဝါ၀င်းညက်ညောခြင်း)
(၃)အရိုး၏ကောင်းခြင်း(ပုလဲစီထားသကဲ့သို လှပညီညာဖြူဖွေးသော သွားရှိခြင်း)
(၄)အရေ၏ကောင်းခြင်း (ရွှေအဆင်းကဲ့သို့ ကြည်လင်ဝင်းပခြင်း)
(၅)အရွယ်၏ကောင်းခြင်း(အရွယ်တင်ခြင်း အသက်ကြီးသော်လည်း ရှိသည့်အသက်ထက်ငယ်သည်ဟုမှတ်ထင်ရခြင်း)
စသည်တို့ဖြစ်ကြပါသည်။
မိန်းမသားတို့သည် ယောကျာ်းတို့အပေါ်တွင် အနိုင်ယူလွှမ်းမိုးနိုင်သော အားများ အဖြစ် အောက်ပါအတိုင်းဖော်ပြထား
ပါသည်။
(၁)အဆင်းအား(ရုပ်ရည်ချောမောပြေပြစ်ခြင်း)
(၂)ဥစ္စာအား(ပစည်းဥစ္စာပြည့်စုံကြွယ်ဝခြင်း)
(၃)ဆွေမျိုးအား(ဆွေကြီးမျိုးကြီးဆွေမျိုးအင်အားတောင့်တင်းခြင်း)
(၄)သားသမီးအား(သားသမီးမွေးဖွားနိုင်ခြင်း)
(၅)အကျင့်သီလအား(အကျင့်သီလကောင်းမွန်ခြင်း)
စသည်တို့ဖြစ်ကြပါသည်။
ရှေးလူကြီးသူမတို့သည် သူတို့ခေတ် သူတို့အခါဖြတ်သန်းရာလူ့သမိုင်းတစ်လျှောက်တွေ့ကြုံမြှော်မြင်နိုင်သမျှကို နှောင်း
လူတို့အတွက်မှတ်တမ်းမှတ်ရာလက်ဆင့်ကမ်းဆုံးမသတိပေးမှုများအဖြစ်ထားရစ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ယနေ့ခေတ်အ
ချိန်အခါတို့နှင့်ဆီလျှော်မှုမရှိသောအချက်အလက်အချို့တော့ရှိကောင်းရှိနိုင်ပါလိမ့်မည်။သို့သော် အများအားဖြင့်တော့
ယနေ့တိုင်လက်ခံကျင့်သုံးရဆဲ နောင်အခါများလည်းလက်ခံကျင့်သုံးရမည့်အချက်တို့ဖြစ်ကြပါသည်။
အချက်အလက် အင်တာနက်စာမျက်နှာများမှ
@mm7
MSC - 068
Credit : google photo