မြဝတီမြို့နယ်၌ လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့်သိမ်းဆည်း ရမိခဲ့သည့် တရားခံ စံလင်း(ခ) ကိုဂျွန် ဆိုသူမှာ အယ်လ်ဂျာဇီးယား သတင်းဌာန၏ သတင်းထောက် ဖြစ် ကြောင်းထွက်ဆိုခဲ့သည်။
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ၁၈၄၅ အချိန် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်၊ ရွာသစ်ကျေးရွာ၊ ကွက်သစ်၊ စံပယ်မိုး သောက်ရေသန့်စက်ရုံရှေ့လမ်းရှိ စံလင်း(ခ) ကိုဂျွန် (စိစစ်ဆဲ)ငှားရမ်းနေထိုင်သော အိမ်(ပိုင်ရှင်စိစစ်ဆဲ)သို့ သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ အိမ်အောက်ထပ်ရှိ ပလပ်စတစ်ပုံးနှင့် လက်ဆွဲခြင်းအတွင်းမှ အရှည် ၆ လက်မခန့်ရှိ (၁၂. ၇ မီလီမီတာ) အမျိုးအစား လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့် တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး စုံစမ်းရာ ၎င်းတို့မှာ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေကြောင်း သတင်းအရ ၂၁၃၀ အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ စံလင်း(ခ) ကိုဂျွန်၏ နေအိမ်(မြစ်ကြီးနား)သို့ ဝင်ရောက်ရှာဖွေရာ စံလင်း (ခ) ကိုဂျွန်၊ (၄၄)နှစ်နှင့် ဇနီး မခါးဘူ(ခ) လဘန်ခါးဘူ၊(၃၄)နှစ်တို့ နှစ်ဦးအား ဖမ်းဆီးရမိပြီး ၂၃၀၅ အချိန်တွင် မြစ်ကြီးနား မြို့မရဲစခန်း သို့ခေါ်ဆောင် စစ်ဆေးခဲ့သည်။ ၄င်းနောက် စံလင်း အား သက်ဆိုင်ရာ အပိုင်နယ်မြေရဲတပ်ဖွဲ့သို့ဆက်လက်လွှဲပေး ကာစစ်ဆေးဖော်ထုတ်ချက်အရ ၄င်းသည် အယ်လ်ဂျာဇီးယား သတင်းဌာနတွင် အလွတ်တန်းသတင်း ထောက်အဖြစ်ရေးသားသူဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့ သည်။ သင်္ဃန်းညီနောင် ရွာသစ်ကျေးရွာ ကွက်သစ်ရှိ နေအိမ်မှာ စံလင်း ဝယ်ယူထားသောအိမ်ဟုသိရသည်။ အခြားသတင်းများအရ စံလင်း(ခ)ကိုဂျွန် သည် ဦးဝင်းထိန် ၏ ချွေးမ နှင့် ခင်မင်ရင်းနှီးသူ ဖြစ်ကြောင်းနှင့် ဦးဝင်းထိန်၏ ချွေးမ နှင်းရတနာဇော် သည်လည်း အယ်လ်ဂျီးဇီးယား ၏ SPY တစ်ဦးဖြစ်သည်ဟုလည်း ထပ်မံသိရှိရပါသည်။
နောက်သတင်းတစ်ပုဒ်က
ဧရာဝတီမြစ်ကြီး တစ်နှစ်ထက် တစ်နှစ်တိမ်ကောလာနေတဲ့သတင်း
ဟိုယခင်က ဧရာဝတီမြစ်ဟာ ဒီလိုရာသီ ဒီလိုအချိန်မှာ ယခုလို ခြေအနေမျိုး
မဟုတ်ခဲ့တာ လူတိုင်းအသိပါ ။
မြစ်အတွင်း အနည်ကျမှု များလာခြင်း
ကြောင့် မြစ်ကြမ်းပြင် မြှင့်တက်လာပြီး
သောင်ထွန်းမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ ။
မြစ်ရေလမ်းကြောင်း ကြပ်တည်းလာ
ခြင်းကြောင့် ကုန်စီတင်သွင်မှု ကျဆင်းလာသလို လူမှု စီးပွားရေးကိုပါ ထိခိုက်လာစေပါတယ် ။
ကသာမြို့ရဲ့ မြစ်ရေလမ်းကြောင်း
ကောင်းမွန်စေဖို့ အခုလို ရေနည်းချိန်မှာ
ပြုပြင်လာခဲ့တာ ၃ နှစ်ရှိပါပြီ ။
ကုန်ကျစားရိတ်အနေနဲ့ ကျပ်သိန်းပေါင်း
ထောင်ချီပြီး အကုန်ကျခံ ပြုပြင်နေရတဲ့ အခြေအနေပါ ။
မြစ်အတွင်းကို အမှိုက်များစွန်ပြစ်တာ မြစ်ဆုံဒေသမှာ အရင်က ရွှေမှုံတွေ အလွန်အကျွန် တိုက်စားခဲ့တာ အဲဒါတွေရဲ့
အကျိုးဆက်လေလား ။
တောင်ယာခုပ်တာ မီးရှို့တာ သစ်တော
တွေ ပြုန်းတီးလာတာ အပှုရှိန် မြှင့်တက်လာတာ ဆက်စပ်တွေးကြည့်မယ်ဆို အများကြီးပါ ။
မြစ်ဆုံဒေသကို ရေကာတာတည်
်ဆောက်ဖို့ ပေါက်ဖော်ကြီးတွေဆီ
ဝ ကွက်အပ်မယ်ဆိုတဲ့ သူတွေတွေ ဧရာဝတီမြစ်ရဲ့ ဆုတ်ယုတ်ခြင်းကို မြင်စေချင်ပါဘိ . . ။
မည်သို့ဆိုစေ ဒီအချိန်ကနေ စတင်ပြီး ဧရာဝတီမြစ်ကြီး အဓွန့်ရှည်စွာ စီးဆင်းနိုင်ဖို့နဲ့ ထိန်းသိန်း ကာကွယ် စောင်ရှောက်ရမယ့် နည်းလမ်းတွေကို အများပြည်သူ သိရှိအောင် ချပြပေးမယ်ဆိုရင် နောက်မကျသေးဘူး လို့ သုံးသပ်မိပါကြောင်း ဧရာဝတီမြစ်အတွင်း ဗန်မော်ကသာပြေးဆွဲနေသောရှပ်ပြေးယာဉ်မောင်းကိုထွန်းထွန်းကပြောပြသည်။
Moehein
Msc 084
Photo my friends