အစဉ်ထာဝရ လေးစားအပ်ပါသော ဆရာ
တို့ မင်္ဂလာပါ ခင်ဗျာ. . .
ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
လက်တွေ့ပယောဂ ကုထုံး
(သင်ရိုးမှတ်တမ်း)
အခန်း(၁)
ပယောဂ ကုသရာတွင် သိထားသင့်သော အချက်များ
၁။ပယောဂစမ်းသပ်ရာတွင် အသင့်အနေအထား
မရှိသေးတွင် လူနာကို အအပ်ခံယူပြီးလျှင်
ဥပမာ၊ ဆွံအနေလျင် "စကားပြောလို့ရပါစေ"
လေဖြတ်သကဲ့သို့ မထနိုင်သူ၊ကြမ်းတမ်းစွာ ရူးသွပ်နေသူများကို `မိမွေးတိုင်း ဖမွေးတိုင်း ရှိပါစေ´ ဟူ၍လည်းကောင်း၊ သတိလစ်တက်ချက်နေပါက ဦးဂေါင်းကို စက်
ထောက်၍ နာမည်ခေါ်ထခိုင်း လည်းကောင်း
အလိုရှိသော အခြေအနေ သို့ [အမိန့်] ဖြင့်ပြုပြင်
ယူရမည်။
၂။အသက်ကြီးရင့်လွန်းခြင်း၊ကျန်းမာရေးပြင်းထန်စွာ ချို့တဲ့နေသော ဝေဒနာရှင်များကို ပြုပြင်ယူ
ရန်မသင့်သဖြင့် သွေးသားရင်ခြာထံမှ သူတစ်ဦး
ကို စက်ပြောင်း၍ စမ်းသပ်ရမည်။
၃။ပယောဂ စမ်းသပ်နည်းများတွင် တစ်မျိုးနှင့် မမိသော်လည်း နောက်တစ်မျိုး နှင့်မိနိုင်သော
ကြောင် အားလုံးသက်ယူတတ်မြောက်ထားရန်
လိုအပ်ပါသည်။
၎။သွေးရိုးသားရိုးကြောင့် ဖြစ်သော ရောဂါနှင့်
ပယောဂကြောင့် ဖြစ်သောရောဂါ များကို ခွဲခြား
စစ်ဆေးထားရန်လိုအပ်ပါသည်။
ဥပမာ ဗိုက်အောင့်ခြင်းသည် ပယောဂကြောင့်ဖြစ်
၍ပျောက်ကင်း သွားသော်လည်း ခြေထောက်
ကိုက်ခြင်းသည် သွေးရိုးသားရိုး ဖြစ်နေသည်
ဆိုလျင်ပျောက်ကင်းမည် မဟုတ်သောကြောင့်
ဖြစ်ပါသည်။
၅။ အစွဲခေါ်ရာတွင် အမျိုးသမီးဖြစ်ပါက ဆံပင်ကို
ဖြေချခိုင်ရာတွင် သရေကွင်း၊ကြိုး၊ကလစ်၊ဘီး များ
ကိုဖြုတ်၍ ဒူပေါ်ပေါင်ပေါ်တွင်တင်ထားပါ။
၆။ပယောဂ စက်(၄)မျိုးအကြောင်း
(က)အတွင်းစက်။ ။အလုံအပင်း အကျိတ် ရောက်ရှိ
အောင်ပြုလုပ်ထားသော ပညာဖြစ်သည်။ လူစိတ်
ပျောက်အောက် ပူးဝင်နိုင်သည်။
(ခ)အပြင်စက်။ ။ စိးပွားရေး ပညာရေး ကျန်းမာရေး၊ပျက်စီးအောင်တိုက်ခိုက်ထားခြင်း
ဖြစ်သည် အချို့ ပူးဝင်နိုင်သည်၊ အချို့က မပူးဝင်နိုင်ပဲ လက်ဖျားလောက်သာ တုန်နေ
တတ်သည်။
(ဂ)အပြင်စက်လက်လွတ်။ ။ပညာသည်ဘက်မှ
ပြုလုပ်တိုက်ခိုက်ပြီးစက်ကြိုးများ ပြန်သိမ်းထားပြီး
ဖြစ်၍ အစွဲခေါ်သော်မလာ အမြက်ပြသော်မရ
ဖြစ်တတ်သည်။
(ဃ)ပညာသည်စက်။ ။ကုသခံနေသော လူနာထံ
၌မိစ္ဆာအတတ်ပညာ ရှိနေသော ရောဂါစက်ဖြစ်ပါသည်။
✏ ဆက်လက်ရေးသားပါရစေ။
(ရွှေရင်ကျော်သုတေသီ)
✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔
@moemoekyaw