ဟင်း..ဟင်း..
ရိုးသားမှုတွေကို အရင်းတည်
ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခဲ့ရာကနေ
အရွယ်ရောက်လာတာနဲ့အပျိုရည် ပျက်သွားတော့ ခင်ဗျားတို့ နားခါးကြသလားဗျ....
အလင်းတွေတောက်ပြရာ နေရာတလျောက် မှာ ကျနော်တို့လဲ
ရောင်တော်ပြန်တွေဆိုပြီး ပေါက်ခဲ့ကြသေးတာပေါ့
ဒါ နေရဲ့ အလင်းလား ၊ လရဲ့ အလင်းလားလို့ ဘယ်သူက တကူတက မေးခဲ့ကြဖူးလို့တုန်း...
ပြေလည်ရာ ပြေလည်ကြောင်း ခွင်တွေရှာပြီး ငါးပွတ်ရာ ငါးစာရောင်းထွက်တုန်းကလည်း
ငါးစာချချင်သူများ အကြားမှာ ကျနော် အတော်လေး စီးပွါးဖြစ် ခွင်တည့်ခဲ့သားဗျ....
ကျနော်ကိုယ်တိုင်လဲလေ ပါးစပ် များများ ဟရဲနိုင်ဖို့အရေး
ကာရာအိုကေဆိုင်တွေ တော်တော်များများထိုင် ၊ အယ်ကိုဟောတွေ များများလောင်းချ၊
ခုခေတ်ကိုက ပေါက်တတ်ကရ ပြောတတ်မှ လူအထင်ကြီးချင်ကြတဲ့ခေတ်မလားဗျ....
Branded ဖြစ်တဲ့ အဝတ်အစာတွေကိုဝတ် ၊မော်တယ်အမြင့်စားဖုန်းကို ကိုင်
ဈေးကြီးပါတယ်ဆိုတဲ့ အိတ်လေးကိုဆွဲ ၊ အတွင်းစိတ်ထဲမှာတော့ ဒီကောင်တွဘယ်လောက်ပုတ်ပွနေသလဲမသိနိုင်ပေမဲ့၊
လူတွေကြားထဲမှာဆို ရှိုင်းတယ်ဆိုလား ဘာဆိုလားပဲ...
ကျနော်ကိုယ်တိုင်လဲ.......
တစ်နေ့ထက်ကို တစ်နေ့.....
တစ်နေ့ထက် တစ်နေ့.....
ဝေးလာသတက် ဝေးလာရင်းနဲ့ပဲ.....
အဇ္ဈတစိတ်သဏ္ဍာန်အမှန်ကို ကျရှုံးမှုတွေ မြန်မြန်လာတယ်.....
mso-5