ငါးမျှားချိတ်မှာ မိနေတဲ့ငါး၊
သူ့ရဲ့ အမှားလို့ဆိုရလေမလား၊
အစာဗန်းပြပြီး မျှားနေတဲ့သူကို အပြစ်ဆိုရလေမလား၊
သေချာတာကတော့ ငတ်လာတဲ့အခါ ပင့်သက်ကို ရှိုက်ထုတ်ပြီး၊
ဒါဟာ သေမင်းရဲ့ လမ်းကြားပါလားလို့ သိရက်နဲ့လည်း၊
သူတို့တွေ ဖမ်းဆွဲကြရတော့တာပဲလေ......