Holograph (Poem )
မှာတမ်း
ဖြတ်သန်းလာတဲ့ ဘဝတစ်လျောက်မှာ ကျင်လည်ရာ ကျက်စားရင်း ဖြူ စင်ပါတယ်ဆိုတဲ့လူတွေ
ရိုးသားပါတယ်ဆိုတဲ့ လူတွေအကြောင်း
ကဗျာတစ်ပုဒ် ရေးထုတ်ထားတယ်
ကိုယ့်ရှေ့မှာ မြင်တွေ့ရတဲ့အခါ သက်ပြင်းကို အခါခါချရင်း
လောကကို ညည်းတွားရင်းနဲ့ ရွတ်ဆိုမိတဲ့ ကဗျာလေး ………
အို…… အသင်လောက
ဝိသမ္မာ လောဘစိတ်များ
ဖုံးလွှမ်းနေတာ မြင်ပါလျှက်
တားဆီးဖော်ထုတ် မလုပ်နိုင်ခဲ့တာ
သင့်ကို ကျွန်ုပ် အားနာပါ၏ ……။
အို ……အမှန်တရား
မောဟတွေ ဖုံးလွှမ်းနေတာ
တွေ့ပါလျှက်
တားဆီးဖော်ထုတ် မလုပ်နိုင်ခဲ့တာ
သင့်ကို ကျွန်ုပ် အားနာပါ၏ ……။
အို ……သစ္စာတရား
အတ္တတွေ ဖုံးလွှမ်းလို့ 
အများညီ 'ဤ'ကို 'ကျွဲ'ဖတ်နေတာ
ကြားပါလျှက်
တားဆီးဖော်ထုတ်မလုပ်နိုင်ခဲ့တာ
သင့်ကို ကျွန်ုပ် အားနာပါ၏ ……။
အို …… မေတ္တာတရား
သင့်အရေကိုခြုံ
ဟန်ဆောင် မျက်နှာဖုံးတွေနဲ
့လှောင်ပြုံးတွေကို တွေ့ပါလျှက်
တားဆီးဖော်ထုတ် မလုပ်နိုင်ခဲ့တာ
သင့်ကို ကျွန်ုပ် အားနာပါ၏ ……။
အို ……ဘုရားသခင်
သင်ဘယ်လိုပင် ဆုံးမသော်လည်း
သိုးရေခြုံသော ဝံပုလွေများကြောင့်
သင့် စေတနာ အလကားဖြစ်သွားခြင်းအား
ကျွန်ုပ် သင့်ကို အားနာပါ၏ ……။
အို …… လူသား
ရုတ်တရက် နှုတ်မဆက် ပဲ
ကျွန်ုပ် ထွက်ခွာသွားခဲ့လျှင်
ကမ္ဘ္ဘာမြေ အကျိုး
မသယ်ပိုးနိုင်ခဲ့တာ
အားနာခဲ့ကြောင်း ပြောပေးပါ ……။
@myintaungnaing
Write By MyintAungNaing
Photo by Google