ဒီနေ့...နာရေးတစ်ခုလိုက်ပို့ဖြစ်ပါတယ်။ နာရေးလိုက်ပို့ရင်း စဉ်းစားမိတာက ကိုယ်လဲတစ်နေ့သေရမှာပဲ။ ဒါပေမယ့် အဲ့သေခြင်းက လက်တကမ်းအလိုမှာရှိပေမယ့် ငါနဲ့မဆိုင်သေးဘူး။ ငါ..မသေနိုင်သေးဘူးပေါ့။
တဆက်တည်းစဉ်းစားမိတာက ဒီလမ်း၊ ဒီခရီးပဲ။ အမေဆုံးတုန်းက ဒီခရီးကပူလောင်ရှည်ကြာလိုက်တာ။ တလမ်းလုံးငိုနေတာ။ စိုးရိမ်ပူပန်မှုတွေနဲ့။ သုဿန်ရောက်ရင် အမေ့ကိုမီးရှို့တော့မှာ။ ငါ..အမေ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူး။ အမေ့မျက်နှာကို ဘယ်တော့မှ မကြည့်ရတော့ဘူး။ အမေလို့
ဘယ်တော့မှ ခေါ်ခွင့်မရှိတော့ဘူး။ အို...အများကြီးပဲအတွေးတွေက။
ခု...တခြားသူရဲ့နာရေးလိုက်ပို့တော့ စိတ်မကောင်း
ဖြစ်မိတာကလွဲလို့ စိတ်ခံစားမှုကသာမန်ပဲ။
ပြောချင်တာက လူတိုင်းမှာအပူကိုယ်စီရှိပေမယ့်လဲ ကိုယ့်အပူမှ အပူဆုံးလို့ထင်တတ်ကြတယ်။ ရန်ဖြစ်
နေတဲ့သူကိုကြည့်ပြီး မေတ္တာလေးနဲ့ သည်းခံခွင့်လွှတ်ဖို့ နှစ်သိမ့်ပေးနိုင်ပေမယ့် ကိုယ့်အလှည့်ကျရင်ရော ကိုယ်ပြောသလို သည်းခံနိုင်ပါ့မလား။
တွေ့ဖူးတယ်။ ဘတ်စ်ကားစီးတာ၊ ခရီးသွားတာမှာ ကိုယ်နေရာရနေရင် နေရာအကျယ်ကြီးယူပြီး ထိုင်
တတ်တာမျိုး၊ ခဏလေးစီးရမယ့်ခရီးမှာတောင် ကားပေါ်မှာ ဟိုနေရာကအောက်ကပူတယ်၊ ကိုယ်ကအရင်ရောက်နေလို့ ကောင်းတဲ့နေရာလေးကနေ ဖယ်မပေးချင်တာမျိုး....။ အများကြီးပဲ။ ကားပေါ်အတူထိုင်ရတဲ့ ခဏလေးကိုတောင် သည်းမခံချင်ကြဘူး။
အဲ့တဒင်္ဂလေးအတွင်းမှာတောင် မနာလိုစိတ်၊
ဒေါသစိတ်တွေဖြစ်နေတာ။ တနေ့လုံး၊ တစ်နှစ်လုံး စုလိုက်ရင် ဘယ်လောက်တောင် များနေမလဲ။ ဖြစ်နေတဲ့ ဒေါသစိတ်နဲ့ ပြုထားတဲ့ကုသိုလ်နဲ့ ချိန်ထိုးကြည့် ရင် ဘယ်လောက်ကွာဟနေမလဲ။ ဘာပဲဖြစ်ဖြစ်
ဒေါသထွက်လာပြီဆိုရင် အမှားအမှန်မခွဲခြားနိုင်
တော့ဘူး။ တခဏအတွင်းဖြစ်ပေါ်လာတဲ့ ဒေါသ
စိတ်ကြောင့် တဘဝလုံး၊ တသံသရာလုံး ဆုံးရှုံးနိုင်
ပါတယ်။
Steemit မိတ်ဆွေများလည်း အခု...ကျွန်တော်ရဲ့ဒီစာကို ဖတ်နေစဉ်အတောအတွင်း မိမိရဲ့
ကုသိုလ်၊ အကုသိုလ်စိတ်ကလေးကို ပြန်လည်
ဆန်းစစ်ကြည့်မိတယ်ဆိုလျှင်ဖြင့် ကျွန်တော် ဒီစာကို ရေးရကျိုး နပ်ပါပြီလို့ ပြောကြားရင်းဖြင့်....။