တစ်နေ့တော့ အကျိုးဆောင်ကုမ္ပဏီ ဝန်ထန်းတစ်ဦးဖြစ်တဲ့ ကျွန်တော့်ဦးလေးသည် မြို့အနောက်ဘက်မှာနေတဲ့ လူကုံထံအသိုင်းအဝိုင်းတစ်ခုက အိမ်ဝယ်မယ်လို့ တိုင်ပင်ဖို့ခေါ်လိုက်တာကြောင့် တက္ကစီတစ်စီး ငှါးစီးပြီးထွက်လာပါတော့သည်။ ထိုမိသားစုဟာ အလွန်ပစိပစိနိုင်လွန်းပြီး စကားပြောဆိုဆွေးနွေး တိုင်ပင်ရာတွင်လည်း အလွန်လက်ပေါက်ကပ်သောကြောင့် အခြားအကျိုးဆောင်တွေတောင်ရှောင်ကြတဲ့သူတွေဖြစ်နေသည်။
တက္ကစီစီးရင် သူသတိထားမိတာကတော့ သူစီးလာတဲ့တစ်လျှောက်လုံး ခုချိန်ထိ တက္ကစီသမားရဲ့ ပြုံးပျော်ရွှင်တဲ့ မျက်နှာနဲ့ ကားကိုအလွန်ဂရုတစိုက်မောင်နေခြင်းပဲ ဖြစ်ပါတယ်။ဒါနဲ့ သူလဲသိချင်တာနဲ့ "ခင်ဗျားဘာလို့ လုပ်ငန်းခွင်မှာတောင်ပျော်ရွှင်နေရတာလဲ" လို့မေးလိုက်လေသည်။
တက္ကစီသမားက"အဓိကက ကိုယ်နဲ့တိုက်ဆိုင်တဲ့ ဝါသနာနဲ့ ကိုက်ညီတဲ့အလုပ်ကိုရွေးချယ်နိုင်ဖို့ပါပဲ၊ လူတိုင်းဟာ ဖြစ်ချင်တာတွေတော့အများကြီးရှိတယ်၊ ဒါပေမဲ့ ဖြစ်သင့်တာကိုပဲလုပ်သင့်တယ်၊ ကျွန်တော်ဆို အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တယ်၊ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့ရဘူး၊ အဲ့လိုအချိန်တွေမှာ ကျွန်တော်ဘာလုပ်ရမလဲလို့ စဉ်းစားတယ်၊အော်. ကျွန်တော်ကားမောင်းကျွမ်းကျင်တယ်၊ အဲ့ဒါကြောင့် ကျွန်တော်တက္ကစီမောင်းတယ်၊ သို့ပေမဲ့ ဒီအချိန်မှာ ကျွန်တော်အင်ဂျင်နီယာ ဖြစ်ခွင့်ရလဲ မဖြစ်ချင်တော့ပါဘူး၊ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်နားလည်နေပြီးလေ။"ပြောပြလေသည်။
အဲ့တာနဲ့ ကျွန်တာ့်ဦးလေးကလည်း "ဒါဆို ခင်ဗျားဖြစ်သင့်တဲ့အလုပ်တွေပဲ လုပ်နေတာကရော လုပ်ငန်းမှာပျော်ရွှင်ရဲလား။"မေးလေသည်။
တက္ကစီသမားကတော့ "တကယ်လို့ လုပ်ငန်းမှာပျော်တယ် ၊မပျော်ဘူးဆိုတာ ကိုယ့်ဝါသနာနဲ့ သိပ်မဆိုင်ဘူး၊ ကျွန်တော်ကတော့ အလုပ်တစ်ခုကို ကိုယ့်ဖောက်သည် စိတ်ကျေနပ်အောင် လုပ်နိုင်ရင်ပျော် ရွှင်မယ်လို့ထင်တာပဲ၊ ကျွန်တော်ဆို တက္ကစီမောင်းတယ်၊ ကိုယ့်စီက စီးတဲ့သူတွေ စိတ်ကျေနပ်အောင် စိတ်တိုင်းကျအောင် သည်းခံပြီးတော့ အတတ်နိုင်ဆုံးမောင်းပေးတယ်၊ အားလုံးကလည်း စိတ်ကျေနပ်ကျတယ်၊ စီးသူတွေ စိတ်ကျေနပ်ရင် ကျွန်တော်ပျော်တယ်၊ ညအိပ်ရာဝင်ပြန်စဉ်းစားရင် ငါ့ကိုစိတ်မကျေနပ်တဲ့လူ မရှိဘူးဆိုပြီး ကိုယ့်ကိုယ်ကို အားရတယ်၊ ကျွန်တော်ဆို ကားမောင်းလာတာခြောက်နှစ်နီးပါး ရှိပြီး၊ တစ်ချို့ကျွန်တော့်ကားစီးရတာကျေနပ်လို့ ဖုန်းနဲ့တောင်လှမ်းမှာ ကြတယ်၊အဲ့လိုတွေဆိုရင် ကျနော်အရမ်းပျော်တယ်၊ သူတို့ကိုစိတ်ကျေနပ်အောင်မောင်ပေးတယ်၊"ပြောပြလေသည်။ဦးလေးလဲ စကားပြောရင်းနဲ့ သွားချက်တဲ့နေရာရောက်တာနဲ့ ငွေရှင်းပြီး ကားပေါ်ကဆင်းလိုက်လေသည်။တက္ကစီသမားကတော့ ပြုံးပြုံးလေးနဲ့ နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။
သူလဲ လူကုံထံသူဌေးမိသားစုနှင့် အိမ်ထဲဝင်ပြီး လာရင်းကိစ္စအကြောင်းဆွေးနွေးလေသည်။ထင်သည့်အတိုင်းပြောရတာ လက်ပေါက်ကပ်လှပေမဲ့ တက္ကစီသမားရဲ့ စကားတွေကိုပြန်ကြားရောင်ပြီး သူလည်းဖောက်သည်တွေကို စိတ်ကျေနပ်အောင် အမျိုးမျိုးရှင်းပြလေသည်။ စိတ်ရှည်စွာရှင်းပြမှုကြောင့် နာရီများစွာကြာချိန်မှတော့ စိတ်ကျေနပ်မှု ရရှိသွားလေသည်။ထို့အသူ သူ့အလုပ်အတွက်တန်းဖိုးကြီးတဲ့ အိမ်တစ်လုံးအရောင်းအဝယ် ဖြစ်သွားလေသည်။
ထို့ကြောင့်သူကားပေါ်မှာ ကားစီးခဲ့တဲ့ တက္ကစီသမားရဲ့ စကားတွေကိုကျေးဇူးတင်မိလေသည်။နောက်ပိုင်း ကားစီးတိုင်း ထိုတက္ကစီသမားကိုတွေ့ လိုတွေ့ငှါး လိုက်ရှာမိလေသည်။သိုပေမဲ့ မြို့ရဲ့ သိန်းကျော်ရှိတဲ့ တက္ကစီတွေထဲမှာ တစ်နေ့တော့ ထိုသူကိုပြန်လည်တွေ့ကောင်းတွေ့ နိုင်မည်ဟုယုံကြည်မိလေသည်။
ထို့ကြောင့် မည်သည့်အရာကို လုပ်လုပ်စိတ်ရှည်စွာနဲ့ တစ်ပါးသူစိတ်ကျေနပ်အောင် ပြုလုပ်ခြင်းဖြင့် ယုံကြည်မှုကိုရရှိလာမှာဖြစ်ပါသည်။
photo credit:google image
MSU-028