မင်္ဂလာပါ steemitမိတ်ဆွေ့တို့
ခုကျွန်တော်ရေးချင်တဲ့အရာလေးတော့ ယုံကြည်မှုဆိုတဲ့အကြောင်းအရာလေးပါပဲ။တကယ်တော့ယုံကြည်မှုဆိုတာ အလိုလိုဖြစ်လာတာမဟုတ်ပါဘူး။ယုံကြည်မှုဆိုတာ သူ့နောက်မှာသံသယကင်းမှု၊မနာလိုမှုတွေကင်းရှင်းနေတဲ့ အရာတစ်ခုလို့ထင်မိတယ်။သူတစ်ပါးအပေါ်ယုံသစ္စာရှိရှိသံသယကင်းကင်းနဲ့လုပ်ဆောင်နိုင်မှ ယုံကြည်မှုဆိုတာရလာမှာဖြစ်ပြီး၊သူတစ်ပါးကိုယုံကြည်အောင်လုပ်ဖို့ဆိုတာကလည်း သိပ်ကိုခက်ခဲလှပါတယ်။သင့်bossကသင့်အပေါ်သံသယရှိနေသ၍၊သင့်သူငယ်ချင်းကသင့်အပေါ်သံသယရှိနေသ၍ ယုံကြည်မှုဆိုတာရရှိလာနိုင်သေးမည်မဟုတ်ပါ။
ထို့နည်းတစ်ပါးသူကကိုယ့်ကိုယုံကြည်လာအောင်လုပ်ယူရသလို ကိုယ်ကိုတိုင်ကလည်းယုံကြည်မှုရှိအောင်အမြဲကြိုးစားနေရပါမယ်။ကိုယ့်မိတ်ဆွေနဲ့သူငယ်ချင်းပေါင်းအသင်တွေက မယုံကြည်တာတောင် မိမိကိုယ်ကိုယ်မိမိတော့ သံသယရှင်းရှင်းနဲ့ယုံကြည်မှုအပြည့်ရှိရပါမယ်။ယုံကြည်မှူဆိုတာအားအင်တစ်ခုပါပဲ။ကိုယ်အ့ပေါ်ယုံကြည်နေတဲ့လူတစ်ယောက်ကိုတော့ ကိုယ့်ရဲ့လောဘစိတ်၊အတ္တစိတ်တွေနဲ့တော့ မဖောက်ပြားမိစေနဲပေါ့။ဘာဖြစ်လို့လဲတော့ သင့်ကိုယ်ယုံကြည်နေတဲ့သူတစ်ယောက်ကို သင်ကယုံကြည်မှုတွေဖောက်ပြားခဲ့မယ်ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်သင်ဒုက္ခနဲ့ကြုံတွေ့လာတဲ့အခါ သင်ကိုကူညီမည့်သူမရှိဘဲဖြစ်နေပါလိမ့်မယ်။
ကျွန်တော်နေထိုင်တဲ့လူလောကမှာအမြဲတန်းအပျက်သဘောဆောင်တဲ့စကားတွေ အမြဲလိုလိုကြားနေရမှာပါ။"ဒါမင်းလုပ်နိုင်မှာမဟုတ်ဘူး၊ဒါကမင်းအဆင့်နဲ့မထိုက်တန်ဘူး၊မင်းလိုကောင်ကလုပ်နိုင်မယ်ပေါ့၊မင်းဒီတစ်သက်လုပ်နိုင်မယ်မထင်ဘူး၊"စတဲ့ ဒီစကားလုံးတွေပေါ့။အဲ့လိုကြားရတဲ့အခါ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့အလုပ်အကိုင်ပေါ်မှာ တစ်ခါတစ်လေယုံကြည်မှုလျော့နည်းလာပြီး လက်လွတ်ဆုံးရှုံးဒါတွေလဲရှိမှာပါ။ဒါဟာကိုယ့်ရဲ့အလုပ်အကိုင်ပေါ်နဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုမခိုင်မာလို့ပါ။တကယ်လို့များတစ်ယောက်ယောက်က သင့်ကို"မင်းတို့လုပ်တဲ့အလုပ်ကလဲကွား၊ အချိန်လဲကုန် လူလဲပင်ပန်း၊ဘယ်တော့မှလဲဖြစ်လာမှာမဟုတ်ဘဲနဲ့ကွာ"လို အဲ့လိုသာပြောလာခဲ့ရင် ကျွန်အနေနဲတော့"ကျွန်တော်တို့လုပ်တဲ့အလု ပ်က ယုံကြည်မှုအပြည့်နဲ့လက်တွဲလုပ်တဲ့အလုပ်ဖြစ်လို့ ဖြစ်နိုင်ပါတယ်"လို့ပြန်ပြောပြီး တကယ်ဖြစ်နိုင်ကြောင်း သက်သေပြလိုက်ယုံပါပဲ။A-8