အိမ်မက်များနှင့်ကခုန်ခြင်း
အဆိပ်တက်နေတဲ့ မျက်နာအချို့ဟာ
တိတ်တဆိတ် ပေါက်ကွဲ နေဆဲ မီးတောင်တခုလို အတ္တတွေကို ဝါးမျိုနေကြ ။
အတိတ်က အရိပ်တွေကိုပြာချ
မိုးထိတိုက်ပေါ်က သူဌေးဆိုသူများဟာ
အများသူငါ အိပ်စက်ချိန်တွေကိုခိုးယူနေကြလေရဲ့။
မှုန်ဝါးဝါး ကြေးမုံပြင်တချပ်နဲ့အတူ
ငါ့ကံကြမ္မာ ပန်းပွင့်လေးတွေကို
တစ်စစီ ဖဲ့ခြွေခံရင်း
ငါ့ မာနကိုငါ ထုဆစ်ပုံဖော်ခဲ့။
မီးခိုးခေါင်းတိုင်ထဲ ခုန်ချနေကြတဲ့လူတွေကတော့
ငါ့ကိုကြည့်ရင်း
ဟားတိုက် ရယ်မောနေကြလေရဲ့။
အိပ်မက်တွေသာ လမ်းလျောက်နိုင်ခဲ့ရင်
ငါတို့အားလုံးအိမ်မက်တေနဲ့အတူ
ကခုန်နေကြမာပဲလေ ။ ။
ဈာန် ( မုံရွာ )
ကလောင်အမည် ဈာန်( မုံရွာ)သည်
ကျနော်၏ ကဗျာရေးသော ကလောင်အမည်ဖြစ်ပါသည်။
Writer >>>@nyinyiwin(Steemit) MSC006
Writing End Time >>> 9:00 PM (23.1.2018)